ညအိပ်မပျော်တဲ့သူ (insomniac) ဆိုတာ အိပ်မောကျဖို့ အလွန်ခက်ခဲသူတွေကို ခေါ်တာပါ။

ညအိပ်မပျော်တဲ့သူ (insomniac) ဆိုတာ အိပ်မောကျဖို့ အလွန်ခက်ခဲသူတွေကို ခေါ်တာပါ။ လူတစ်ယောက်ဟာ ပျမ်းမျှအားဖြင့် တစ်နေ့ကို (၈) နာရီအိပ်ဖို့ လိုုအပ်ပေမယ့် ညအိပ်မပျော်တဲ့သူတွေကတော့ တစ်နေ့တစ်နေ့ နာရီအနည်းငယ်အိပ်ပျော်ဖို့တောင် အိပ်ဆေးကူနေရရှာသူတွေပါ။

 

သူတို့ဟာ တစ်ခုခုကို အတွေးလွန်နေတာဖြစ်ချင်ဖြစ်မယ်။ မျက်နှာကျက်ကိုကြည့်ငေးရင်း သိုးကောင်လေးတွေကို ရေတွက်နေတာ ဖြစ်ချင်ဖြစ်မယ်။ ဒါပေမယ့် သူတို့ရဲ့ညအိပ်ရခက်ခဲတဲ့ ဓလေ့ကြောင့် အခက်ကြုံရတတ်ပါတယ်။ တကယ်လို့ ခင်ဗျားသာ ညအိပ်မပျော်တဲ့ လူတစ်ယောက်ဆိုရင် အောက်ကအချက်တွေကို ရင်းနှီးကျွမ်းဝင်နေမှာပါ။

၁။ အမြဲလိုလို မောပန်းနေမယ်

Not-Enough-Sleep.jpg 

ကောင်းကောင်းအိပ်မပျော်တတ်တဲ့သူတွေဆိုတော့ ခန္ဓာကိုယ်က အမြဲလိုလို ပင်ပန်းနွမ်းနယ်နေပါလိမ့်မယ်။ လူတစ်ယောက်ရဲ့ မျက်နှာကိုကြည့်လိုက်တာနဲ့ ဘယ်လောက်မောပန်းနေတယ်ဆိုတာကို သိနိုင်ပါတယ်။ တရေးတမောအိပ်စက်လိုက်ရင် ပြဿနာ ပြေလည်နိုင်စေမှာဖြစ်ပေမယ့် အိပ်စက်ခြင်းက သူတို့အတွက် ဘယ်တော့မှ မလွယ်ကူပါဘူး။

၂။ လေ့ကျင့်ခန်းတွေ၊ ဆေးဝါးတွေကလည်း ထင်သလောက်အလုပ်မဖြစ်ဘူး

How_to_Treat_Insomnia_With_Medicinal_Marijuana.jpg 

ညအိပ်မပျော်သူတစ်ဦးဟာ အိပ်ရေးကောင်းကောင်းဝဖို့အတွက် ဆီလိမ်းတာတို့၊ ဆံပင်ကိုနှိပ်နယ်တာတို့၊ အိပ်ဆေးသောက်တာတို့ အစရှိသဖြင့် နည်းလမ်းပေါင်းစုံကို စမ်းသပ်ကြပါလိမ့်မယ်။ ကံဆိုးစွာနဲ့ပဲ ဒါဟာ ထင်သလောက်အလုပ်မဖြစ်ပါဘူး။ ကြာလာရင် အိပ်ပျော်ဖို့အတွက် အားထုတ်နေရတာကြီးကိုက ခက်ခဲလာပြီး စိတ်ရှုပ်စရာဖြစ်လာပါတယ်။

၃။ နှိုးစက်နာရီအသံမမြည်ခင်တည်းက နိုးနေမယ်

o-ANXIETY-SLEEP-facebook.jpg 

ဒါဟာလည်း စိတ်ညစ်စရာပါပဲ။ တွေးကြည့်ပါ။ မနက် (၈) နာရီအိပ်ယာထဖို့ နှိုးစက်ပေးထားမယ်။ ဒါပေမယ့် မနက် (၅) နာရီ ကတည်းက ရုတ်တရက်ကြီးနိုးလာမယ်။ ပြန်အိပ်လို့ကလည်း မရဘူးဆိုပါစို့။ ဒါဟာလည်း ညအိပ်မပျော်တဲ့သူတိုင်း ရင်ဆိုင်နေရတဲ့ စိတ်နှလုံးထိခိုက်ကြေကွဲဖွယ် အဖြစ်အပျက်တစ်ခုပါပဲ။

၄။ စိတ်ရှုပ်လာမယ်

burn-out.jpg 

အိပ်မပျော်တဲ့သူတစ်ယောက်အတွက်တော့ စိတ်ရှုပ်တယ်ဆိုတာ မဆန်းပါဘူး။ လေ့ကျင့်ခန်းလုပ်တာ၊ အိပ်ဆေးသောက်တာ တွေကလည်း အလုပ်မဖြစ်တော့ ညဘက်ရောက်တိုင်း စိတ်ရှုပ်လာရပါတယ်။ တစ်ခါတလေဆို အော်ဟစ်ပေါက်ကွဲပစ်ချင်လာ တဲ့အထိ စိတ်ရှုပ်လာပါလိမ့်မယ်။ အဲဒီအချိန်မှာ ခေါင်းအုံးဟာ လက်သီးချက်တွေကို ခံယူပေးရတဲ့ ဓားစာခံဖြစ်သွားပါတော့တယ်။

၅။ လူမှုကွန်ရက်တွေက အဖော်မွန်ဖြစ်လာမယ်

gettyimages-558175165.jpg 

ကြိုးစားလို့မရတော့တဲ့အဆုံးမှာ ညအိပ်မပျော်တဲ့သူတွေဟာ နောက်ဆုံးမှာ လက်လျှော့အရှုံးပေးလိုက်ပြီး လူမှုကွန်ရက်တွေပေါ်မှာ စတေးတပ်စ်တက်ရေးတာတို့၊ ဟိုကြည့်ဒီကြည့်လုပ်တာတို့၊ youtube ဗီဒီယိုတွေကြည့်တာတို့ လုပ်ပါတော့တယ်။ ကြည့်ရင်းကြည့်ရင်း မျက်လုံးတွေလေးလာပြီး အိပ်များပျော်သွားမလားဆိုတဲ့ မျှော်လင့်ချက်ယဲ့ယဲ့လေးနဲ့ပေါ့။ တစ်ခါတလေမှာတော့ အလုပ်ဖြစ်သွားတတ်ပါတယ်။

Source: youngisthan

Share

Loading Next Article...
က္က