AD
AD
AD

အသားအရေမကောင်းလို့ စိတ်ညစ်ရတယ်။ ပြဿနာဖြစ်နေတဲ့ အသားအရေကို အစားစားပြီး ဖြေရှင်းနိုင်မယ်ဆို စိတ်များဆိုးသွားမလားနော်။ မတူညီတဲ့ ပြဿနာတွေအတွက် အစားအမျိုးမျိုးရှိတာမို့ ကိုယ်ဖြစ်နေတဲ့ပြဿနာပေါ်လိုက်ပြီး ဒါလေးတွေ စားနိုင်ပါတယ်။

၁။ ဝက်ခြံ

play
 

ဖရုံစေ့၊ ကုလားပဲ၊ ကမာကောင်၊ ပဲနီလေးတို့ကို စားပေးရပါမယ်။ ဒီအစားအစာတွေမှာ ဇင့် (zinc) ဓာတ် ပါဝင်ကြပါတယ်။ ဝက်ခြံဖြစ်စေမယ့် ဘက်တီးရီးယား မကြီးထွားအောင် ကာကွယ်ပေးပါတယ်။

၂။ အရေးအကြောင်း

play
 

မျက်နှာပေါ်မှာ အရေးအကြောင်းတွေဖြစ်လာပြီဆိုရင် ဆနွင်း (နနွင်း)ကို သတိရလိုက်။ ဆနွင်းရယ် ဂျင်းရယ်က အရေးအကြောင်းတွေကို လျော့စေတယ်။ ဆနွင်းကိုသုံးရတဲ့ ပေါင်းတင်နည်းတွေလည်း သုံးကြည့်နိုင်ပါတယ်။

၃။ အသားအရောင်မွဲခြောက်မှု

play
 

ခန္ဓာကိုယ်တွင်းက pH ပမာဏ ညီမျှသွားအောင် သံပရာရေ (lemon detox water) သောက်ပေးကြည့်ပါ။

၎။ အရောင်ပြောင်းလဲမှု

play
 

နေပူထဲထွက်လို့ အသားအရေ မညီတော့ဘူး။ အညိုကွက်တွေ၊ အမဲစက်တွေ ဖြစ်ကုန်ပြီဆိုရင် ခရမ်းချဉ်သီးနဲ့ ဖရဲသီးကို စားပေးပါ။ နှစ်မျိုးလုံးမှာပါတဲ့ လိုင်ကိုပိန်း (lycopene)က အသားအရေကို နေဒဏ်ကြောင့်ပျက်စီးမှုတွေမဖြစ်အောင် ကာကွယ်ပေးပါတယ်။

၅။ ခြောက်သွေ့မှု

play
 

ထောပတ်သီးကတော့ အသားအရေ စိုပြေစေတဲ့နေရာမှာ ဆရာကြီးပဲ။ ထောပတ်သီးအပြင် သစ်ကြားသီးနဲ့ သံလွင်ဆီတို့ကလည်း Omega-3 ပါဝင်လို့ အသားအရေကို စိုပြေကြည်လင်စေမှာပါ။

၆။ လျော့တွဲခြင်း

play
 

အသားအရေ လျော့တွဲလာပြီ၊ တင်းရင်းမှု နည်းလာပြီဆိုရင်တော့ မှိုကိုစားသုံးပေးသင့်ပါတယ်။ Brizil nut လို့ခေါ်တဲ့ အခွံမာသီးကလည်း မှိုလိုပဲ ဆယ်လီနီယံ (selenium) ပါဝင်လို့ ကော်လာဂျင်ထုတ်လုပ်မှုကို လှုံ့ဆော်ပေးရာရောက်ပါတယ်။

Source : Shape

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD