သရက်ရွက်တွေမှာကော အလွန်ကောင်းမွန်တဲ့ ကျန်းမာရေးအကျိုးကျေးဇူးတွေရှိတယ်ဆိုတာကို သိပါသလား။

သရက်သီးဟာ နွေရာသီမှာပေါက်လေ့ရှိတဲ့ ရာသီစာအသီးတစ်မျိုးဖြစ်ပါတယ်။ သရက်သီးကိုယ်နှိုက်မှာကိုက ကျန်းမာရေးအတွက် ကောင်းမွန်တဲ့ အာနိသင်တွေအများကြီးပါဝင်ပါတယ်။ သူ့မှာ ဗိုက်တာမင် အေ၊ စီနဲ့ သတ္ထုဓာတ်တွေ ကြွယ်ဝစုံလင်စွာ ပါဝင်ပါတယ်။



 

ဒါပေမယ့် သရက်ရွက်တွေမှာကော အလွန်ကောင်းမွန်တဲ့ ကျန်းမာရေးအကျိုးကျေးဇူးတွေရှိတယ်ဆိုတာကို သိပါသလား။ သရက်ရွက်ရဲ့ ကျန်းမာရေးအကျိုးကျေးဇူးတွေကတော့....

၁။ ဆီးချိုရောဂါကို ထိန်းညှိပေးတယ်

fresh-mango-leaves.jpg 

သရက်ရွက်နုနုလေးတွေမှာ anthocyanidin ဆိုတဲ့ သဘာဝဆိုးဆေးတစ်မျိုးပါဝင်ပြီး အဲဒီဆိုးဆေးက ဆီးချိုရောဂါ အစောပိုင်း အဆင့်တွေကို ကုသရာမှာ အသုံးပြုနိုင်ပါတယ်။ အရွက်တွေကို အခြောက်လှမ်း၊ အမှုန့်ပြုလုပ်ပြီး သုံးရင်လည်း အာနိသင်က တူတူပါပဲ။ နောက်တစ်ခုက ညအိပ်ယာဝင်ခါနီး သရက်ရွက်တွေကို ဖန်ခွက်တစ်ခွက်ထဲမှာ ရေစိမ်ထားလိုက်ပါ။ မနက်ကျမှ စိမ်ရေကိုပဲ သောက်ပေးမယ်ဆိုရင် ဆီးချိုရောဂါရဲ့ရောဂါလက္ခဏာတွေကို သက်သာပျောက်ကင်းစေပါတယ်။

၂။ သွေးဖိအားလျော့နည်းစေတယ်

mango_620x330_71486644571.jpg 

သရက်ရွက်မှာ hypoytensive ဆိုတဲ့ အာနိသင်တစ်မျိုးလည်း ပါဝင်တာကြောင့် သွေးတိုးကိုလည်း ကျစေပါတယ်။ ဒါကြောင့် ကျွန်တော်တို့ ရှေးမြန်မာတွေ ငါးပိချက် ချက်စားရင် သရက်ရွက် နုနုလေးတွေ၊ ရှောက်ရွက်နုနုလေးတွေကို အတို့အမြှုပ်အဖြစ် သုံးပြီး သွေးမတိုးအောင် ပြန်ထိန်းကြတာဖြစ်ပါတယ်။ ဒါ့အပြင် သွေးကြောတွေကို ပိုမိုအားကောင်းစေပြီး သွေးကြောထုံံးရောဂါကိုလည်း ဖြစ်မလာအောင် တားဆီးပေးပါတယ်။

၃။ သောကကြောင့်ဖြစ်တဲ့ စိတ်ပင်ပန်းမှုဝေဒနာကိုလည်း ကူညီတိုက်ဖျက်ပေးတယ်

anxiety.jpg 

စိတ်သောကရောက်ခြင်းဟာ နောက်ဆက်တွဲဆိုးကျိုးတွေအများကြီးရှိတဲ့ ဆိုးရွားတဲ့ စိတ်ဝေဒနာတစ်မျိုးဖြစ်ပါတယ်။ သရက်ရွက်တွေကတော့ စိတ်သောကရောက်ခြင်းကြောင့် ဖြစ်ပေါ်တဲ့ အနားမရသလို ခံစားရခြင်းရောဂါကို ကူညီတိုက်ဖျက်ပေးနိုင်ပါတယ်။ မိမိသုံးမယ့် ချိုးရေထဲမှာ သရက်ရွက်နည်းနည်း ထည့်စိမ်ထားလိုက်ပါ။ ရေချိုးပြီးသွားရင် ခန္ဓာကိုယ်ဟာ လန်းဆန်းပြီး ပေါ့ပါးနေစေမှာပါ။

၄။ သည်းခြေနဲ့ ဆီးကျောက်တွေဖယ်ရှားရာမှာလည်း ကူညီပေးနိုင်တယ်

သရက်ရွက်တွေဟာ ကျောက်ကပ်ပေါ်က ဆီးကျောက်တည်ခြင်းနဲ့ သည်းခြေကျောက်တည်ခြင်းဝေဒနာတွေကိုလည်း ကူညီကုုသပေးနိုင်ပါတယ်။ သရက်ရွက်ကို အခြောက်လှမ်း၊ အမှုန့်ကြိတ်ထားပြီး သန့်စင်အောင်စစ်ထုတ်ထားတဲ့ သရက်ရွက်အမှုန့်ကို ရေနဲ့ရောပြီး နေ့စဉ်စားသုံးပေးမယ်ဆိုရင် ကျောက်ကြေစေနိုင်တဲ့ အစွမ်းသတ္တိရှိပါတယ်။

၅။ အသက်ရှူလမ်းကြောင်းနဲ့ဆိုင်တဲ့ ရောဂါတွေကိုလည်း တိုက်ဖျက်ပေးတယ်

o-ASTHMA-SLEEP-APNEA-facebook.jpg 

အသက်ရှူလမ်းကြောင်းပြဿနာတွေကို ကူရှင်းဖြေရှင်းပေးရာမှာတော့ သရက်ရွက်တွေက အလွန်အသုံးဝင်ပါတယ်။ ဥပမာ... အအေးမိခြင်း၊ ပန်းနာရင်ကြပ်နဲ့ ချောင်းဆိုးရင်ကြပ်ရောဂါသည်တွေအတွက် အထူးကောင်းမွန်ပါတယ်။ သရက်ရွက်ကို ရေမှာပြုတ်ပြီး ပြုတ်ရည်ကို ပျားရည်နည်းနည်းထည့်သောက်ရင် ချောင်းဆိုးရင်ကြပ်ခြင်းကို သက်သာစေပါတယ်။ အသံဝင်ရင်လည်း ဖော်ပြပါဆေးမြီးတိုကိုပဲ အသုံးပြုနိုင်ပါတယ်။

Source: Food.ndtv


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က