လန်းဆန်းတက်ကြွနေရမယ့် မနက်ခင်းဟာ ညဘက် အိပ်ရေးမဝတာနဲ့တင်ပဲ ထိုင်းမှိုင်းလေးလံနေရတယ်။

ညဉ့်နက်ချိန်ကျော်လွန်တာတောင် အိပ်မပျော်လို့ မနက်ပိုင်းလည်း အိပ်ရာက စောစောမထနိုင်၊ အလုပ်မှာအိပ်ငိုက်နေရတဲ့ အဖြစ်တွေဟာ တကယ်ကိုဆိုးရွားပါတယ်။ လန်းဆန်းတက်ကြွနေရမယ့် မနက်ခင်းဟာ ညဘက် အိပ်ရေးမဝတာနဲ့တင်ပဲ ထိုင်းမှိုင်းလေးလံနေရတယ်။ ဒါတွေကို သိပ္ပံနည်းကျကျ ဖြေရှင်းလို့ရတယ်ဆိုရင် စိတ်ဝင်စားမလား။

၁။ ညည တော်တော်နဲ့ အိပ်မပျော်ဘူးဆိုရင်

ညအိပ်ချိန်မတိုင်မီ ၇ နာရီအလိုတည်းက လက်ဖက်ရည်၊ ကော်ဖီကို စပြီးရှောင်ပါ။ မနက်တိုင်း ကိုယ်လက်လေ့ကျင့်ခန်းလုပ်ပါ။

 

၂။ ဟောက်လွန်းလို့

အိပ်ပျော်နေရင်း ဟောက်တဲ့အခါ ဘေးလူတင် နားမခံသာတာမဟုတ်ပါဘူး။ ဟောက်တဲ့လူကိုယ်တိုင်လည်း အိပ်ရေးမဝ ဖြစ်ရတယ်။ ညာဘက်ကိုစောင်းအိပ်ပြီး လက်တွေကို ခေါင်းအောက်မှာထားအိပ်ပါ။ အိပ်ခါနီး အရက်မသောက်သင့်ဘူး။ နှာပိတ်နေရင် အိပ်ရာဝင်ခါနီး နှာခေါင်းတွင်းဖြန်းဆေးလေးသုံးထားနိုင်ပါတယ်။

၃။ ဇက်နာတယ်

လည်ပင်းနာတယ်၊ ဇက်နာတယ်ဆိုတာ အဓိကအားဖြင့်တော့ ခေါင်းအုံးကြောင့် ဖြစ်တာပါ။ ပျော့လွန်း၊ မာလွန်းရင် လည်ပင်းနဲ့ဇက်တွေ နာတတ်တယ်။ ခေါင်းအုံးကို အနည်းဆုံး ၂ နှစ်ပြည့်တိုင်း အသစ်လဲသင့်ပါတယ်။

၄။ ခဏခဏနိုးတယ်

အရက်သောက်ပြီးမှ အိပ်ရင် အဲ့လိုဖြစ်တတ်ပါတယ်။ အခန်းတွင်း အပူချိန်ကတော့ ၂၀ မှ ၂၂ ဒီဂရီစင်တီဂရိတ်ကြားမှာဆို ကောင်းကောင်းအိပ်ပျော်ပါတယ်။

 

၅။ ရင်ပူတယ်

ဒါဆိုရင်တော့ ဆရာဝန်နဲ့တွေ့သင့်တယ်။ မတွေ့ခင်ကာလအတွင်းမှာတော့ အိပ်တဲ့အခါ ခေါင်းအုံးကိုမြှင့်ထားပြီး ခန္ဓာကိုယ်ကို ဘယ်ဘက်စောင်းကာ အိပ်ရပါမယ်။ လက်တွေကို ခေါင်းအောက်မှာထားပါ။

၆။ ပခုံးနာတယ်

အကြောတက်၊ ပခုံးနာတယ်ဆိုရင် ပက်လက်အနေအထားနဲ့အိပ်ပါ။ လက်မှာ ခေါင်းအုံးကိုပိုက်ပြီး အိပ်ကြည့်ပါ။

၇။ အိပ်ရာထဖို့ခက်တယ်

အချိန်တစ်ခု သတ်မှတ်ထားပါ။ ဥပမာ မနက် ၇ နာရီတိုင်း အိပ်ရာထနိုင်အောင် နှိုးစက်ပေးထားကြည့်နိုင်တယ်။ ပိတ်ရက်တွေမှာလည်း ပုံမှန် ထနေကျအချိန်ပဲထပါ။ အလေ့အကျင့်ဖြစ်တာပေါ့။

 

၈။ အကြောတွေတောင့်တင်း

အကြောတွေတောင့်တင်းရင်လည်း အိပ်မပျော်ဘူး။ နာတဲ့နေရာ၊ အကြောတောင့်တင်းတဲ့နေရာကို လက်လေးနဲ့နှိပ်နယ်ပါ။ အကြောဆန့်လေ့ကျင့်ခန်း၊ သွေးပူလေ့ကျင့်ခန်းလေးတွေလုပ်ကြည့်ပါ။

၉။ ခါးနာလို့အိပ်မပျော်ဘူး

မှောက်လျက်အိပ်ကြည့်မလား။ ပေါင်အောက်မှာ ခေါင်းအုံးတစ်လုံးထားပြီး မှောက်လျက်အိပ်ပါ။ ပက်လက်အိပ်ရင်တော့ ခေါင်းအုံးကို ခြေထောက်အောက်မှာထားပြီး အိပ်မယ်ဆို ခါးနာသက်သာပြီး အိပ်ပျော်နိုင်ပါတယ်။

Source : Bright Side

Share

Loading Next Article...
က္က