အချိုဓာတ်ကြွယ်ဝပြီး ကာဘိုဟိုက်ဒရိတ်များတဲ့ အချိုရည်တွေကတော့ လူကို ဝိတ်ကျစေမှာမဟုတ်ပါဘူး။

ဆေးသုတေသီတွေရဲ့အဆိုအရဆိုရင် အဝလွန်ရောဂါဟာ ကမ္ဘာကိုချိန်းခြောက်လာနေတဲ့ ရောဂါတစ်မျိုးဖြစ်တယ်လို့ ဆိုပါတယ်။ ကျွန်တော်တို့တွေ နေ့စဉ်စားသောက်နေတဲ့ အစားအစာတွေထဲက ပြည့်ဝဆီတွေ၊ ဓာတုဆေးတွေက ခန္ဓာကိုယ်ကို မူမမှန်သောနည်းနဲ့ အဝလွန်စေပါတယ်။

 

ဒီရောဂါကိုတိုက်ဖျက်ဖို့အတွက် ကိုယ့်ရဲ့ထမင်းပန်းကန်ထဲမှာ ဘာတွေပါမလဲ (ကိုယ်နေ့စဉ် ဘယ်လို အစားအစာတွေကို စားမလဲ) ဆိုတာကိုပဲ ကြည့်နေလို့မရပါဘူး။ ကိုယ်ရဲ့ဖန်ခွက်ထဲမှာ ဘာရှိနေမလဲဆိုတာကိုလည်း ကြည့်ဖို့လိုပါတယ်။ ဂတ်စ်ပါတဲ့အချိုရည်တွေ၊ စွမ်းအားဖြည့်အချိုရည်တွေက အချိုဓာတ်ကြွယ်ဝပြီး ကာဘိုဟိုက်ဒရိတ်များတဲ့အတွက် လူကို ဝိတ်ကျစေမှာမဟုတ်ပါဘူး။ ကျန်းမာရေးအတွက် အသောက်သင့်ဆုံးအရည်တွေကတော့....

၁။ ရေ

08_water_Teeny-Tiny-Changes-That-Have-a-Huge-Impact-on-Your-Health_400659769_fizkes-760x506.jpg 

ရေဟာ ကျွန်တော်တို့ခန္ဓာကိုယ်အတွက် မရှိမဖြစ်လိုအပ်တဲ့ ဘဘာဝကပေးတဲ့ လက်ဆောင်တစ်မျိုးပါ။ နောက်ပြီး ရေသောက်ခြင်းက ဝိတ်ကျစေဖို့အတွက် အကောင်းဆုံးရွေးချယ်မှုတစ်ခုပါပဲ။ ဒါကြောင့် ရေကိုသာ မိမိရဲ့အနှစ်သက်ဆုံး အဖျော်ယမကာတစ်မျိုးအဖြစ် ရွေးချယ်ဖို့ စဉ်းစားလိုက်ပါ။

ခင်ဗျားရဲ့ကိုယ်အလေးချိန် သိသိသာသာကြီးပြောင်းလဲလာတာကို တွေ့ရပါလိမ့်မယ်။ ဒါမှမဟုတ် ရေချည်းပဲ သောက်ရတာ ညည်းငွေ့တယ်ဆိုရင် သံပုရာသီး၊ သခွားသီး၊ ခရမ်းချဉ်သီး၊ ဖရဲသီးတို့ထည့်ပြီး detox water လေးတွေအဖြစ် ဖန်တီးပြီး သောက်လို့လည်းရပါသေးတယ်။

၂။ အသီးအနှံဖျော်ရည်

03-green-juice-Superfoods-That-Can-Make-You-Gain-Weight_426243934-SherSor-760x506.jpg 

အကောင်းဆုံးကတော့ အိမ်မှာလုပ်တဲ့ သစ်သီးဝလံဖျော်ရည်ကို သောက်ပေးတာပါပဲ။ ဒါပေမယ့် ဘူးသွပ်ထားတဲ့ သစ်သီးဖျော်ရည်ကို သောက်ရင်လည်း အာနိသင်သိပ်မကွာပါဘူး။ သစ်သီးဖျော်ရည်တွေမှာ ခန္ဓာကိုယ်အတွက်လိုအပ်တဲ့ အမျှင်ဓာတ်နဲ့ အာဟာရဓာတ်တွေ ပြည့်စုံကြွယ်ဝစွာပါဝင်တဲ့အတွက် ကိုယ်အလေးချိန်ကျဆင်းစေဖို့အတွက်လည်း အထောက်အကူ ဖြစ်စေပါတယ်။ ဆိုဒီယမ်ပါဝင်မှုနည်းတဲ့ သစ်သီးဝလံကို ရှာဖွေနိုင်ရင် ပိုကောင်းပါတယ်။

၃။ လက်ဖက်ရည်ကြမ်း

03-green-tea-Dermatologist-Approved-Homemade-Skin-Care-Treatments_229991395-Nishihama-760x506.jpg 

ရှေးမြန်မာလူကြီးတွေ အသက်ရှည်ရှည်နေနိုင်တာ လက်ဖက်ရည်ကြမ်းကို စွဲစွဲမြဲမြဲသောက်သုံးလို့ လို့လည်းဆိုကြပါတယ်။ ဒါဟာဖြစ်နိုင်ခြေရှိတဲ့အချက်တစ်ချက်ပါ။ အထူးသဖြင့် လက်ဖက်စိမ်း ရေနွေးကြမ်း (green tea) မှာဆိုရင် ဇီဝကမ္မစနစ်ကို ထောက်ကူပေးနိုင်ပြီး ကိုယ်အလေးချိန်ကျဆင်းမှုကို ပိုမိုမြန်ဆန်စေတဲ့ ဓာတ်တွေပါဝင်ပါတယ်။

အပူပဲသောက်သောက်၊ ပျားရည်လေးနဲ့ရောပြီး အအေးပဲ သောက်သောက် သောက်လို့ကောင်းပါတယ်။ ကျွန်တော်တို့ မြန်မာလူမျိုးတွေနှစ်သက်တဲ့ လက်ဖက်ခြောက်အမဲခတ်တဲ့ ရေနွေးကြမ်း (black tea) တို့၊ အူးလောင်လက်ဖက်ရည် (oolong tea) တို့ကလည်း တူညီတဲ့ အာနိသင်ကို ပေးစွမ်းနိုင်ပါတယ်

၄။ ကော်ဖီခါးခါး

01-coffee-Secrets-Your-Waiter-Wont-Tell-You_623624357-NOBUHIRO-ASADA-760x506.jpg 

ကော်ဖီကို သကြားနည်းနည်းပဲထည့်ပြီး နို့၊ နို့မှုန့်တွေမထည့်ဘဲဖျော်ထားတဲ့ ကော်ဖီခါး (black coffee) ဟာလည်း ကိုယ်အလေးချိန်ကျဆင်းမှုကို အထောက်အကူပေးနိုင်တဲ့ အရည်တစ်မျိူးပါ။ ကော်ဖီခါးထဲမှာ ပမာဏများစွာပါဝင်တဲ့ ကဖိန်းဓာတ်ဟာ ဆာလောင်မြွတ်သိပ်မှုကို ဖိနှိပ်ထားတဲ့အတွက် ကိုယ်အလေးချိန်ကျဆင်းစေပါတယ်။

နောက်တစ်ခုက ကော်ဖီဟာ thermogenesis လို့ခေါ်တဲ့ ခန္ဓာကိုယ်အပူဓာတ်ကိုဖြစ်ပေါ်စေပြီး ဇီဝကမ္မစနစ်ကို လှုံ့ဆော်တဲ့လုပ်ဆောင်မှုကိုလည်း လုပ်ဆောင်နိုင်ပါသေးတယ်။ ဒါပေမယ့် အချိန်တိုင်းတော့ မသောက်နဲ့ဦးနော်။ သိပ္ပံပညာရှင်တွေရဲ့အဆိုအရ ကော်ဖီခါးကိုပဲ အမြဲသောက်နေရင် စိတ်မမှန်တဲ့သူဖြစ်နေနိုင်တယ်တဲ့။

Source: Reader's Digest

Share

Loading Next Article...
က္က