အားမရှိဘူးလို့ ခံစားနေရတယ်ဆိုရင် ကော်ဖီနဲ့လက်ဖက်ရည်ကို မသောက်ဘဲနေပါ။

စားတာတော့စားတာပဲ၊ တစွတ်စွတ်ကို အဆက်မပြတ်စားတာ။ ဘယ်လောက်စားစား ဝမလာဘူး။ အားလည်းမရှိဘူး။ ဘာကြောင့်လဲဆိုတော့ အားရှိစေမယ့်၊ ကျန်းမာစေမယ့် အစားအစာတွေကို မစားလို့လေ။

 

၁။ ဟင်းရွက်တွေကနေ သံဓာတ်ရယူပါ။ သံဓာတ်ပါဝင်တဲ့ ပဲ၊ ဟင်းနုနွယ် စတာတွေကို စားပေးသင့်ပါတယ်။ ဗီတာမင်စီ ပါဝင်တဲ့ သစ်သီးတွေနဲ့ တွဲစားမယ်ဆို သံဓာတ်ကို ပိုစုပ်ယူနိုင်မှာဖြစ်ပါတယ်။

၂။ မှန်ကန်တဲ့ရောစပ်မှု ရှိပါရဲ့လား။ အစားကနေ ခွန်အားအမြင့်ဆုံး ရရှိဖို့ဆိုရင် ကိုယ်စားမယ့် အစားအစာပန်းကန်ထဲမှာ သစ်သီး/ ဟင်းသီးဟင်းရွက်+ နှံစားပင်+ အသားဓာတ်+ အပင်ကရတဲ့အဆီ+ဟင်းခတ်ရွက်/ဟင်းခတ်အမွှေးအကြိုင်တို့ ပါဝင်ရမှာဖြစ်ပါတယ်။

 

၃။ အားမရှိဘူးလို့ ခံစားနေရတယ်ဆိုရင် ကော်ဖီနဲ့လက်ဖက်ရည်ကို မသောက်ဘဲနေပါ။ ဘာကြောင့်လဲဆိုတော့ ကဖင်းဓာတ်ဟာ အာရုံကြောတွေနိုးကြားအောင်ပဲ လှုံ့ဆော်ပေးနိုင်တာဖြစ်ပြီး ခွန်အားတော့ မရရှိစေပါဘူး။

၄။ ခွန်အားဖြစ်စေမယ့်မနက်စာကိုစားပါ။ မနက်စာမှာ ကာဘိုဟိုက်ဒြိတ်နဲ့ အသားဓာတ်တွေ ပါဝင်နေဖို့လိုပါတယ်။

 

၅။ သဘာဝအတိုင်းရရှိတဲ့ (သို့မဟုတ်) သဘာဝအတိုင်းနီးပါး ထုတ်လုပ်ထားတဲ့ အစားအစာတွေကို များများစားပါ။ သစ်သီးခြောက်တွေထက်စာရင် ရိုးရိုးသစ်သီးကိုပဲ လတ်လတ်ဆတ်ဆတ်စားတာ အကောင်းဆုံးပေါ့။

Share

Loading Next Article...
က္က