ခြေထောက်ကို ရေအေးအေးလေးနဲ့ လောင်းပြီး ဆေးကြောခြင်းမှာ ကျန်းမာရေးအတွက် အကျိုးအာနိသင်တွေအများကြီး ရှိနေတာကို ကျွန်တော်တို့ သတိမပြုမိခဲ့ကြပါဘူး။

ခြေထောက်ကို ရေအေးအေးလေးနဲ့ လောင်းပြီး ဆေးကြောခြင်းမှာ ကျန်းမာရေးအတွက် အကျိုးအာနိသင်တွေအများကြီး ရှိနေတာကို ကျွန်တော်တို့ သတိမပြုမိခဲ့ကြပါဘူး။ တကယ်တမ်းကျတော့ အဲဒီလို ရိုးစင်းတဲ့ အပြုအမူလေးမှာ ကျွန်တော်တို့ရဲ့ နေ့စဉ်ကျန်းမာရေးပြဿနာလေးတွေကို ဖြေရှင်းပေးနိုင်တဲ့ အကျိုးကျေးဇူးတွေ ရှိနေပါတယ်။ အဲဒါတွေကတော့...



၁။ အပူထုုတ်ပေးတယ်

feet-walking-1.jpg 

တစ်နေ့တာ လှုပ်ရှားသွားလာနေရတဲ့ လူတွေရဲ့ခန္ဓာကိုယ်ထဲမှာ အပူတွေဟာ ခိုအောင်းနေတတ်ပါတယ်။ ခန္ဓာကိုယ်တစ်ခုလုံး လှုပ်ရှားနေနိုင်ဖို့ လိုအပ်တဲ့ စွမ်းအင်တွေကို ထုတ်လွှတ်ပေးရတဲ့ ဓာတုဓာတ်ပြုခြင်းတွေကလည်း အပူတွေထွက်လာစေနိုင်ပါတယ်။ အဲဒီလို ခန္ဓာကိုယ်ထဲမှာ တစ်နေကုန်အောင်းနေတဲ့ အပူတွေကို ခြေထောက်ဆေးပေးခြင်းဖြင့် အောက်ကနေလှည့်ပြီး ခြေဖဝါးမှ ပြန်ထွက်သွားစေပါမယ်။

၂။ အိပ်နေချိန် ဟောက်ခြင်းဝေဒနာကို သက်သာစေမယ်

Snoring-1.jpg 

ညအိပ်ပျော်နေချိန်မှာ ဟောက်တယ်ဆိုတာ ခန္ဓာကိုယ်ထဲကို လေဝင်နိုင်တဲ့လမ်းကြောင်းတွေ ပိတ်ဆို့နေလို့ ဖြစ်ရတာပါ။ ကိုယ်တွင်းမှာ အပူတွေများနေရင်လည်း ဒီပြဿနာဖြစ်နိုင်ပါတယ်။ ညမအိပ်ခင် ခြေအေးပြီးမှ အိပ်မယ်ဆိုရင်တော့ ညအိပ်ပျော်နေချိန် ဟောက်ခြင်း၊ သွားကြိတ်ခြင်း၊ လျှာဝါးမိခြင်း၊ သားရည်ကျခြင်း အစရှိတဲ့ အိပ်ပျော်နေချိန်ဖြစ်တတ်တဲ့ ဝေဒနာတွေကို သက်သာစေပါတယ်။

၃။ အိမ်မက်ဆိုးမက်ခြင်းမှ ကင်းဝေးစေတယ်

188416954_1280x720.jpg

သုုတေသီတွေရဲ့လေ့လာမှုတွေအရ အိမ်မက်မက်တယ်ဆိုတာ မိမိကြုံတွေ့ခဲ့ရတဲ့ အဖြစ်အပျက်တွေကို စိတ်ကူးအာရုံထဲမှာ ပြန်မြင်ယောင်မိတာ (ဒါမှမဟုတ်) တစ်ခါတလေမှာ အဲဒီအဖြစ်အပျက်တွေနဲ့ ဆက်စပ်နေတဲ့ အကြောင်းအရာတွေကို မြင်မက်မိတတ်တာ ဖြစ်ပါတယ်။

မိမိအိပ်စက်နေတဲ့ ပတ်ဝန်းကျင်နဲ့ ခန္ဓာကိုယ်တွင်း အခြေအနေကလည်း အိမ်မက်အပေါ် ကြီးမားစွာ သက်ရောက်မှုရှိပါတယ်။ ဥပမာ... ဖျားနေချိန်တို့၊ စိတ်ပိုင်းဆိုင်ရာထိခိုက်မှု ကြုံတွေ့နေရချိန်တို့မှာ အိမ်မက်ဆိုးတွေချည်း မက်တတ်တာမျိုးပေါ့။ ညမအိပ်ခင် ခြေထောက်ဆေးပေးမယ်ဆိုရင် ဒီပြဿနာကို အတိုင်းအတာတစ်ခုထိ ပြေလည်စေမှာပါ။

၄။ ကြွက်တက်ခြင်းဝေဒနာကို သက်သာစေတယ်

muscle_cramps_feat_img.jpg 

ခြေထောက်ကြွက်တက်တယ်ဆိုတာလည်း အပူကြောင့်ဖြစ်တဲ့ ကြွက်သားတွေ မတည်ငြိမ်ခြင်းဝေဒနာတစ်မျိုးပါပဲ။ တစ်ခါတလေမှာ အိပ်ပျော်နေရင်း ကြွက်တက်လာလို့ လန့်နိုးရတာမျိုးကိုလည်း ကြုံဖူးကြမှာပေါ့။ အလွန်ခံရခက်တဲ့ ဝေဒနာတစ်မျိုးပါ။ ခြေဆေးပေးခြင်းက ဒီလိုဖြစ်ရပ်တွေကို ကင်းဝေးစေမှာပါ။

၅။ ခန္ဓာကိုယ်တွင်းအပူအအေး မျှတစေတယ်

ဒီအချက်ကတော့ ရှင်းနေတဲ့အချက်ပါ။ ခန္ဓာကိုယ်အောက်ပိုင်းကို ရေအေးအေးလေးနဲ့ လောင်းပေးခြင်းဖြင့် အပေါ်နဲ့အောက် အပူ၊ အအေးမျှတစေနိုင်သလို အောက်ကနေ အပူခိုးတွေ ပြန်ရိုက်ပြီး ဦးခေါင်းကို အပူတက်ခြင်းဝေဒနာကိုလည်း သက်သာစေမှာပါ။ အဲဒီကမှတဆင့် အပူကြောင့်ဖြစ်တဲ့ သွားဖုံးယောင်ခြင်း၊ သွားနာ၊ သွားကိုက်ခြင်းတွေကိုလည်း သက်သာစေပါတယ်။

၆။ ထိပ်ပြောင်ခြင်းနဲ့ ဆံပင်ဖြူပြဿနာတွေကိုလည်း လျော့နည်းစေတယ်

corey-stoll.jpg 

ဆံပင်ကျွတ်ခြင်းတို့၊ ငယ်ထိပ်ပြောင်ခြင်းတို့ဆိုတာလည်း အောက်ကအပူတွေ အပေါ်ကို တက်ဆောင့်တာကြောင့် ဖြစ်လာရတာပါ။ ညအိပ်ခါနီး ခြေထောက်ဆေးပေးမယ်ဆိုရင် အပူတွေ အပေါ်ပြန်မတက်နိုင်တော့တဲ့အတွက် ဒီပြဿနာတွေကို သက်သာစေမှာပါ။ နောက်ပြီး ဆံပင်ဖြူခြင်းပြဿနာလည်း ရှိတော့မှာမဟုတ်ပါဘူး။

Source: Internet

 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က