Game of Thrones နောက်ဆုံး season မှာ Jon Snow နဲ့ နဂါးမယ်တော် သံပလ္လင်ပေါ် ဘယ်သူထိုင်ရမလဲဆိုတာကို စောင့်ကြည့်ဖို့အတွက် ကျန်းမာရေးနဲ့လဲသင့်/မသင့်ဆိုတဲ့အချက်ကလည်း ခေါင်းစားစရာကိစ္စတစ်ခုပါပဲ။

လေ့လာမှုအသစ်တစ်ခုက တွေ့ရှိခဲ့တာက ရုပ်သံဇာတ်လမ်းတွဲများကို စွဲစွဲလမ်းလမ်းကြည့်ခြင်းက ကျန်းမာရေးကိုထိခိုက်နိုင်တယ် ဆိုတာပါပဲ။ Game of Thrones နောက်ဆုံး season မှာ Jon Snow နဲ့ နဂါးမယ်တော် သံပလ္လင်ပေါ် ဘယ်သူထိုင်ရမလဲဆိုတာကို စောင့်ကြည့်ဖို့အတွက် ကျန်းမာရေးနဲ့လဲသင့်/မသင့်ဆိုတဲ့အချက်ကလည်း ခေါင်းစားစရာကိစ္စတစ်ခုပါပဲ။



 

ရုပ်သံစီးရီးတွေ ပေါများတဲ့ခေတ်

o-people-watching-tv-facebook-Medium.jpg 

ဒစ်ဂျစ်တယ်ခေတ်ကြီးထဲမှာ ကျွန်တော်တို့အကြည့်ချင်ဆုံး ရုပ်သံဇာတ်လမ်းတွဲတွေကို ကြည့်ရှုဖို့အတွက် တီဗီရှေ့မှာထိုင်စောင့်နေဖို့ မလိုတော့ပါဘူး။ ဖုန်းတစ်လုံး၊ တက်ဘလက်တစ်လုံး လက်ထဲရှိရုံနဲ့ ကိုယ်ကြည့်ချင်တဲ့ ရုပ်သံဇာတ်လမ်းတွဲတွေကို နေရာမရွေး၊ အချိန်မရွေး ကြည့်လို့ရနေနိုင်ပါပြီ။

အခုလို ကြည့်စရာ ရုပ်သံဇာတ်လမ်းတွဲတွေ အပြိုင်းအရိုင်းပေါ်ပေါက်နေတဲ့ ခေတ်ကြီးထဲမှာ အခုလို ကြည့်ရလွယ်တာက ဝမ်းမြောက်စရာပဲဆိုပေမယ့် သိပ္ပံပညာရှင်တွေကတော့ အဲဒီအလေ့အထတွေဟာ ကျွန်တော်တို့ရဲ့ ကျန်းမာရေး (အထူးသဖြင့် အိပ်စက်ခြင်း) ကို ထိခိုက်စေတယ်လို့ ဆိုကြပါတယ်။

မီချီကန်တက္ကသိုလ်က သုတေသီအဖွဲ့တွေဟာ အသက် (၁၈) နှစ်ကနေ (၂၅) နှစ်ကြားက လူငယ်တွေကို ဆာဗေးတစ်ခု ကောက်ခဲ့ပါတယ်။ ဆာဗေးရဲ့ရည်ရွယ်ချက်ကတော့ ရုပ်သံစီးရီးကြည့်ခြင်းနဲ့ အိပ်စက်ခြင်းကြားက ဆက်နွယ်မှုကိုလေ့လာဖို့ပါပဲ။

 

သူတို့ရဲ့ဆာဗေးထဲမှာ မောပန်းနွမ်းနယ်သလိုခံစားနေရခြင်းတွေရှိ/မရှိ၊ အိပ်ရေးပျက်ရောဂါရှိ/မရှိ၊ နောက်ပြီး အိပ်ပျော်ဖို့ ကြိုးစားတဲ့အချိန်မှာ ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ အခက်တွေ့ရမှုတွေကို စစ်ဆေးမေးမြန်းခဲ့တာဖြစ်ပါတယ်။ အဲဒီမှာ ရုပ်သံစီးရီးတွေကို စွဲစွဲလမ်းလမ်းကြည့်တဲ့သူတွေဟာ သာမန်သူတွေနဲ့နှိုင်းယှဉ်ရင် အိပ်ရေးမဝခြင်းကြောင့် စိတ်နဲ့ခန္ဓာ ပင်ပန်းနွမ်းနယ်မှုတွေ ဖြစ်ရကြောင်း တွေ့ရှိခဲ့ကြပါတယ်။

နောက်ထပ်တစ်ခုကတော့ သုတေသနမှာပါဝင်တဲ့ လူငယ် (၈၀) ရာခိုင်နှုန်းလောက်ဟာ ရုပ်သံစီးရီးတစ်ခုမဟုတ် တစ်ခုကို စွဲစွဲလမ်းလမ်းကြည့်ဖြစ်နေကြောင်း တွေ့ရှိရပါတယ်။ နောက်ပြီး သူတို့ဟာ တစ်ခါကြည့်ရင် (၃) နာရီဝန်းကျင်လောက် တောက်လျှောက်ကြည့်တတ်ကြပြီး ပျမ်းမျှအားဖြင့် ရုပ်သံစီးရီးတစ်ခုရဲ့ episode (၅) ပိုင်း၊ (၆) ပိုင်းလောက်ကို ပြီးအောင် ကြည့်တတ်ကြတယ်လို့ သိရပါတယ်။ အဲဒီလို ရုပ်သံစီးရီး စွဲလမ်းသူတွေရဲ့ (၉၈) ရာခိုင်နှုန်းဟာလည်း အမြဲလိုလို အိပ်ရေးမဝသလို ခံစားနေရကြောင်း သိရပါသေးတယ်။

ရုပ်သံစီးရီးတွေကို စွဲလမ်းခြင်းက အိပ်စက်ခြင်းကို ဘာလို့ထိခိုက်ရတာလဲ

How_to_Treat_Insomnia_With_Medicinal_Marijuana.jpg 

အခုဖော်ပြပါ သုတေသနရလဒ်တွေက ရုပ်သံစီးရီးတွေကို စွဲစွဲလမ်းလမ်းကြည့်တတ်တဲ့သူတွေကိုပဲ ဆိုလိုတာဖြစ်ပြီး အိပ်ယာမဝင်ခင် (၂) နာရီလောက်အလိုမှာ စိတ်အပန်းဖြေရုံလောက် ရုပ်ရှင်ကြည့်သူတွေအပေါ် အကျိုးသက်ရောက်မှု မရှိဘူးလို့လည်း သိရှိရပါတယ်။

ဖြစ်နိုင်ခြေရှိတာကတော့ ဇာတ်လမ်းရဲ့ဇာတ်ကြောင်းနဲ့ ဇာတ်ကောင်စရိုက်တွေကြားမှာ မျှောပါသွားပြီး ဇာတ်လမ်းကြည့်နေရင်း ကြည့်ရှုသူတွေရဲ့စိတ်ထဲမှာ တည်ဆောက်ထားတဲ့ စိတ်ကူးယဉ်ကမ္ဘာထဲက ရုန်းမထွက်နိုင်တော့တာ ဖြစ်နိုင်ပါတယ် လို့ သုတေသီတွေက ဆိုပါတယ်။ ဒီလိုနဲ့ ဇာတ်လမ်း အဆုံးသတ်သွားတာတောင် ကြည့်ရှုသူတွေရဲ့ စိတ်ထဲမှာလက်မခံနိုင်သေးဘဲ ဇာတ်လမ်းနဲ့ပတ်သက်ပြီး ပြန်တွေးတာတို့၊ ဇာတ်လမ်းအဆုံးသတ်ကို လက်မခံနိုင်ဘဲ ကိုယ့်ဖာသာ ပြန်ရေးတာတို့ ဖြစ်လာရတာ ဖြစ်နိုင်ပါတယ်။

Source: Healthline

 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က