မျက်မှန်ကို ဆေးကြောဖို့ လိုအပ်လာပြီဆိုရင် ပန်းကန်ဆေးဆပ်ပြာဆီနဲ့ ရေကိုသုံးနိုင်တယ်။

ဖုန်းတွေကြည့်ရ၊ ကွန်ပျူတာကြည့်ရနဲ့ မျက်မှန်တပ်ရသူတွေလည်း များလာပြီ။ အဲ့ဒီလူတွေထဲမှာ ကိုယ်ကလည်း တစ်ယောက် အပါအဝင်ပဲပေါ့။ ကိုယ့်လိုပဲ မျက်မှန်တပ်ရသူလေးတွေအတွက် အဆင်ပြေစေမယ့် အကြံဉာဏ်တွေကိုလည်း ပြန်မျှဝေလိုက်ပါတယ်နော်။

 

၁။ အမှောင်ထဲမှာ အလွယ်တကူရှာတွေ့အောင်လို့ မျက်မှန်ကိုင်းမှာ အဏုမြူစတစ်ကာလေး ကပ်ထားပါလား။ မျက်မှန်ပျောက်လို့ ဟိုစမ်းဒီစမ်း မဖြစ်တော့ဘူးလေ။

၂။ မျက်မှန်ကိုသုတ်မယ်ဆို မိုက်ခရိုဖိုင်ဘာ အဝတ်စလေးနဲ့ပဲ ပွတ်တိုက်ပေးရတယ်။ မျက်မှန်ဆိုင်တွေမှာ ရောင်းပါတယ်။ တွေ့ရာအဝတ်နဲ့သုတ်မယ်ဆိုရင် မှန်ကို အစင်းရာလေးတွေဖြစ်စေပြီး နောက်ပိုင်းမှာ မကြည်တော့ဘဲ ဝါးလာပါလိမ့်မယ်။

၃။ တစ်ခါတစ်လေ မျက်မှန်က လုံးဝရှာမရဘူး။ ဒါမှမဟုတ်လည်း မျက်မှန်ပျောက်သွားတယ်ပေါ့။ အဲ့ဒီအချိန်မှာ တစ်ခုခုကိုကြည့်ဖို့ လိုအပ်နေပြီဆိုရင် စမတ်ဖုန်းကိုသုံးပါ။ ဖုန်းကင်မရာကိုဖွင့်ပြီး Zoom ချဲ့ကာ ကြည့်နိုင်ပါတယ်။

၄။ မျက်မှန်ကို ဆေးကြောဖို့ လိုအပ်လာပြီဆိုရင် ပန်းကန်ဆေးဆပ်ပြာဆီနဲ့ ရေကိုပဲ သုံးသင့်တယ်။ အယ်လ်ကိုဟော၊ ရှာလကာရည်၊ အမိုးနီးယားနဲ့ ချွတ်ဆေးပါတာတွေကို လုံးဝ မသုံးသင့်ပါဘူး။ အဲ့တာတွေက မှန်ရဲ့အပေါ်လွှာ (coating)ကို ယိုယွင်းပျက်စီးစေနိုင်ပါတယ်။

 

၅။ နောက်တစ်ခု ပြောချင်တာကလေ မျက်မှန်ဆိုတာ ဘီးကုပ်မဟုတ်ပါဘူးနော်။ မျက်မှန်ကို ဆံပင်ပေါ် ပင့်တင်ပြီး ဘီးကုပ်လိုလုပ်တာမျိုး မလုပ်ပါနဲ့။ Frame က ချောင်သွားပြီး မျက်နှာမှာပြန်တပ်ရင် အဆင်မပြေဖြစ်ရပါလိမယ့်မယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က