ဘယ်သွားသွား ဘာလုပ်လုပ် ဓာတ်ပုံလေးတော့ ရိုက်လိုက်ရမှ....

ဓာတ်ပုံရိုက်ပြီး ဖေ့စ်ဘွတ်နဲ့ အင်စတာဂရမ်တို့မှာ တင်လေ့ရှိသူတွေအတွက်တော့ သတင်းကောင်းပါပဲ။ ဘာကြောင့်လဲဆိုတော့ ဓာတ်ပုံရိုက်ပြီး အွန်လိုင်းပေါ်မှာ တင်တတ်တဲ့အကျင့်ဟာ မှတ်ဉာဏ်ကို ပိုကောင်းလာစေတယ်လို့ လေ့လာမှုတစ်ခုက ပြောလိုက်လို့ ဖြစ်ပါတယ်။

 

Psychological Science ဆေးပညာဂျာနယ်မှာ ဖော်ပြထားတဲ့ လေ့လာမှုရလဒ်တစ်ခုအရဆိုရင် ဓာတ်ပုံတွေကိုရိုက်ပြီး လူမှုကွန်ရက် (ဆိုရှယ်မီဒီယာ)မှာ တင်ခြင်းကြောင့် ဓာတ်ပုံရိုက်ခဲ့တဲ့ပွဲ၊ အချိန်ကာလနဲ့ ပတ်သက်တဲ့ မှတ်ဉာဏ်ကို ပိုတိုးတက်ကောင်းမွန်စေတယ်လို့ သိရပါတယ်။ ပြတိုက်တစ်ခုကို လာရောက်လည်ပတ်ကြပြီး ဓာတ်ပုံရိုက်ခဲ့ကြသူတွေဟာ ပြတိုက်မှာပစ္စည်းတစ်ခုခုမေ့ကျန်ခဲ့လို အမှတ်ရနေသူတွေနဲ့နှိုင်းယှဉ်ရင် ပြတိုက်ကိုလည်ပတ်ခဲ့တဲ့အပေါ် ၇% ပိုပြီးမှတ်မိကြတာတွေ့ရပါတယ်။ ရိုက်ထားတဲ့ပုံကို ဆိုရှယ်မီဒီယာပေါ်မှာ တင်ခဲ့ပြီး နောက်တစ်ကြိမ် ပြန်မကြည့်ဖြစ်ဘူးဆိုရင်တောင်မှ အဲ့ဒီအကြောင်းအရာဖြစ်ရပ်ကို ပြန်မြင်ယောင်မှတ်မိနေတတ်ကြပါတယ်။

 

လေ့လာမှုမှာ လူ ၂၉၄ ဦး ပါဝင်ခဲ့ပြီး အုပ်စု ၂ စု ခွဲကာ ပြတိုက်တစ်ခုကို သွားရောက်လည်ပတ်စေခဲ့ပါတယ်။ ပထမအုပ်စုက ပြတိုက်ကိုလည်ပတ်နေစဉ်အတွင်း ဓာတ်ပုံ ၁၀ ပုံ အထက် ရိုက်ဖြစ်ခဲ့ပြီး ကျန်အုပ်စုကတော့ ဓာတ်ပုံမရိုက်ဘဲ မိမိနှစ်သက်သလို လေ့လာလည်ပတ်စေခဲ့တာပါ။ အဲ့ဒီအခါမှာတော့ ဓာတ်ပုံရိုက်ခဲ့သူတွေဟာ ပြတိုက်ကိုလည်ပတ်ခဲ့တဲ့အပေါ် ဓာတ်ပုံမရိုက်သူတွေနဲ့ယှဉ်ရင် ၇% ပိုပြီးမှတ်မိနေကြတာ တွေ့ရပါတယ်။

Source : Daily Mail


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က