ကြေးနီနဲ့ပြုလုပ်ထားတဲ့ အသုံးအဆောင်ပစ္စည်းတွေကို အိမ်မှာ အမြတ်တနိုးသုံးကြသူတွေလည်း ရှိဦးမယ် ထင်ပါတယ်။ အစားအသောက်တိုင်းကို ကြေးနီခွက်၊ ပန်းကန် ထဲမှာ ထည့်ပြီး စားလို့မရပါဘူး။ လူကို မကျန်းမမာဖြစ်သွားစေနိုင်တယ်လို့ The State of Iowa Alcoholic Beverages Division က ထုတ်ပြန်ကြေညာလိုက်ပါတယ်။
ဘာကြောင့် ဒီလိုထုတ်ပြန်ရတာလဲဆိုတော့ Moscow Mule လို့ခေါ်တဲ့ cocktail တစ်မျိုးဟာ တစ်နေ့တစ်ခြား လူကြိုက်များလာတာနဲ့လည်း ဆက်စပ်နေပါတယ်။ Moscow Mule ကော့တေးလ်ကို ဗော့ဒ်ကာအရက်၊ ဂျင်းနဲ့ပြုလုပ်တဲ့ဘီယာ၊ သံပရာရည်တို့နဲ့ အဓိကအသုံးပြုဖျော်စပ်ကာ ကြေးနီခွက်ထဲထည့်ပြီး သောက်ကြပါတယ်။ Moscow Mule သောက်သုံးသူတွေ များပြားလာတဲ့အပေါ် ဘေးထွက်ဆိုးကျိုးကို ယခုလို သတိပေးထုတ်ပြန်လိုက်ရတာ ဖြစ်ပါတယ်။
pH ပမာဏ 6.0 ထက် နည်းပါးတဲ့ အစားအသောက်တွေကို ကြေးနီ၊ ကြေးနီသတ္တုစပ် ခွက်တွေထဲကိုထည့်ပြီး မစားသောက်သင့်ပါဘူး။ ဝိုင်၊ သစ်သီးဖျော်ရည်၊ ဗီနီဂါ (ရှာလကာရည်)တို့လို အရည်တွေနဲ့ Moscow Mule တို့ဟာ PH ပမာဏ 6.0 ထက် နည်းပါးပါတယ်။ pH 6.0 ထက် နည်းပါးခြင်းက အက်ဆစ်ဓာတ်ပိုများတယ်လို့ ဆိုလိုတဲ့သဘောပါပဲ။ အက်ဆစ်ဓာတ်များတဲ့အစားအသောက်တွေကို ကြေးနီခွက်ထဲထည့်ပြီး စားသောက်တဲ့အခါ ကြေးနီတွေက အစားအသောက်ထဲကိုပျော်ဝင်သွားပြီး လူ့ခန္ဓာကိုယ်ထဲ ရောက်သွားပါတယ်။ ကြေးနီတွေခန္ဓာကိုယ်ထဲရောက်မှုကြောင့် မအီမသာ ပျို့ချင်အန်ခြင်ဖြစ်ခြင်း၊ ခေါင်းမူးခေါင်းကိုက်ခြင်း၊ ပါးစပ်၊ နှာခေါင်းနဲ့ မျက်လုံးတို့ ယားယံမှုတွေ ဖြစ်စေနိုင်ပါတယ်။
Source : Webmd