ဖြေရှင်‌းနိုင်‌မယ်‌့ နည်‌းလမ်‌း‌လေး‌တွေ ပြောပြထားပါတယ်။

လူတစ်ယောက်‌မှာ စိတ်‌က အ‌ရမ်‌းအ‌ရေးကြီးပါတယ်‌။ ကျွန်‌‌တော်‌တို့ဟာ ‌နေ့စဉ်‌နှင်‌့အမျှ လှုပ်‌ရှားသွားလာ‌နေရတဲ့အတွက်‌ သတင်‌း‌ကောင်‌း‌ ဒါမှမဟုတ်‌ သတင်‌းဆိုးဆိုတာမျိုး‌တွေကိုကြုံ‌တွေ့‌နေရမှာ မလွဲပါဘူး ။ သတင်‌း‌ကောင်‌းကြားရရင်‌‌ပျော်‌သလို သတင်‌းဆိုး‌တွေကလည်‌း သင်‌့ စိတ်‌ကို စိုးရိမ်‌ပူပန်‌မှု‌တွေ ဖြစ်‌‌စေတတ်‌ပါတယ်‌။‌ ဒီအချက်‌‌တွေက‌တော့ သတင်‌းဆိုး‌တွေက‌နေ သင်‌့ရဲ့ စိတ်‌ကိုစိုးရိမ်‌ပူပန်‌မှု‌တွေ ဖြစ်‌‌စေမယ်‌့ အရာ‌တွေအ‌ပေါ်‌‌ ဖြေရှင်‌းနိုင်‌မယ်‌့ နည်‌းလမ်‌း‌လေး‌တွေပါ။

 

၁။ မ‌ကြောက်‌နဲ့

သင်‌့ရဲ့စိတ်‌က သင်‌့ကို ပြန်‌ပြီး‌တော့ ‌ဒုက္ခ‌ပေးတာပါပဲ ။ ဥပမာ ညဘက်‌ ၁‌ယောက်‌တည်‌းရှိ‌နေချိန်‌‌တွေမှာဆိုရင်‌ သင်‌ဟာ အသံ‌တွေကြားရပြီး‌ချောက်‌ခြားသလိုပါပဲ ။ အမှန်‌‌တော့ ဒါဟာ သင်‌့ရဲ့စိတ်‌ကပဲ ဖြစ်‌‌နေတာပါ ။ ဒါ‌ကြောင်‌့ သင်‌ တစ်ခုခု သတင်‌းဆိုး ကြားရပီဆိုရင်‌ ‌ကြောက်‌စိတ်‌မဝင်‌‌အောင်‌‌နေပါ ။

၂ ။ ပူပန်‌စရာ‌တွေကိုစာရင်‌းလုပ်‌ပါ

သင်‌့မှာ ဖြစ်‌‌ပေါ်‌နေတဲ့ စိုးရိမ်‌ပူပန်‌‌နေရတဲ့အရာ‌တွေကို အိပ်‌ယာမဝင်‌ခင်‌အချိန်‌မှာ စာအုပ်ထဲမှာ ဘောပင်‌နဲ့ နံပါတ်‌စဉ်‌တပ်‌ပြီး ‌ရေးချကြည်‌့ပါ ။ ဒါဆိုရင်‌ သင်‌့မှာ ပူပန်‌စရာ ဘယ်‌‌လောက်‌ရှိတယ်‌ဆိုတာကို အလွယ်‌တကူ သိနိုင်‌ပီး ပူပန်‌စရာ ၁ခု ချင်‌းစီ အ‌ပေါ် ‌ဖြေရှင်‌းဖို့နည်‌းလမ်‌း‌တွေကို လွယ်‌ကူစွာ သိလာနိုင်‌ပါတယ်‌ ။

၃။ ခေါက်‌ထားလိုက်‌

ညနက်‌လာ‌လေ‌လေ သင်‌့မှာ စိုးရိမ်‌ပူပန်‌မှုကတိုးလာ‌လေ‌လေ ဖြစ်‌တတ်‌ပါတယ်‌။ ဒါဆို သင်‌့အ‌နေနဲ့ မအိပ်‌ခင်‌ အချိန်‌‌တွေမှာ စိတ်‌ကြည်‌နူးစရာ ဝထ္ထုတစ်ပုဒ်‌‌လောက်‌ ဖတ်‌တာပဲဖြစ်‌ဖြစ်‌ ရုပ်‌ရှင်‌တစ်ကား‌လောက်‌ ကြည်‌့တာပဲဖစ်‌ဖြစ်‌ လုပ်‌ပီး ‌စိုးရိမ်‌ပူပန်‌မှု‌တွေကို ‌ခေါက်‌ထားလိုက်‌ပါ ။

၄။ ရင်‌ဖွင်‌့ တိုင်‌ပင်‌ပါ

သင်‌့ရဲ့ မိဘ ဒါမှမဟုတ်‌ အခင်‌ဆုံး မိတ်‌‌ဆွေတို့ကိုပဲ ဖြစ်‌ဖြစ်‌ ရင်‌ဖွင်‌့‌ပြောပီးတိုင်‌ပင်‌ပါ။ ရင်‌ဖွင်‌့တိုင်‌ပင်‌ခြင်‌းဟာလည်‌း သင်‌ခံစား‌နေရတဲ့

စိုးရိမ်‌ပူပန်‌မှု‌တွေကို ‌လျော့က‌ျ‌စေပါတယ်‌။

 

၅။ စိတ်‌လွတ်‌လက်‌လွတ်‌ ကလိုက်‌ပါ

ကလို့ ကောင်‌းမယ်‌့ သီချင်‌းတစ်ပုဒ်‌‌လောက်‌ဖွင်‌့ပီး စိတ်‌လွတ်‌လက်‌လွတ်‌ ခုန်‌‌ပေါက်‌ ကလိုက်‌ပါ ။ဒီနည်‌းကလည်‌း သင်‌့ရဲ့ စိုးရိမ်‌ပူပန်‌မှု‌တွေက‌ို‌လျော့ကျ‌စေပါတယ်‌ ။ ဒါဆိုရင်.. Shake it off ..... shake it off ပေါ့

၆။ တင်‌းကြပ်‌မထားပဲစီး‌မျောလိုက်‌ပါ

စိုးရိမ်‌ပူပန်‌မှု များ‌လေ‌လေ သင်‌့အ‌နေနဲ့ပိုပိုပီး စိတ်‌ပင်‌ပန်‌းလာ‌လေ‌လေပါပဲ။ ဒါ‌ကြောင်‌့စိတ်‌ကို တင်‌းကြပ်‌မထားပဲ စိုးရိမ်‌ပူပန်‌မှုတွေကိုဘယ်‌လို ‌ဖြေရှင်‌းရမလဲဆိုတာကို ‌ခေါင်‌း‌အေး‌အေးထားပြီး ‌တွေးပါ ။

၇။ လူမှု‌ရေးကူညီမှု‌တွေလုပ်‌ပါ

စိုးရိမ်‌ပူပန်‌မှု‌တွေ ‌လျော့ကျဖို့ ‌ဖြေ‌ဆေးတစ်ခုက‌တော့ လူမှု‌ရေး လုပ်‌ငန်‌း‌တွေကိုကူညီ လုပ်‌‌ဆောင်‌ခြင်‌းပါပဲ။ အကူအညီလိုအပ်‌တဲ့‌နေရာ‌တွေကို ‌ငွေ‌ကြေးလှူတာပဲဖြစ်‌ဖြစ်‌ကိုယ်‌တိုင်‌ပါဝင်‌ပြီး လုပ်‌အား‌ပေးတာပဲဖြစ်‌ဖြစ်‌ လုပ်‌‌ဆောင်‌ခြင်‌းက သင်‌့ရဲ့စိုးရိမ်‌ပူပန်‌မှု‌တွေကို‌လျော့ကျ‌စေပါတယ်‌ ။

anxiety-text.jpg 

၈။ စိုးရိမ်‌ပူပန်‌မှုရဲ့ အ‌ဖြေကို ရှာပါ

စိုးရိမ်‌ပူပန်‌‌နေရမှုရဲ့ အဓိက အ‌ဖြေက ဘာလဲဆိုတာကို ရှာပါ။ ဒါဆိုရင်‌ ‌‌အေး‌ဆေးဖြစ်‌ပီ‌ပေါ့။ အဖြေသိရင် ဖြေရှင်းဖို့နည်းလမ်းကလည်း အလိုလိုရလာလိမ့်မယ်လေ။

၉။ အသက်‌ဝ‌အောင်‌ရှူပါ

အသက်‌ရှူခြင်‌းနဲ့စိတ်‌ရဲ့ကျန်‌းမာ‌ရေးဟာ ဆက်‌စပ်‌‌နေပါတယ်‌။ ဒါ‌ကြောင်‌့ စိုးရိမ်‌ပူပန်‌မှု‌တွေဖြစ်‌လာပီဆိုရင်‌ ‌လေ‌ကောင်‌း‌လေသန်‌့ရတဲ့ ‌နေရာကိုသွားပြီး အသက်‌ဝဝ ရှူလိုက်‌ပါ ။

၁၀။ အ‌တွေးမှား‌တွေကို တိုက်‌ထုတ်‌ပါ

တကယ်‌လို့ သင်‌့မှာ စိုးရိမ်‌ပူပန်‌စရာ‌တွေ‌ပေါ်လာရင်‌ အ‌တွေးမှား‌တွေ ဝင်‌လာပါလိမ်‌့မယ်‌ ။ အ‌တွေးမှား‌တွေက သင်‌့ စိတ်‌ကို ဒုက္ခ‌ပေးတဲ့အတွက်‌လက်‌မခံပဲ တိုက်‌ထုတ်‌ပါ ။

၁၁။ ဓမ္မသီချင်‌း‌တွေ နား‌ထောင်‌ပါ

သာယာနှစ်‌လိုဖွယ်‌ ကောင်‌းတဲ့ ဓမ္မသီချင်‌‌း‌တွေ နား‌ထောင်‌ခြင်‌းဟာလည်‌း သင်‌့ရဲ့ စိုးရိမ်‌ပူပန်‌မှု‌တွေကို ‌လျော့ကျဖို့ကူညီ‌ပေးပါတယ်‌ ။

 

၁၂။ တရားထိုင်‌ပါ

အသက်‌ရှူခြင်‌းနဲ့ စိတ်‌ရဲ့ ကျန်‌းမာ‌ရေးဟာ ဆက်‌စပ်‌‌နေတယ်‌ဆိုတာ ‌ဖော်‌ပြပီးသားပါ။ တိတ်‌ဆိတ်‌ငြိမ်‌သက်‌တဲ့ပတ်‌ဝန်‌းကျင်‌မှာ မျက်‌စိမှိတ်‌ တရားထိုင်‌ခြင်‌းကလည်‌း သင်‌့စိတ်‌ကိုတည်‌ငြိမ်‌‌စေပြီး ‌အေးချမ်‌း‌စေပါတယ်‌ ။

၁၃။ ရေတစ်ခွက်‌‌လောက်‌‌သောက်‌လိုက်‌ပါ

အရိုးရှင်‌းဆုံးနဲအလွယ်‌ကူဆုံးနည်‌းပါ ။‌ ရေဓာတ်‌က သင်‌့ရဲ့ စိတ်‌ထဲက စိုးရိမ်‌ပူပန်‌မှု‌တွေကိုတိုက်‌ထုတ်‌တဲ့‌နေရာမှာ ကူညီ‌ပေးပါတယ်‌ ။

၁၄။ အမြင်‌‌တွေ‌ကို ပြောင်‌းလဲပါ

ချစ်‌ခြင်‌း‌မေတ္တာနဲ့ နားလည်‌လက်‌ခံမှု‌တွေထားပြီး အရာရာကို တတ်‌နိုင်‌သမျှ အ‌ကောင်‌းမြင်‌ခြင်‌းကလည်‌း သင်‌့ကိုစိုးရိမ်‌ပူပန်‌မှု‌တွေက နေ ‌‌ဝေးကွာ‌စေပါတယ်‌ ။

Share

Loading Next Article...
က္က