အနောက်တိုင်းဆေးဝါးတွေ မရှိတဲ့နေရာမှာ ဒီ ရှေးဦးသူနာပြုကုသနည်းလေးတွေက အထိရောက်ဆုံးပါပဲ။

ဒီနေ့ခေတ်ကြီးထဲမှာ ကျွန်တော်တို့တွေဟာ ခေတ်သစ်ဆေးပညာနဲ့ ဆေးဝါးတွေအပေါ် အရမ်းမှီခိုနေရပါတယ်။ တစ်ခုခုဆိုရင်လည်း တိုင်းရင်းဆေးမြီးတိုတွေထက် သိပ္ပံနည်းကျ ဓာတ်ခွဲခန်းထဲက ထွက်လာတဲ့ ဆေးဝါးတွေကို ပိုယုံကြပါတယ်။

 

ဒါပေမယ့် အဲဒီဆေးဝါးတွေလက်လှမ်းမမီတဲ့နေရာ ရောက်နေရင် တချို့ထိခိုက်မှုလေးတွေ၊ နာကျင်မှုလေးတွေကို သက်သာပျောက်ကင်းစေဖို့ လွယ်ကူစွာ ပြုလုပ်လို့ရတဲ့ ရှေးဦးသူနာပြု ကုုသနည်းလေးတွေရှိပါတယ်။

၁။ အပူလောင်ရင် ရေနွေးနွေးလေးနဲ့ အရင်ဆေးပေးလိုက်ပါ

Depositphotos_63469237_l-20151.jpg 

အပူလောင်ပါတယ်ဆိုမှ ရေနွေးနွေးလေးနဲ့ ဆေးခိုင်းနေတာက ကြားရတာထူးဆန်းချင်ထူးဆန်းနေပါလိမ့်မယ်။ ဒါပေမယ့် တကယ်တမ်းကျတော့ ဒီနည်းလမ်းလေးက နာကျင်မှုဝေဒနာကို အမြန်သက်သာစေမယ့် အကောင်းဆုံးနည်းလမ်းတစ်ခုပါပဲ။ အပူလောင်တယ်ဆိုတာ တကယ်ခံရခက်ပါတယ်။ ဒါပေမယ့် ကြက်သီးနွေးရုံလောက် ရေနွေးနွေးလေးတွေဟာ နာကျင်မှုဝေဒနာ လျော့ပါးစေဖို့အတွက်တော့ အကောင်းဆုံးနည်းလမ်းဖြစ်ပြီး သွေးကြောတွေကို ကျယ်ပြန့်စေခြင်းဖြင့် အပူလောင်မှုကြောင့် ထိခိုက်သွားတဲ့ တစ်ရှူးတွေကို ပိုမိုမြန်ဆန်စွာ ပြုပြင်ပေးပါတယ်။

၂။ နှာခေါင်းသွေးယိုတာကို ရပ်တန့်အောင်လုပ်မယ်

landscape-1445720299-g-nosebleed-57306989.jpg 

နှာခေါင်းသွေးယိုတာ အချိန်ကြာပြီး ဆိုးရွားလာရင် သွေးတွေအများကြီး ဆုံးရှုံးနိုင်ပါတယ်။ အဲဒီလို နှာခေါင်းသွေးယိုခြင်းဝေဒနာကို ကုသဖို့ကတော့ လူအများစုက သူတို့ရဲ့ခေါင်းတွေကို နောက်ကို လှန်ချတတ်ပါတယ်။ အဲဒီလိုလုပ်မယ့်အစား ရှေ့ကိုကိုင်းညွှတ် ပေးမယ်ဆိုရင်တော့ သွေးတွေဟာ လည်ချောင်းထဲကို မစီးဆင်းတော့ပါဘူး။ ပြီးရင်တော့ တစ်ရှူးတစ်ရွက်ကိုယူပြီး နှာခေါင်းဝကို ညင်သာစွာ ပိတ်ထားပေးလိုက်ပါ။ အဲဒီအတိုင်းပဲ ကိုယ်ကိုရှေ့ကိုကိုင်းညွတ်ပြီး သွေးတိတ်သွားသည်အထိ ဖိအားပေးနေလိုက်ပါ။

၃။ အင်းဆက်တွေရဲ့ဆူးကို ခရက်ဒစ်ကဒ်နဲ့ ဖယ်ရှားမယ်

09-first-aid-kit-credit-card.jpg 

ပျားလိုမျိုး အင်းဆက်တွေ တုပ်တာခံရရင် သူတို့ဟာ သူတို့ရဲ့နှုတ်သီးက ဆူး (သို့) အစွယ်ကို အရေပြားပေါ်မှာ ချန်ထားခဲ့ တတ်ပါတယ်။ အဲဒီစူးလေးတွေက ဆူးစူးသလိုပါပဲ။ နာကျင်ယားယံံပြီး အရေပြားကိုလည်း ရောင်ရမ်းစေပါတယ်။ ဒါတွေကို သက်သာစေဖို့ ဆူးလေးကို ညင်သာစွာဖယ်ရှားပေးဖို့လိုပါတယ်။

အဲဒီနေရာမှာ ဇာဂနာသုံးမယ်ဆိုရင် အင်းဆက်ဆူးကို အရေပြားကို ပိုနစ်ဝင်သွားအောင် လုပ်မိသလိုဖြစ်သွားနိုင်ပါတယ်။ ဒီတော့ အဲဒီအစား ခရက်ဒစ်ကဒ်တစ်ကဒ်ရဲ့အစွန်းနဲ့ အရေပြားဘေးကိုဖိပေးပြီး ဆူးကို ထွက်လာအောင်လုပ်လို့ရပါတယ်။ ဒီနေရာမှာ သတိထားရမှာက ဘယ်နေရာကို ဘယ်လိုဖိအားသုံးပြီး ဖိရမလဲဆိုတာ တွက်ဆဖို့ပါပဲ။ အဖိမတတ်ရင် ဆူးက အရေပြားထဲကို ပိုမိုနက်ရှိုင်းစွာ ဝင်ရောက်သွားနိုင်ပါတယ်။

၄။ လည်ချောင်းနာရင်ဆားရည်ငုံပါ

sore-throat.jpg 

ဒါကတော့ လူသိများပြီးသားအချက်တစ်ချက်ဖြစ်မယ်ထင်ပါတယ်။ လည်ချောင်းနာဝေဒနာကို ခံစားနေရပြီဆိုရင် လူက နေရထိုင်ရတကယ်ခက်ခဲစေပါတယ်။ အဲဒီလိုလည်ချောင်းနာခြင်း ဝေဒနာကို သက်သာစေမယ့် အကောင်းဆုံးနည်းလမ်းကတော့ ဆားရည်ငုံပေးတာပါပဲ။ ဆားကို ရေနွေးလေးနဲ့စိမ်ပြီး ခဏအအေးခံထားတဲ့ ဆားရည်ဟာ လည်ချောင်းနာဝေဒနာအတွက်တော့ အကောင်းဆုံး ဆေးမြီးတိုပါပဲ။

၅။ အင်းဆက်ကိုက်ခြင်းကြောင့် ယားယံနေရင် မုန့်ဖုတ်ဆိုဒါကိုသုံးပါ

bug-bite21.jpg 

ခြင်ကိုက်တာတို့၊ ခြကိုက်တာတို့၊ ပုရွက်ဆိတ်ကိုက်တာတို့ကြောင့် အရေပြားရောင်ရမ်းပြီး ယားယံလာမယ်ဆိုရင်လည်း ခံရအလွန်ခက်ပါတယ်။ အဲဒီနေရာမှာ အယားပျောက်ဆေးခရင်မ်တွေ လိမ်းမယ့်အစား မုန့်ဖုတ်ဆိုဒါနဲ့ ရေကိုရောပြီး ပြုလုပ်ထားတဲ့အနှစ်လေးကို အသုံးပြုနိုင်ပါတယ်။ မုန့်ဖုတ်ဆိုဒါ လက်ဖက်ရည်ဇွန်း (၁) ဇွန်းစာလောက်ကို ပန်းကန်လုံးတစ်လုံးထဲမှာ ထည့်ပြီး ရေနည်းနည်းနဲ့ ရောလိုက်ရင် အနှစ်တစ်မျိုးရမှာပါ။ အဲဒီအနှစ်ကို ယားယံံခြင်းဝေဒနာတွေ ပျောက်ကင်းစေဖို့ အသုံးပြုနိုင်ပါတယ်။

ှSource: Urbansurvival

Share

Loading Next Article...
က္က