ကျောက်ကပ်ရောဂါဆိုတာ ကြောက်ဖို့ကောင်းတဲ့ အသံတိတ်လူသတ်သမားတစ်မျိုးဖြစ်ပါတယ်။

ကျောက်ကပ်ရောဂါဆိုတာ ကြောက်ဖို့ကောင်းတဲ့ အသံတိတ်လူသတ်သမားတစ်မျိုးဖြစ်ပါတယ်။ ကျောက်ကပ်ရောဂါဖြစ်နေပြီဆိုရင် ရုတ်တရက်မသိနိုင်ဘဲ အခြေအနေပြင်းထန်ဆိုးရွားမှသာ သိနိုင်ကြတာပါ။ ဒီတော့ ကျောက်ကပ်ရောဂါဖြစ်စေနိုင်တဲ့ အကြောင်းရင်းတွေကို သိထားတာဟာ မမှားပါဘူး။

 

အောက်မှာဖော်ပြထားတာကတော့ ကျောက်ကပ်ရောဂါဖြစ်စေနိုင်တဲ့ အကြောင်းရင်းအချို့ပဲဖြစ်ပါတယ်။

၁။ အဝလွန်ခြင်း

160607-obesity-mn-1340_0fdfe78cca1275e4f49917cfbde118a6.nbcnews-fp-1200-800.jpg 

အဝလွန်ခြင်းဟာ ကမ္ဘာတဝှမ်းလုံးမှာဖြစ်ပွားနေတဲ့ အခြေအနေတစ်ခုဖြစ်သလို နှစ်စဉ်ဖြစ်ပွားမှု ပိုမိုများပြားလာတဲ့ ရောဂါတစ်မျိုးလည်းဖြစ်ပါတယ်။ လေ့လာမှုတွေအရတော့ အဝလွန်ရောဂါနဲ့ ကျောက်ကပ်ရောဂါဟာ ဆက်စပ်နေတယ်လို့ သိရပါတယ်။

အဝလွန်တဲ့လူတစ်ယောက်ဟာ ပြင်းထန်တဲ့ ကျောက်ကပ်ရောဂါဖြစ်နိုင်ခြေ (၂) ဆကနေ (၇) ဆလောက် ပိုများနေပါတယ်။ နောက်ပြီး အဝလွန်ခြင်းဟာ ဆီးချို၊ သွေးတိုးနဲ့ နှလုံးရောဂါတွေကိုလည်း ဖြစ်စေတဲ့အတွက် သွယ်ဝိုက်သောနည်းနဲ့ ကျောက်ကပ်ကိုဝန်ပိစေပြီး ဒဏ်ဖြစ်စေပါတယ်။

၂။ အနီရောင်အသားတွေစားခြင်း

red-meat.jpg 

စင်္ကာပူ အမျိုးသားတက္ကသိုလ်ရဲ့လေ့လာမှုတစ်ခုအရ အနီရောင်အသားအစားများတဲ့သူတွေဟာလည်း ကျောက်ကပ်ပျက်ဆီးနိုင်ခြေ (၄၀) ရာခိုင်နှုန်းပိုများနေပါတယ်တဲ့။ ဒါကြောင့် ဘယ်လောက်ပဲ ကြိုက်ကြိုက် အမဲသားလိုမျိုး အနီရောင်အသားတွေကို ပမာဏတစ်ခုသတ်မှတ်ပြီး စားသုံးသင့်တာတော့အမှန်ပါပဲ။

၃။ အိပ်ချိန်မမှန်ခြင်း

sleep-pic.jpg

လူတစ်ယောက်ရဲ့အိပ်ချိန်ဟာလည်း ကျောက်ကပ်အလုပ်လုပ်ဆောင်မှုအပေါ် ကြီးမားစွာအကျိုးသက်ရောက်မှုရှိပါတယ်။ အိပ်ချိန် နည်းတဲ့သူတွေဟာ ကျောက်ကပ်အလုပ်လုပ်ဆောင်မှု နှေးကွေးလာပြီး နောက်ဆုံးမှာ လုံးဝပျက်ဆီးသွားတဲ့ အခြေဆိုက်သွား နိုင်ပါတယ်။ ဘာလို့လဲဆိုတော့ ကျောက်ကပ်နဲ့ ခန္ဓာကိုယ်တွင်း ဇီဝနာရီကလည်း ဆက်စပ်နေလို့ပါပဲ။

၄။ သွေးတိုးရောဂါ

Hypertension.jpg

အိန္ဒိယသုတေသီတွေရဲ့ အဆိုအရတော့ သွေးတိုးရောဂါရှိသူတွေဟာ ကျောက်ကပ်ဒဏ်ဖြစ်ဖို့ (၄၀) ရာခိုင်နှုန်း အခွင့်အလမ်း ပိုများပါတယ်တဲ့။ သွေးတိုးရောဂါဖြစ်ပြီဆိုရင် သွေးဖိအားတွေက ထိုးတက်လာပြီး ခန္ဓာကိုယ်အစိတ်အပိုင်းအသီးသီးကို ထိခိုက်စေနိုင်ပါတယ်။ ဒါဟာ ကျောက်ကပ်ကို ဒဏ်ဖြစ်စေနိုင်ပြီး ဆိုးဝါးလာရင် သေဆုံးသည်အထိ ဖြစ်စေနိုင်ပါတယ်။

၅။ အမြန်ရအစားအစာတွေကိုရှောင်ပါ

do-you-know-how-to-prevent-overeating.jpg 

ဗြိတိန်နိုင်ငံက အန်ဂလီယာ ရက်စ်ကင်တက္ကသိုလ်ရဲ့သုတေသနတစ်ခုကတော့ စည်သွပ်ဘူးတွေ၊ အမြန်ရအစားအစာတွေ (ဘာဂါ၊ ပီဇာ၊ အာလူးကြော်) ကိုပဲ အဓိကအစားအစာတစ်ခုအဖြစ် စားသုံးမယ်ဆိုရင် ကျောက်ကပ်ကိုရေရှည်ဒဏ်ဖြစ်စေပြီး type-2 ဆီးချိုရောဂါလည်း ဖြစ်စေနိုင်ပါတယ်။ အမြန်ရအစားအစာတွေထဲမှာ ပါဝင်တဲ့ အဆီဓာတ်တွေဟာ ကျောက်ကပ်ကို ဒဏ်ဖြစ်စေပါတယ်။

၆။ အချိုဓာတ်လျှော့ပါ

တချို့သရေစာတွေမှာ အချိုဓာတ်လွန်ကဲစွာပါဝင်တဲ့အတွက် ဟော်မုန်းတွေကမောက်ကမဖြစ်စေပြီး သွေးတွင်းအချိုဓာတ်ကိုုလည်း ပြောင်းလဲစေပါတယ်။ ဒါဟာ အဝလွန်ရောဂါနဲ့ ဆီးချိုရောဂါကို ဖြစ်စေပြီး အဲဒီကမှတဆင့် ကျောက်ကပ်ကို ထိခိုုက်စေနိုင်ပါတယ်။ တစ်ခါတလေစားတာ ကိစ္စမရှိပေမယ့် အမြဲလိုလိုစားနေမယ်ဆိုရင် ကျန်းမာရေးအတွက် အဆင်မပြေနိုင်ပါဘူး။

၇။ ဂတ်စ်ပါတဲ့ အဖျော်ယမကာတွေကိုရှောင်ကြဉ်ပါ

soda-tax-1_wide-e1f6a16959c753256aa873d158f5842ecca48547.jpg 

ဆရာဝန်တွေအကြံပြုထားတာကတော့ ကိုလာလိုမျိုး ဂတ်စ်ပါတဲ့အချိုရည်တွေဟာ ကိုယ်တွင်း ဖော့စ်ဖရတ်စ်လယ်ဗယ်ကိုု တက်စေတဲ့အတွက် ကျောက်ကပ်ရောဂါဆီကို ဦးတည်စေနိုင်ပါတယ်လို့ ဆိုပါတယ်။ ဒီတော့ တတ်နိုင်သမျှရှောင်ကြဉ်သင့်ပါတယ်။

Source: food.ndtv

Share

Loading Next Article...
က္က