သွားတွေကို ငယ်စဉ်တည်းက ဂရုစိုက်ထားသင့်ပါတယ်။

သွားတွေက ခန္ဓာကိုယ်အစိတ်အပိုင်းမှာ အရေးကြီးပါတယ်။ ငယ်တုန်းကတော့ သွားတွေကို ဂရုမစိုက်မိပေမဲ့ အသက်ကြီးလာမှ နောင်တရနေမိတာ။ ဒါကြောင့်မို့လို့ သွားတွေကို ငယ်စဉ်တည်းက ဂရုစိုက်ထားသင့်ပါတယ်။

 

၁။ ရှေ့သွား

ရှေ့သွားက ၈ ချောင်း ရှိပါတယ်။ အပေါ်လေးချောင်း၊ အောက်လေးချောင်းပါ။ အသက် ၆ လလောက်မှာ ရှေ့သွားတွေစထွက်လာပါတယ်။ ဒီသွားတွေက စားစရာတွေကို ကိုက်ဖို့ လုပ်ဆောင်ပါတယ်။

၂။ အစွယ်

အစွယ်ကတော့ ၄ ခု ရှိတယ်။ ရှေ့သွားတွေနဲ့ကပ်လျက်မှာရှိနေကြပါတယ်။ ရှေ့သွားထွက်ပြီးရင် သွားစွယ်လေးတွေ ထွက်လာကြတယ်။ အဖျားချွန်တာမို့ အစားအစာလေးတွေကို ကိုက်ဖြဲတဲ့အခါ အသုံးပြုပါတယ်။ များသောအားဖြင့်တော့ သွားစွယ်တွေက အသက် ၁၆ လ မှ လ ၂၀ အတွင်း ထွက်လာလေ့ရှိပါတယ်။ ငယ်သွားမှာတော့ အပေါ်သွားစွယ်အရင်ထွက်ပြီး အောက်သွားစွယ်က နောက်မှထွက်တယ်။ အသက် ၉ နှစ်နောက်ပိုင်း ငယ်သွားလဲတဲ့အချိန်မှာတော့ အသစ်ထပ်ထွက်လာတဲ့ သွားစွယ်တွေက အောက်သွားစွယ်အရင်ထွက်လေ့ရှိပါတယ်။

၃။ ရှေ့အံသွား

အံသွားအသေးလေးတွေ ဖြစ်ပါတယ်။ အစားအစာကို ကြိတ်ဝါးဖို့အတွက် သုံးပါတယ်။ အရွယ်ရောက်ပြီးသူတိုင်း ရှေ့အံသွား ၄ ချောင်းစီရှိတယ်။ အပေါ် ၂ ချောင်း၊ အောက် ၂ ချောင်းပါ။ အသက် ၁၀ နှစ်လောက်မှာ ရှေ့အံသွားတွေ စပေါက်လာတယ်။

 

၄။ အံသွား

အသက် ၁ နှစ်နဲ့ ၂ ကျော်အတွင်း အံသွားတွေစပေါက်လာပါတယ်။ ဒါတွေလည်းပဲ ကြိတ်ဝါးဖို့အတွက် အသုံးပြုကြပါတယ်။ ရှေ့အံသွား (နံပါတ် ၃ မှာ ဖော်ပြထားတဲ့အံသွား)လေးတွေ နေရာကို အံသွားတွေက အစားထိုး ဝင်ရောက်လာပါတယ်။ အဲ့ဒီနောက်မှာ အံသွားက အပေါ် ၄ ချောင်း၊ အောက် ၄ ချောင်း ဖြစ်သွားတယ်။

၅။ အံဆုံး

နောက်ဆုံးထွက်လာတဲ့ သွားတွေပေါ့။ အံဆုံးပေါက်ပြီးရင် ဘာသွားမှ အသစ်ထပ်မထွက်တော့ဘူး။ ယေဘုယျအားဖြင့်တော့ အံဆုံးသွားတွေက အသက် ၁၈ နှစ်နဲ့ ၂၀ ကြားမှာ ပေါက်ကြတယ်။ တချို့ကတော့ လုံးဝကို အံဆုံးမပေါက်ကြတာမျိုးလည်း ရှိတယ်။ အဲ့လိုဆိုရင်တော့ ခွဲထုတ်လိုက်ရပါတယ်။

Source : Everyday Health

Share

Loading Next Article...
က္က