လူတိုင်းနီးပါး အိပ်နေရင်းဟောက်ဖူးကြပါတယ်။

အိပ်နေရင်းဟောက်တယ်ဆိုတာ ဆန်းတဲ့ကိစ္စတော့မဟုတ်ပါဘူး။ လူတိုင်းနီးပါး အိပ်နေရင်းဟောက်ဖူးကြပါတယ်။ အိပ်နေရင်း အသက်ရှူတဲ့အခါ လေဟာ လည်ချောင်းထဲကိုဝင်လာပြီး အနှောင့်အယှက်ပေးတဲ့အတွက် ဟောက်သံဖြစ်ပေါ်လာရတာဖြစ်ပါတယ်။ ဝင်လာတဲ့လေတွေဟာ လည်ချောင်းထဲက တစ်ရှူးတွေကို တုန်ခါစေပြီး ဟောက်သံပြင်းပြင်းတွေ ထွက်ပေါ်လာရပါတော့တယ်။

 

အိပ်နေရင်းဟောက်ခြင်းဟာ မိမိကိုယ်တိုင်ကိုကော၊ မိမိနဲ့တစ်ခန်းတည်းတူတူအိပ်သူတွေကိုပါ အိပ်ရေးပျက်စေနိုင်ပါတယ်။ အိပ်နေရင်းဟောက်ခြင်းကို တားဆီးပေးနိုင်တဲ့ နည်းလမ်းလေးတွေကတော့...

၁။ ကိုယ်အလေးချိန်လျှော့ပါ

do-you-know-how-to-prevent-overeating.jpg 

အိပ်နေရင်းဟောက်ခြင်းဟာ ကိုယ်အလေးချိန်များပြားတဲ့သူတွေများလည်း အဖြစ်များပါတယ်။ ဝိတ်ချလိုက်မယ်ဆိုရင် လည်ချောင်းထဲက တစ်ရှူးတွေနည်းပါးလာနိုင်ပြီး အိပ်နေရင်းဟောက်ခြင်းကိုပါ လျော့ကျစေနိုင်ပါတယ်။

၂။ ဘေးတစောင်းအိပ်ပါ

ပက်လက်လှန်အိပ်မယ်ဆိုရင် လျှာကို လည်ချောင်းရဲ့နောက်လလက်ကိုရောက်စေတဲ့အတွက် လည်ချောင်းထဲကိုဝင်တဲ့ လေလမ်းကြောင်းကို ပိတ်ဆို့စေနိုင်ပါတယ်။ ဘေးတစောင်းအိပ်မယ်ဆိုရင်တော့ လေလမ်းကြောင်းကို ချောချောရှူရှူဖြစ်စေပြီး အိပ်နေရင်းဟောက်ခြင်းကိုလည်း လျော့ကျစေပါတယ်။

၃။ ခေါင်းအံုံးထူထူသုံးပါ

o-WAKING-UP-IN-THE-MORNING-facebook.jpg 

ခေါင်းအုံးထူထူသုံးခြင်းဖြင့် ခေါင်းကို အိပ်ယာခင်းနဲ့ အနည်းဆုံး (၄) လက်မလောက်အကွာမှာရှိစေပြီး လည်ချောင်းတွင်းလေလမ်းကြောင်းကို ပွင့်စေသောကြောင့် အိပ်နေရင်းဟောက်ခြင်းကိုလည်း လျော့ပါးစေပါတယ်။

၄။ အလာ့ဂျစ်ထတတ်ရင် ဆေးဝါးကုသမှုခံယူပါ

အလာ့ဂျစ်ထခြင်းတွေက နှာခေါင်းကတဆင့် အသက်ရှူခြင်းကို လျော့ကျစေတဲ့အတွက် ပါးစပ်ကနေတဆင့်ပဲ အသက်ရှူလို့ရပါတယ်။ ဒါဟာ ခင်ဗျားအတွက် အိပ်နေရင်းဟောက်ခြင်းဖြစ်နိုင်ခြေကို ပိုမို များပြားစေပါတယ်။ တကယ်လို့ အလာ့ဂျစ်ထတတ်တယ်ဆိုရင် ဆရာဝန်နဲ့သေချာပြသပြီး ကုသမှုခံယူပါ။

၅။ မအိပ်ခင်အရက်သောက်ခြင်းကို ရှောင်ကြဉ်ပါ

thatguyblog5.jpg 

အိပ်ယာမဝင်ခင် အနည်းဆုံး (၂) နာရီလောက်အလိုမှာ အရက်မသောက်မိအောင် ရှောင်ကြဉ်ပါ။ အရက်ဟာ လည်ချောင်းကြွက်သားတွေကို လျော့တိလျော့ရဲဖြစ်စေတဲ့အတွက် အိပ်ပျော်နေရင်း ဟောက်ခြင်းကိုလည်း ဖြစ်စေနိုင်ပါတယ်။

၆။ ဆေးလိပ်ဖြတ်ပါ

ဆေးလိပ်သောက်ခြင်းဟာလည်း အိပ်နေစဉ်ဟောက်ခြင်းကို ပိုမိုဆိုးရွားစေတဲ့ အလေ့အထတစ်ခုပါပဲ။ ဒါကြောင့် အိပ်နေရင်းဟောက်ခြင်းကို ကုစားနိုင်ဖို့အတွက် ဆေးလိပ်သောက်ခြင်းကို ရပ်တန့်လိုက်ပါ။

Source: healthline

Share

Loading Next Article...
က္က