Monday blues (တနင်္လာနေ့ ပျင်းရိခြင်း) ထဲမှာ တနင်္ဂနွေနေ့မှာ ဘော်ဒါတွေနဲ့ တစ်ခွက်တစ်ဖလားချမိရာကနေ လက်လွန်သွားလို့ အရက်နာကျနေတာလည်း ပါနိုင်ပါတယ်။

Monday blues (တနင်္လာနေ့ ပျင်းရိခြင်း) ထဲမှာ တနင်္ဂနွေနေ့မှာ ဘော်ဒါတွေနဲ့ တစ်ခွက်တစ်ဖလားချမိရာကနေ လက်လွန်သွားလို့ အရက်နာကျနေတာလည်း ပါနိုင်ပါတယ်။ အဲဒီလို အရက်နာကျပြီဆိုရင် မောပန်းခြင်း၊ ခေါင်းကိုက်ခြင်း၊ မူးဝေခြင်း၊ ရေငတ်ခြင်းတို့ ဖြစ်နိုင်ပါတယ်။ အောက်မှာဖော်ပြထားတာကတော့ သက်သေခိုင်လုံစွာရှိတဲ့ သိပ္ပံနည်းကျ အရက်နာကျကုသနည်းတွေပဲဖြစ်ပါတယ်။

၁။ အရက်ပမာဏကို ထိန်းချုပ်ပါ

thatguyblog5.jpg 

အရက်နာမကျချင်ရင်တော့ အရက်လျှော့သောက်တာက အလွယ်ကူဆုံးနည်းလမ်းပါပဲ။ ဘာလို့လဲဆိုတော့ ခင်ဗျားသောက်တဲ့ အရက်ခွက်ရေကိုလိုက်ပြီး အရက်နာကျခြင်းရဲ့ ပြင်းထန်မှုလယ်ဗယ်ကလည်း ပြောင်းလဲသွားမှာဖြစ်လို့ပါပဲ။ ခန္ဓာကိုယ်အလေးချိန်၊ လိင်၊ နောက်ဆုံးစားခဲ့တဲ့ အစားအသောက်၊ သောက်ခဲ့တဲ့အရက်အမျိုးအစား၊ သောက်ခဲ့တဲ့ကြာချိန် အစရှိတဲ့အချက်တွေကိုလည်း ထည့်သွင်းစဉ်းစားရမှာ ဖြစ်ပေမယ့် အရက်ခွက်ရေကို ထိန်းနိုင်ရင် အရက်နာကျခြင်းရဲ့ဘေးထွက်ဆိုးကျိုးတွေကိုလလည်း ထိန်းနိုင်မှာ အသေအချာပါပဲ။

၂။ Congener ပါဝင်မှုများတဲ့ အရက်တွေကို ရှောင်ပါ

161128-drinking-alcohol-jpo-108p_52ad934c90bc61c93c2242c4349f5e55.nbcnews-fp-1200-800.jpg

Congener ဆိုတာ အရက်အချဉ်ဖောက်တဲ့ဖြစ်စဉ်မှာ ထွက်လာတဲ့ ဓာတုအဆိပ်အတောက်ပစ္စည်းလေးတွေဖြစ်ပြီး အရက် အမျိုးအစားကိုလိုက်ပြီး ပါဝင်တဲ့ပမာဏ ကွဲပြားပါတယ်။ လေ့လာမှုတချို့က တွေ့ရှိခဲ့တာကတော့ congener အမြောက်အများ ပါဝင်တဲ့ အရက်သောက်ခြင်းဟာ အရက်နာကျခြင်းရဲ့ကြာချိန်နဲ့ ပြင်းထန်မှုကိုလည်း တိုးမြင့်စေပါတယ်တဲ့။

Congener ပါဝင်မှုနည်းပါးတဲ့ အရက်တွေကတော့ ဗော့ဒ်ကာ၊ ဂျင် နဲ့ ရမ်အရက်တို့ဖြစ်ပြီး အဲထဲမှာမှ ဗော့ဒ်ကာအရက်မှာဆိုရင် congener မပါသလောက်ပါပဲ။ ဒါပေမယ့် တက်ကီလာ၊ ဝီစကီ နဲ့ ကော့ညက်အရက်တို့ကတော့ congener ပါဝင်မှု မြင့်မားပါတယ်။ အမြင့်မားဆုံးကတော့ bourbon ဝီစကီပါပဲ။

၃။ မနက်စာကောင်းကောင်းစားပါ

15.-Don’t-Skip-Breakfast.jpg 

ညဘက်အရက်သောက်ထားပြီးရင် အာဟာရတန်ဖိုးမြင့်မားတဲ့ မနက်စာကောင်းကောင်းစားလိုက်ခြင်းက အရက်နာကျခြင်းကို သက်သာစေတယ်လို့ သိရပါတယ်။ ဘာလို့လဲဆိုတော့ မနက်စာကောင်းကောင်း စားခြင်းက သွေးတွင်းအချိုဓာတ်ကို ထိန်းညှိပေးလို့ပါပဲ။ သွေးတွင်းအချိုဓာတ်လျော့နည်းခြင်းကြောင့် အရက်နာကျဝေဒနာခံစားရတာတော့ မဟုတ်ပေမယ့် အဲဒီ (၂) ခုက ဆက်နွယ်နေတာတော့ အမှန်ပါပဲ။

နောက်ပြီး အရက်နာကျခြင်းရဲ့လက္ခဏာတွေဖြစ်တဲ့ ခေါင်းမူးခြင်း၊ မောပန်းခြင်း၊ အားနည်းခြင်းတို့ကလည်း သွေးတွင်းအချိုဓာတ် နည်းခြင်းနဲ့ တိုက်ရိုက်ပတ်သက် နေပါတယ်။ ဒါ့အပြင် အာဟာရတန်ဖိုးပြည့်ဝတဲ့ မနက်စာတစ်နပ်မှာ ဗိုက်တာမင်၊ သတ္ထုဓာတ်နဲ့ အာဟာရဓာတ်တွေပါဝင်တဲ့အတွက် အရက်နာကျခြင်းကို ကောင်းကောင်းတိုက်ဖျက်ပေးနိုင်မှာပါ။

၄။ အိပ်ရေးဝအောင်အိပ်ပါ

sleep-pic.jpg 

အရက်အလွန်အကျွံသောက်ခြင်းဟာ အိပ်စက်ခြင်းဖြစ်စဉ်နဲ့ ခန္ဓာကိုယ်ကို အနှောင့်အယှက်ပေးနိုင်တဲ့အတွက် အရက်နာမကျချင်ရင် အိပ်ရေးဝအောင် အိပ်တာက အကောင်းဆုံးပါပဲ။ အရက်ကို အတိုင်းအထွာနဲ့ ချင့်ချိန်သောက်ရင် အိပ်စက်ခြင်းကို ပိုမိုကောင်းမွန်စေတယ် ဆိုပေမယ့် အလွန်အကျွံသောက်ရင်တော့ အိပ်စက်ခြင်းဖြစ်စဉ်တွေကို ထိခိုက်စေနိုင်ပါတယ်။ နောက်ပြီး အရက်သောက်ထားပြီး အိပ်ရေးပါပျက်မယ်ဆိုရင်တော့ ခင်ဗျားရဲ့အရက်နာကျခြင်းက ပိုမိုဆိုးရွားပါလိမ့်မယ်။

၅။ ရေများများသောက်ပါ

water-drinking.jpg

အရက်ဆိုတာ တေဇောဓာတ်များပြားတဲ့ အရည်တစ်မျိုးဖြစ်လို့ အရက်သောက်ပြီးရင် ရေကတော့ငတ်မှာပါပဲ။ ဒါကြောင့်လည်း ရှေးကဆရာ့ဆရာ ယာမကာလုလင်ကြီးတွေက "ရေမရောရင် အသေစောမယ်" လို့ဆိုခဲ့ကြတာဖြစ်ပါတယ်။ အရက်သောက်ရင် ရေများများရောသောက်တာက တစ်ကဏ္ဍဖြစ်သလို အရက်သောက်ပြီးသွားရင်လည်း ခန္ဓာကိုယ်ထဲကို ရေဓာတ်များများ ပြန်ဖြည့်ပေးဖို့က တစ်ကဏ္ဍဖြစ်ပါတယ်။ ဒါကြောင့် အရက်နာကြပြီလို့ ခံစားရပြီဆိုရင် ရေတစ်ဘူးသာဘေးနားချထားပြီး တစွတ်စွတ်သောက်နေလိုက်ပါ။

Source: healthline

Share

Loading Next Article...
က္က