Health: စိတ်ဖိစီးနေရင် ဝိတ်မပါ

ကံကောင်းရင် ရည်းစားသစ်တောင် ရချင်ချဦးမှာ....

အ‌ကြောင်းအမျိုးမျိုး‌ကြောင့်‌ စိတ်‌ဖိစီးမွန်းကြပ်‌‌နေတာလား? ယူကေက အားကစားနဲ့ဆေးပညာဆိုင်ရာ ဂျာနယ်တစ်စောင်မှာ ရေးသားထားပုံအရ ဝိတ်‌မ‌လေ့ကျင့်‌ခန်း ပုံမှန်‌ပြုလုပ်‌ခြင်းက သင့်‌ရဲ့ စိတ်‌ဖိစီးမွန်းကြပ်‌မှု‌တွေကို ‌သက်‌သာ‌စေပါတယ်‌တဲ့။ အဆိုပါ ရလာဒ်‌ဟာ ‌လူ‌ပေါင်း ၁၀၀၀‌ လောက်‌ရဲ့အ‌ဖြေ‌တွေ‌ပေါ် လေ့လာတွက်ချက်ပြီး သိရှိခဲ့ရတာပါ ။

play

 

အဆိုပါ လူ ၁၀၀၀ ‌လောက်‌ရဲ့ အ‌ဖြေ‌တွေအရ ရက်‌သတ္တပတ်‌ ၁ပတ်‌ကို ၂ ရက်‌ မှ ၅ ရက်‌ကြား သီတင်းပတ် ၁၁ ပတ်‌ ဆက်‌တိုက်‌ ပုံမှန်‌ အလေးမ လ့ကျင့်‌ခန်း ပြုလုပ်‌ပြီး‌နောက်‌မှာ သူတို့ဟာ နဂိုကထက်‌ ကြိုးစားပြင်းပြမှုစိတ်‌‌တွေ ခံစားမိပါတယ်‌တဲ့ ။ ပြီး‌တော့ ၎င်းတို့အ‌နေနဲ့လည်း စိတ်‌ဖိစီးမှု မွန်းကြပ်‌မှု‌တွေ‌ လျော့နည်းလာတာကို ခံစားရတယ်‌လို့လည်း ‌‌ဖြေထားကြပါတယ်‌။ စိတ်‌ဖိစီးမှုမရှိတဲ့သူ‌တွေမှာ‌တောင်‌ ဝိတ်‌မ‌လေ့ကျင့်‌ခန်း ပုံမှန်‌ ဆက်‌တိုက်‌လုပ်‌ပြီး‌တဲ့‌နောက်‌မှာ ၎င်းတို့ဟာ အရင်‌ထက်‌စိတ်‌တက်‌ကြွပြီးကြိုးစားပြင်းပြမှု‌တွေ ခံစားလာရပါတယ်လို့ ဆိုကြပါတယ်။

play

 

ဒါဟာ ဘာ‌ကြောင့်‌လည်းဆို‌တာ သိပ္ပံနည်းကျ‌လေ့လာကြည့်‌‌တော့ ဝိတ်‌မခြင်းနဲ့ အခြား‌သော‌ကိုယ်‌လက်‌လှုပ်‌ရှား ‌လေ့ကျင့်‌ခန်း‌တွေပြုလုပ်‌ခြင်းဖြင့်‌ နှလုံးရဲ့ အလုပ်‌လုပ်‌‌ဆောင်‌မှုဟာ ပိုမို‌ကောင်းမွန်‌လာပြီး ဦး‌နှောက်‌ရဲ့ အာရုံ‌ကြောစနစ်‌ အလုပ်‌လုပ်‌‌ဆောင်‌မှု‌တွေမှာ အ‌ရေးပါတဲ့ ပရိုတင်း(protein)ဓာတ်‌‌တွေကိုလည်း ပိုမို ထုတ်‌လုပ်‌‌ပေးနိုင်‌လာတာကို တွေ့ရပါတယ်။ အဆိုပါ protein ဓာတ်‌‌တွေဟာ သင့်‌ကို စိတ်‌ဖိစီးမှု ‌လျော့နည်း‌အောင်‌လုပ်‌‌ဆောင်‌‌ပေးပါတယ်‌ ။

play

ဒါ‌ကြောင့်‌ စိတ်ဖိစီးနေပြီဆိုရင်တော့ သင့်‌အ‌နေနဲ့ Gym ကိုသွားပြီး ပုံမှန်‌ ဝိတ်‌မတာပဲဖြစ်‌ဖြစ်‌ အခြား‌သော ကိုယ်‌လက်‌လှုပ်‌ရှားအားကစား‌တွေ လုပ်‌‌ဆောင်‌တာပဲဖြစ်‌ဖြစ်‌ လုပ်‌‌ဆောင်‌သင့်‌ပါတယ်‌။ ဒါ့အပြင်‌ သင့်‌အ‌နေနဲ့  အ‌ပေါင်းအသင်းအသစ်‌‌တွေ ရရှိပီး သင့်‌ရဲ့ social-life ကို လည်း အ‌ထောက်‌အပံ့ဖြစ်‌‌စေပါတယ်‌။ ဒီ့ထက်‌ကံ‌ကောင်းရင်‌ သင့်‌ရဲ့ ဖူးစာရှင်‌ကို‌တောင်‌ Gym မှာ အားကစားလုပ်‌ရင်း‌တွေ့ချင်‌‌တွေ့မှာပါ ။

ဒါ‌ကြောင့်‌ စိတ်‌ဖိစီးမှု‌တွေ ‌လျော့ကျ‌စေဖို့‌နေ့စဉ်‌ ဝိတ်‌မကြပါစို့လို့ ။

Source : Men Health

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ