AD
AD
AD

အက်စ်ပရင် (Aspirin) ဆိုတာ နာမည်ကျော်အကိုက်အခဲပျောက်ဆေးတစ်မျိုးဖြစ်ပါတယ်။ ဒီအကိုက်အခဲပျောက်ဆေးဟာ ၂၀ ရာစု မကုန်ခင်ကတည်းက ကမ္ဘာတလွှားမှာ လူအများသိရှိကြပြီးသား ဖြစ်ပါတယ်။ ဒါပေမယ့် နောက်ပိုင်းမှာ အက်စ်ပရင်နေရာမာ ibuprofen ဆိုတဲ့အကိုက်အခဲပျောက်ဆေးရယ်၊ acetaminophen ဆိုတဲ့ အကိုက်အခဲပျောက်ဆေးရယ်က အစားထိုး ဝင်ရောက်လာခဲ့ပါတယ်။

play

 

Ibuprofen ကို ကိုယ်ကာယလေ့ကျင့်ခန်း အပြင်းအထန်လုပ်ပြီးရင် မသောက်သင့်သလို acetaminophen ကိုတော့ အရက်အလွန်အကျွံသောက်ထားပြီးရင် မသောက်သင့်ပါဘူး။

အက်စ်ပရင်ရဲ့အသုံးဝင်ပုံ

play
 

နောက်ပိုင်းမှာ အက်စ်ပရင်ဆေးကို အသုံးပြုပုံဟာလည်း ပြောင်းလဲသွားခဲ့ပါပြီ။ နောက်ပိုင်းကျရင် ဆရာဝန်တွေဟာ ဒီဆေးဝါးကို သွေးကြောထုံးခြင်းဖြစ်မလာအောင် ကာကွယ်ဖို့နဲ့ နှလုံးရောဂါ ရုတ်တရက် မထအောင် ထိန်းသိမ်းဖို့အတွက်ပဲ ညွှန်ကြားကြရ ပါလိမ့်မယ်။ ဒါပေမယ့် စိတ်ဓာတ်မကျပါနဲ့ဦး။ အက်စ်ပရင်ဆေးဝါးမှာလည်း နောက်ဆုံးတစ်ကွက်ကျန်ရှိနေပါသေးတယ်။ BBC ရဲ့အဆိုအရတော့ အက်စ်ပရင်ဆေးဝါးက သွားကျန်းမာရေးအတွက်လည်း အကျိုးပြုနိုင်ပါသေးသတဲ့။

သုတေသန

play
 

မကြာသေးမီကမှ အိုင်ယာလန်သိပ္ပံပညာရှင်တွေက သွားပေါ်မှာရှိတဲ့ ပင်မဆဲလ်တွေ ပြန်လည်ရှင်သန်ပျံ့ပွားရေးမှာ အက်စ်ပရင်ရဲ့ ကူညီနိုင်စွမ်းကို သုတေသနတစ်ခု ပြုလုပ်ခဲ့ပါတယ်။ အဲဒီမှာ သုတေသန ရလဒ်တွေက အံ့သြဖွယ်ပါပဲ။ ကွင်းစ်တက္ကသိုလ်က သုတေသီတွေကလည်း ပင်မဆဲလ်တွေကို လှုံ့ဆော်ခြင်းဖြင့် သွားအပေါ်ယံလွှာက အညှိအချွဲတွေကို ဖယ်ထုတ်ပစ်နိုင်စွမ်းကို အက်စ်ပရင်ဆေးဝါးက လှုံ့ဆော်အားပေးကြောင်း ရှာဖွေတွေ့ရှိခဲ့ပါတယ်။

 

ဒါပေမယ့် အက်စ်ပရင် တစ်နေ့တစ်လုံးသောက်ရုံနဲ့တော့ ဒီအကျိုးကျေးဇူးတွေကို ရရှိစေမှာမဟုတ်သေးပါဘူး။ သုတေသီတွေက အခုအချိန်မှာ အက်စ်ပရင်ဆေးကို ဘယ်လိုသုံးစွဲရင် ဘေးထွက်ဆိုးကျိုး အနည်းဆုံးနဲ့ ကျန်းမာရေးအာနိသင်တွေကို ရရှိနိုင်မလဲဆိုတာကို သုတေသနပြုလုပ်နေကြတုံးပါပဲ။ တစ်ချိန်တည်းမှာပဲ သွားတွေက သူတို့ဖာသာလည်း ဆဲလ်သစ်တွေ ပြန်လည်ဖော်ထုတ်နိုင်တဲ့အတွက် အက်စ်ပရင်ကို ဘယ်လောက်လိုအပ်ဦးမလဲဆိုပြီး ပြောဆိုနေကြပါတယ်။

သုတေသနကိုပြုလုပ်ခဲ့တဲ့ သုတေသီတွေထဲက တစ်ဦးဖြစ်တဲ့ ပါမောက္ခ Ikhlas El Karim ကတော့ အနာဂတ်သုတေသန လုပ်ငန်းစဉ်တွေမှာ အက်စ်ပရင်ရဲ့အရေးပါမှုက သိသာလာပါလိမ့်မယ်လို့ ဆိုပါတယ်။ "ကျွန်တော်တို့ပြောနေတာ လာမယ့် ဆယ်နှစ်၊ အနှစ် (၂၀) ကို ပြောနေတာမဟုတ်ပါဘူး။ မဝေးတော့တဲ့ အနာဂတ်မှာ လူနာတွေကို ကုသရာမှာတောင် အသုံးပြုလာ နိုင်တော့မယ်လို့ ယူဆထားပါတယ်။ နောက်ပိုင်းကျရင် သွားကျန်းမာရေး ရေရှည်ကောင်းမွန်စေဖို့အတွက် ရေရှည်မှာ အက်စ်ပရင် ဆေးဝါးရဲ့ ထိရောက်မှုက သိသာလာမှာပါ" လို့လည်း သူက ဆိုပါတယ်။

လက်ရှိအချိန်မှာတော့ သိပ္ပံပညာရှင်တွေ သုတေသနပြုလုပ်လေလေ၊ အက်စ်ပရင်ရဲ့ အာနိသင်တွေက ဆက်လက်ထွက်ပေါ်လာလေ ဖြစ်နေပါတယ်။

Source: Reader's Digest

Postby

 

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD