ရေနွေးတွေအများကြီးသောက်ရင် ကျန်းမာရေးအတွက် ဘေးထွက်ဆိုးကျိုးတွေ ရှိလာနိုင်ပါတယ်။

ရေနွေးသောက်ခြင်းမှာ ကျန်းမာရေးအကျိုးကျေးဇူးတွေ အများကြီးရှိတယ်လို့ သိထားကြပါတယ်။ ဒါပေမယ့် ရေနွေးပူတွေ အများကြီးသောက်မယ်ဆိုရင်တော့ ကျန်းမာရေးအတွက် ဘေးထွက်ဆိုးကျိုးတွေ ရှိလာနိုင်တယ်ဆိုတာကို သိပါသလား။ ရေနွေးသောက်ခြင်းရဲ့ဆိုးရွားတဲ့ ဘေးထွက်ဆိုးကျိုးတွေကတော့...

၁။ ရေပမာဏမျှခြေရှိဖို့က ခန္ဓာကိုယ်အတွက် အလွန်အရေးကြီးတယ်

sipping-hot-water.jpg 

ရေဆိုတာ သက်ရှိတွေအတွက်တော့ မရှိမဖြစ် နတ်ဆေးရည်တစ်မျိုးပါပဲ။ လူ့ခန္ဓာကိုယ် (၇၀) ရာခိုင်နှုန်းကိုလည်း ရေနဲ့ပဲ ပြုလုပ်ထားပါတယ်။ ဒါကြောင့် အသက်ရှင်သန်နေဖို့အတွက် ရေသောက်ပေးဖို့ လိုအပ်ပါတယ်။ တစ်နေ့ကို အနည်းဆုံး ရေ (၈) ခွက် လောက် သောက်သုံးပေးဖို့ လိုအပ်တာလည်း အမှန်ပါပဲ။ ဒါပေမယ့် ရေနွေးတွေ အများကြီးသောက်မယ်ဆိုရင်တော့ ခန္ဓာကိုယ်ထဲမှာ တေဇောဓာတ်တွေ များလာနိုင်တဲ့အတွက် အတိုင်းအတာတစ်ခုထိ ထိခိုက်ဒဏ်ရာရှိလာနိုင်ပါတယ်။

၂။ ရေနွေးပူလောင်နိုင်တယ်

blisters-on-lips.jpg 

တစ်ခါတလေမှာ ရေနွေးပူသောက်ခြင်းက အန္တရာယ်များပြီး နှုတ်ခမ်းနဲ့ ခံတွင်းကိုလည်း အပူလောင်စေနိုင်ပါတယ်။ ဒါကြောင့် မသောက်ခင် အေးအောင်သေချာမှုတ်ပြီးမှ သောက်သင့်ပါတယ်။

၃။ အစာခြေလမ်းကြောင်းမှာလည်း ဒဏ်ဖြစ်စေနိုင်တယ်

ရေနွေးပူသောက်ခြင်းဟာ အာခံတွင်းထဲမှာ အရည်ကြည်ဖုတွေပေါက်စေနိုင်သလို အစာအိမ်နဲ့ အစာခြေလမ်းကြောင်း တလျှောက်မှာလည်း အပူလောင်ဒဏ်ရာ ရစေနိုင်ပါတယ်။ အတွင်းကလီစာ အပူလောင်ခြင်းဟာ ခန္ဓာကိုယ်အပေါ် ဆိုးဝါးတဲ့ ဘေးထွက်ဆိုးကျိုးတွေ ရှိလာစေနိုင်ပါတယ်။

၄။ အာရုံစူးစိုက်မှုလျော့ကျစေတယ်

drinking_hot_water.jpg 

လေ့လာမှုတွေက ဖော်ပြနေတာကတော့ ရေမဆာဘဲနဲ့ ရေနွေးပူတွေအများကြီးသောက်မယ်ဆိုရင် အဲဒါက ခင်ဗျားရဲ့ အာရုံစူးစိုက်နိုင်စွမ်းကို လျော့ကျစေနိုင်ပါတယ်။ ဒါကြောင့် ရေဆာလာမှသာ သောက်ပေးပါ။ ခန္ဓာကိုယ်မှာ ရေဓာတ်များပြားခြင်း ကလည်း ဦးနှောက်ဆဲလ်တွေကို ထိခိုက်စေနိုင်ပါတယ်။

၅။ အိပ်စက်ခြင်းကိုလည်း ပျက်ပြားစေမယ်

ရေနွေးပူတွေအများကြီးကို မလိုအပ်ဘဲ စွတ်သောက်မယ်ဆိုရင် အိပ်စက်ခြင်းကိုလည်း ထိခိုက်စေနိုင်ပါတယ်။ ဘာလို့လဲဆိုတော့ ညအချိန်မှာ အိမ်သာထသွားရတာကြောင့်ဖြစ်နိုင်သလို ရေနွေးပူကြောင့် ဦးနှောက်ဆဲလ်တွေထိပါးပြီး အိပ်စက်ရ ခက်ခဲစေနိုင်ပါတယ်။

၆။ ကျောက်ကပ်ကိုလည်း ထိခိုက်စေတယ်

Health-bennefits-of-warm-water.jpg 

ကျောက်ကပ်တွေဆိုတာ ခန္ဓာကိုယ်ထဲကရေဓာတ်တွေကို ခန္ဓာကိုယ်ပြင်ပကို ဆီးအဖြစ်ပြန်လည်စွန့်ထုတ်ပေးဖို့၊ အဆိပ်အတောက်တွေကို ဇကာတစ်ခုလို စစ်ထုတ်ပေးဖို့တာဝန်ကို ယူထားတဲ့ ကိုယ်တွင်း အင်္ဂါတစ်မျိုးဖြစ်ပါတယ်။ ဒါပေမယ့် တကယ်လို့ခင်ဗျားသာ ရေနွေးပူအများကြီးကို သောက်သုံးမယ်ဆိုရင် ကျောက်ကပ်မှာ စစ်ထုတ်ရတဲ့အလုပ်ကော၊ စွန့်ထုတ်ရတဲ့ အလုပ်ကော လုပ်ဆောင်ရတဲ့အတွက် ကျောက်ကပ်မှာအလုပ်ပိုလာပြီး နောက်ဆုံးမှာ ကျောက်ကပ်ပျက်ဆီးခြင်းထိ ရောက်ရှိနိုင်ပါတယ်။

ှSource: stylecraze

Share

Loading Next Article...
က္က