AD
AD
AD

တစ်ခါတလေမှာ ဆိတ်ငြိမ်တဲ့အရပ်ဒေသတစ်ခုမှာ လမ်းလျှောက်ရင်း ခေါင်းအေးအေးထားပြီး စဉ်းစားကြည့်ခဲ့ဖူးတယ်ဆိုရင် ခြေလျင်လမ်းလျှောက်ထွက်ခြင်းကလည်း တီထွင်ဖန်တီးဉာဏ်ကို နှိုးဆွပေးနိုင်တယ်ဆိုတာကို သတိပြုမိပါလိမ့်မယ်။ အခုဆိုရင် ခင်ဗျားရဲ့အကောင်းဆုံးလည်ရှည်ဖိနပ်တစ်ရံကို ကြိုးချည်လိုက်ခြင်းဟာ ဦးနှောက်နဲ့ ခန္ဓာကိုယ်အတွက် အကောင်းဆုံး အလေ့အထတစ်ခု ဖြစ်နေပါတယ်။

play

 

သုတေသန

play

 

စတန်းဖို့ထ်တက္ကသိုလ်က ဘွဲ့ရကျောင်းသားတစ်ဦးဖြစ်တဲ့ Gregory Bratman ပြုလုပ်ခဲ့တဲ့ လေ့လာမှုတစ်ခုမှာဆိုရင် တစ်နေ့တာရဲ့ အချိန်တစ်စိတ်တပိုင်းကို စိမ်းလန်းစိုပြေတဲ့နေရာတွေမှာ လမ်းလျှောက်ဖို့အတွက် အသုံးပြုခဲ့တဲ့လူတွေဟာ မြို့ပြနေထိုင်မှုမှာပဲ တစ်နေ့တာကို အချိန်ကုန်ခဲ့သူတွေနဲ့ နှိုင်းစာရင် ပိုပြီးပျော်ရွှင်သလို ရုပ်ရည်လေးကလည်း ပိုမိုဆွဲဆောင်မှုရှိပါသတဲ့။

Bratman ပဲ ပြုလုပ်ခဲ့တဲ့ နောက်ဆက်တွဲလေ့လာမှုတစ်ခုမှာလည်း သစ်ပင်သစ်တောတွေကြားမှာ ဆိတ်ငြိမ်စွာ လမ်းလျှောက်တဲ့ လူတွေက ရှုပ်ထွေးတဲ့မြို့ပြရဲ့လမ်းတွေမှာ လမ်းလျှောက်သူတွေထက်စာရင် စိတ်ပိုင်းဆိုင်ရာကျန်းမာရေးမှာ ပိုမိုကောင်းမွန် ပါတယ်လို့ ဆိုထားပါတယ်။

play

 

အဲဒီတွေ့ရှိချက်တွေကိုအခြေခံပြီး Bratman ဟာ New York Times သတင်းစာကို ပြောကြားခဲ့တာကတော့ မြို့ပြလူနေမှု ဘဝမှာအသားကျပြီး စိတ်ကုန်နေသူတွေအဖို့ သဘာဝပတ်ဝန်းကျင်နဲ့ ထိတွေ့လိုက်ခြင်းက လွယ်ကူလျင်မြန်တဲ့ စိတ်ဖိစီးမှု ပျောက်ဆေးတစ်မျိုးပါပဲတဲ့။ စိတ်ခံစားချက်အခြေအနေကို မြှင့်တင်ပေးနိုင်ရုံသာမက ခြေလျင်လမ်းလျှောက်ခြင်းဟာ အတွေးတွေကို တည်ငြိမ်စေပြီး စိတ်သောကတွေကိုလည်း ကင်းဝေးစေပါတယ်။

တချို့လူတွေကတော့ ခြေလျင်လမ်းလျှောက်ခြင်းကို ကိုယ်ကာယလေ့ကျင့်ခန်းအဖြစ် သတ်မှတ်ကြပါတယ်။ လေ့လာမှု တစ်ခုမှာလည်း Gym ထဲမှာ ကိုယ်ကာယလေ့ကျင့်ခန်းလုပ်တာထက် အပြင်ဘက်မှာ အချိန်ရှည်ကြာ လမ်းလျှောက်တာက လူတွေကို ပိုမိုနိုးကြားသွက်လက်စေပြီး ပိုမိုထိရောက်မှုလည်း ရှိပါတယ်။

play

 

ခြေလျင်လမ်းလျှောက်ခြင်းရဲ့ ကုသနိုင်စွမ်းက စိတ်ရောဂါသည်တွေကိုပါ အကျိုးသက်ရောက်မှုရှိခဲ့ပါတယ်။ ၂၀၁၂ ခုနှစ်တုံးက သုတေသနတစ်ခုမှာဆိုရင် ပြင်းထန်ဆိုးရွားတဲ့ စိတ်ဓာတ်ကျရောဂါ ခံစားနေရသူတွေဟာ ပုံမှန်လေးလမ်းလျှောက်ပေးခြင်းဖြင့် မျှော်လင့်ချက်မဲ့တဲ့ အတွေးတွေနဲ့ မိမိကိုယ်ကိုယ် သတ်သေလိုတဲ့စိတ်တွေ ကင်းဝေးသွားကြောင်း သုတေသီတွေက ရှာဖွေတွေ့ရှိခဲ့ပါတယ်။

တောင်တန်းတွေပေါ်မှာ လမ်းလျှောက်တာပဲဖြစ်ဖြစ်၊ တောအုပ်ထဲမှာ ခဏလမ်းလျှောက်တာပဲဖြစ်ဖြစ် ခြေလျင်လမ်းလျှောက်ခြင်းလို ကိုယ်ကာယလေ့ကျင့်ခန်းတွေဟာ ကျွန်တော်တို့ရဲ့ စဉ်းစားနိုင်စွမ်းနဲ့ မှတ်ဉာဏ်ကို မြှင့်တင်ပေးသလို ဖန်တီးနိုင်စွမ်းကိုလည်း တိုးတက်စေပါတယ်။

Source: Reader's Digest

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD