Gym Trainer တော်တော်များများတောင်းဆိုလေ့ရှိကြတာက ထမင်းဖြူကို လျှော့စားဖို့ပါပဲ။

ကိုယ်အလေးချိန်လျှော့ချတော့မယ်ဆိုရင် Gym Trainer တွေက နေ့စဉ်အစားအသောက်ကို အချိန်ဇယားအတိုင်းစားဖို့ အကြံပြုပါလိမ့်မယ်။ ဘယ်လိုအစားအသောက်မျိုးတွေကို ထည့်သွင်းစားသောက်ဖို့၊ ရှောင်ရှားဖို့ကိုလည်း တောင်းဆိုပါလိမ့်မယ်။ အဲဒီ အချိန်စာရင်းတွေကလည်း ကျွန်တော်တို့ ခန္ဓာကိုယ်ဝိတ်ကျစေတဲ့ ဖြစ်စဉ်မှာ များစွာအထောက်အကူပြုပါလိမ့်မယ်။

 

အဲဒီမှာ Gym Trainer တော်တော်များများတောင်းဆိုလေ့ရှိကြတာက ထမင်းဖြူကို လျှော့စားဖို့ပါပဲ။ ထမင်းဖြူမှာ ဝိတ်ကျရေး စီမံကိန်းမှာ ကောင်းတဲ့အကျိုးသက်ရောက်မှုတွေကော၊ ဆိုးတဲ့အကျိုးသက်ရောက်မှုတွေပါ များစွာပါရှိနေပါတယ်။ ဒါကြောင့်လည်း တစ်ချိန်တုံးက ဆန်ညိုထမင်းတွေ ရောင်းကောင်းခဲ့တာဖြစ်ပါတယ်။ ဆန်ညိုထမင်းကကော ဝိတ်ချရာမှာ တကယ်ကောင်းတဲ့ အစားအစာ ဖြစ်ပါသလား။ ဝိတ်ချတော့မယ်ဆိုရင် ထမင်းဖြူကို လုံးဝရှောင်ရှားလိုက်ရတော့မှာလား။

ထမင်းဖြူနဲ့ ဆန်ညိုထမင်းကြားနှိုင်းယှဉ်ချက်

bigstock-White-And-Brown-Rice-33247883.jpg 

ဆန်ညိုထမင်းဟာ အမျှင်ဓာတ်အလွန်ကြွယ်ဝပြီး မရှိမဖြစ်အာဟာရဓာတ်တွေလည်း စုံလင်စွာပါဝင်ပါတယ်။ အစာခြေစနစ်အတွက် အကျိုးပြုနိုင်တဲ့ အစေ့အဆံတစ်မျိုးဖြစ်တဲ့အပြင် ကိုယ်အလေးချိန် ထိန်းသိမ်းရာမှာလည်း တကယ်ကူညီပေးနိုင်ပါတယ်။ ဆန်ညိုထမင်းတွေကို ကောက်ပဲသီးနှံတွေကရရှိပါတယ်။ စပါးရဲ့အပေါ်ယံတလွှာကိုပဲ ဖယ်ရှားလိုက်ရင် ဆန်ညိုကိုရရှိပါတယ်။

ဆန်ဖြူကိုတော့ ဆန်သားလေးဖြူဖွေးလာသည်အထိ ဆန်စက် (သို့) စပါးလှေ့စက်မှာ ကောင်းမွန်စွာပြုလုပ်ထားပါတယ်။ အာဟာရတန်ဖိုးအရ တိုင်းတာမယ်ဆိုရင် ဆန်ညိုမှာ ဖော့စ်ဖရတ်စ်၊ မဂ္ဂနိစ် နဲ့ ဗိုက်တာမင် ဘီစစ် တန်ဖိုး (၂) ဆ ပိုများပါတယ်။ သံဓာတ်၊ ဗိုက်တာမင် ဘီသရီးနဲ့ အမျှင်ဓာတ်တို့မှာလည်း (၂) ဆကျော် ပိုများပါတယ်။ ဒီတော့ ဆန်ညိုဟာ ဆန်ဖြူထက် ပိုသာတာ အထင်အရှားပါပဲ။

ဆန်ဖြူဟာ ဝိတ်ချရာမှာဘာလို့ အသုံးမဝင်တာလဲ

phpThumb_generated_thumbnail.jpg 

ဆန်ညိုဟာ ဆန်ဖြူထက် ဗိုက်တာမင်နဲ့ သတ္ထုဓာတ်မှာ အာဟာရတန်ဖိုးပိုများပါတယ်။ နောက်ပြီး ဆန်ဖြူရဲ့အဓိကအားနည်းချက် ကတော့ အမျှင်ဓာတ်ပါဝင်မှု မရှိတာပါပဲ။ ဆန်ဖြူမှာ ကာဘိုဟိုက်ဒရိတ် ကြွယ်ဝပေမယ့် အဲဒီ ကာဘိုဟိုက်ဒရိတ်တွေက သွေးထဲမှာအချိုဓာတ် ရုတ်တရက်တက်လာစေနိုင်တဲ့အတွက် ဝိတ်ချရေးအတွက် မကောင်းတာကတော့ ထင်ရှားပါတယ်။ ဆန်ဖြူဟာ ကြွက်သားထွက်အောင် ကြိုးစားနေချိန်မှာတော့ စားသုံးပေးဖို့ အထူးသင့်တော်ပါတယ်။

ဒါကြောင့် ခင်ဗျားရဲ့ဦးတည်ချက်က ကိုယ်အလေးချိန်ကျချင်တာဆိုရင်တော့ ထမင်းဖြူစားခြင်းကို တတ်နိုင်သမျှ ရှောင်ရှားသင့်ပါတယ်။

Source: youngisthan

 

Share

Loading Next Article...
က္က