ဘီယာဗိုက်၊ ဘီယာဗိုက်လို့ ကျွန်တော်တို့တွေ နောက်ပြောင်ပြီး ခေါ်နေကြတဲ့ ဗိုုက်ပူပူလေးတွေဟာ တကယ်တော့ ဘီယာမသောက်ရင်လဲ ရှိနေနိုင်ပါတယ်။ အစားသောင်းကြမ်းတဲ့သူတွေ၊ အထိုင်များပြီး ကိုယ်လက်လှုပ်ရှားမှုများတဲ့သူတွေမှာ အဖြစ်များပါတယ်။ အမှန်တော့ ဒီနေ့ခေတ်ကြီးထဲမှာ ကွန်ပျူတာတစ်လုံးရှေ့မှာ ထိုင်နေရတဲ့သူကများတော့ ဒီဗိုက်ပူခြင်း ပြဿနာက လူတော်တော်များများမှာ အဖြစ်များတဲ့ လက္ခဏာတစ်ရပ်ပါပဲ။

 

ဗိုက်ပူတာ ဘာတစ်ခုမကောင်းလဲဆိုတော့ ခန္ဓာကိုယ်အချိုးအစားကို ကြည့်ရဆိုးစေပြီး ဘယ်လောက်ကောင်းတဲ့ အဝတ်အစားနဲ့မဆို လိုက်ဖက်မှုမရှိဘဲ အလှဖျက်နေစေမှာပါ။ ဝမ်းဗိုက်အဆီလေး နည်းနည်းထွက်နေပြီဆိုရင် ကိုယ်ကာယလေ့ကျင့်ခန်းတစ်ခုခု လုပ်ပေးသင့်တာအမှန်ပါပဲ။ လေ့ကျင့်ခန်းလုပ်နေရင်း အထောက်အကူဖြစ်စေမယ့် ဖျော်ရည်လေးတွေ သောက်ပေးတာလည်း မမှားနိုင်ပါဘူးနော်။ အဲဒီထဲက တစ်ခုကတော့ ဂျင်းသံပုရာဖျော်ရည်ပါပဲ။

ပါဝင်ပစ္စည်းများ

ginger.jpg 

ပါဝင်ပစ္စည်းတွေကတော့ ဂျင်း (ချင်း) မှုန့် လက်ဖက်ရည်ဇွန်း (၁) ဇွန်း၊ ရေ တစ်ခွက်ခွဲခန့်၊ သံပုရာရည် (၁) ဇွန်း၊ သစ်ကြံပိုးခေါက်မှုန့်အနည်းငယ်တို့ပဲ ဖြစ်ပါတယ်။

ပြုလုပ်နည်း

 

အရင်ဆုံး ဒယ်အိုးတစ်လုံးထဲမှာ ရေ တစ်ခွက်ခွဲခန့်နဲ့ ဂျင်းမှုန့် လက်ဖက်ရည်ဇွန်း (၁) ဇွန်းစာခန့်ကိုထည့်လိုက်ပါ။ (ဒီနေရာမှာ (၂) လက်မအရွယ်ခန့် ဂျင်း (ချင်းတက်) တစ်ခုကို သုံးမယ်ဆိုရင်လည်း ရပါတယ်။ အာနိသင်ကတော့ ဂျင်းမှုန့်က ပိုကောင်းပါတယ်။) ပြီးရင် မီးပျော့ပျော့မှာ အချိန် (၅) မိနစ်ခန့် အပူပေးလိုက်ပါ။ ပြီးရင် အရည်စစ်ထုတ်ပြီး အခန်းအပူချိန်မှာ အအေးခံပေးပါ။ ပြီးရင်တော့ ခွက်ထဲ ထည့်ပြီး သံပုရာရည်၊ သစ်ကြံပိုးခေါက်မှုန့်တို့နဲ့ ရောသမမွှေပြီး အသင့်သောက်သုံးနိုင်ပါပြီ။

ကျောဘက် ကင်မရာနှစ်လုံးပါ Samsung Galaxy J7+ ကို တရားဝင်မိတ်ဆက် 

ကျန်းမာရေးအကျိုးကျေးဇူးတွေ

lemon-ginger-iced-green-tea-with-honey-4.jpg 

ဂျင်း (ချင်း) ဟာ ကျွန်တော်တို့ခန္ဓာကိုယ်က အဆီတွေကိုလောင်ကျွမ်းစေခြင်း၊ အစာခြေစနစ်ကို ထောက်ကူပေးခြင်းနဲ့ ရောင်ရမ်းခြင်းဖြစ်မလာအောင် တားဆီးပေးခြင်းတို့မှာ ပါဝင်လုပ်ဆောင်ပေးပါတယ်။ နောက်ပြီး ဂျင်းဟာ ကျွန်တော်တို့ကို ကိုယ်အလေးချိန်ထိန်းသိမ်းရေးမှာ ကူညီပေးနိုင်ရုံတင်မကသေးပါဘူး။ ခန္ဓာကိုယ်ကို ဒုက္ခပေးမယ့် ဝမ်းဗိုက်အဆီတွေကိုလည်း စောင့်ကြည့်ထိန်းသိမ်းပေးပါတယ်။

ဗိုက်ပူခြင်းဟာ ရင်ပြည့်ရင်ကယ်ဖြစ်စေတဲ့ နောက်ကွယ်ကအကြောင်းရင်းတစ်ခုလည်း ဖြစ်နေနိုင်ပါတယ်။ ဒီ ဂျင်းသံပုရာဖျော်ရည်လေးက ရင်ပြည့်ရင်ကယ်မဖြစ်အောင်လည်း ကူညီပေးနိုင်ပါတယ်။ နောက်တစ်ခုကတော့ ဂျင်းတက်ဟာ ပုံမှန်ခန္ဓာကိုယ်အပူချိန်ကို မြင့်တက်စေတဲ့ သဘာဝရှိတဲ့အတွက် အဆီတွေကို ပိုမိုမြန်ဆန်စွာ လောင်ကျွမ်းစေနိုင်ပါတယ်။

Source: theindianspot

 

Share

Loading Next Article...
က္က