ဒါကြောင့် ဆီးချိုရောဂါကို အသံတိတ် လူသတ်သမား (silent killer) လို့ခေါ်ဝေါ်ကြတာဖြစ်ပါတယ်။

ဆီးချိုသွေးချိုရောဂါဆိုတာ ကြောက်မက်ဖွယ်ရောဂါတစ်မျိုးဖြစ်ပါတယ်။ လူတော်တော်များများကလည်း ကိုယ့်မှာ ဆီးချိုရောဂါရှိလို့ ရှိနေမှန်းတောင် မသိကြပါဘူး။ ဒါကြောင့် ဆီးချိုရောဂါကို အသံတိတ် လူသတ်သမား (silent killer) လို့ခေါ်ဝေါ်ကြတာဖြစ်ပါတယ်။ ဆီးချိုရောဂါကို စဖြစ်ဖြစ်ချင်းမှာ ထိန်းချုပ်ကုသနိုင်ခြင်းမရှိဘဲ လွှတ်ထားမယ်ဆိုရင် နှလုံးရောဂါ၊ ကျောက်ကပ်ရောဂါနဲ့ အမြင်အာရုံ ဆုံးရှုံးခြင်းတို့ကို ကြုံရနိုင်ပါတယ်။

 

အောက်မှာဖော်ပြထားတာကတော့ ဆီးချိုရောဂါရှိနေကြောင်း သိနိုင်တဲ့ လက္ခဏာလေးတွေပါပဲ။

၁။ ဆီးခဏခဏသွားတယ်

02_Silent-Diabetes-Symptoms-You-Might-Be-Missing_418715071_Iryna_Kolesova-1024x683 (2).jpg 

ဆီးချိုရောဂါရှိမယ်ဆိုရင် ခန္ဓာကိုယ်က အစားအစာတွေကို သကြားအဖြစ် ဖြိုခွဲရာမှာ နှေးကွေးလာမှာဖြစ်ပါတယ်။ ဒီလိုနဲ့ သွေးထဲမှာအချိုဓာတ်တွေ များလာတာဖြစ်ပါတယ်။ ခန္ဓာကိုယ်ဟာ သွေးထဲက အချိုဓာတ်တွေကို ဆီးထဲကတဆင့် ပြန်လည်စွန့်ထုတ်တတ်ပါတယ်။ ဒါကြောင့် ဆီးခဏခဏသွားချင်နေပြီဆိုရင် ဆီးချိုရောဂါရှိနေနိုင်ပြီလို့ ယေဘုယျအားဖြင့် ယူဆနိုင်ပါတယ်။ သေချာစစ်ဆေးမှု ပြုလုပ်သင့်ပါတယ်။

၂။ ရေခဏခဏငတ်မယ်

03_water_Silent-Diabetes-Symptoms-You-Might-Be-Missing_587948843_DmitryNaumov-1024x683 (2).jpg 

ဆီးအသွားများခြင်းက သင့်ကို ရေလည်းငတ်စေနိုင်ပါတယ်။ ဒီခေတ်လူငယ်တွေဟာ ရေငတ်ပြီလို့ခံစားရပြီဆိုရင် ရေမသောက်ဘဲ ဆိုဒါတွေ၊ ဖျော်ရည်တွေ၊ ချောကလက်နို့တွေ သောက်ကြတာများပါတယ်။ အဲဒီလို အချိုများတဲ့ ဖျော်ရည်ယမကာတွေဟာ သွေးထဲမှာ အချိုဓာတ်တွေ များပြားစေပြီး ဆီးချိုရောဂါဆီ ဦးတည်နိုင်ပါတယ်။ ဒါကြောင့်် ရေငတ်သလို ခံစားနေရရင် ရေသောက်တာဟာ အကောင်းဆုံးပါပဲ။

၃။ ရုတ်တရက်ကြီး ဝိတ်ကျသွားမယ်

04_scale_Silent-Diabetes-Symptoms-You-Might-Be-Missing_618484613_Artem-Oleshko-1024x683.jpg 

ကိုယ်အလေးချိန်လွန်ကဲခြင်းက ဆီးချိုရောဂါဖြစ်နိုင်တဲ့ လက္ခဏာတစ်ခုဖြစ်နေနိုင်သလို ရုတ်တရက် ကိုယ်အလေးချိန် ကျဆင်းခြင်းဟာလည်း ဆီးချိုရောဂါဖြစ်စေနိုင်တဲ့ လက္ခဏာတစ်ခု ဖြစ်နေတာကို လူ သိပ်မသိကြသေးပါဘူး။ တကယ်တော့ အစားလဲမလျှော့၊ လေ့ကျင့်ခန်းလည်း မလုပ်ဘဲ ရုတ်တရက်ကြီး ဝိတ်ကျတယ်ဆိုတာ ခန္ဓာကိုယ်က ရေဓာတ်အလွန်အကျွံ ဆုံးရှုံးလို့ဖြစ်နိုင်သလို ဆီးသွားရင်းနဲ့ ဆီးထဲမှာ ကယ်လိုရီတွေအများကြီးပါသွားပြီး ခန္ဓာကိုယ်တွင်းမှာ ကယ်လိုရီ မလုံလောက်တာလည်း ဖြစ်နိုင်ပါတယ်။

မင်းသားဝီလျံရဲ့ကြင်ယာတော် မင်းသမီး ကိတ်မစ်ဒယ်တန်မှာ တတိယမြောက် ကိုယ်ဝန်လွယ်ထား 

၄။ ခဏခဏဗိုက်ဆာမယ်

05_stomach_Silent-Diabetes-Symptoms-You-Might-Be-Missing_412908298_Andrey_Popov-1024x683.jpg

ဆီးချိုရောဂါသည်တွေအဖို့ ရုတ်တရက်ကြီး ချွေးစေးတွေထွက်လာပြီး အစာတစ်ခုခုကို တောင့်တလာတာက မဆန်းပါဘူး။ ဒါဟာလည်း သွေးတွင်းသကြားမြင့်တက်လာတဲ့အခါမှာ ဂလူးကို့စ်ဓာတ်ကို ခန္ဓာကိုယ်က လက်ခံကိုင်တွယ်နိုင်စွမ်း လျော့နည်းလာလို့ပါပဲ။ ဥပမာ.. ကာဘိုဟိုက်ဒရိတ်များတဲ့ အစားအစာတစ်ခုကို စားလိုက်တဲ့အချန်မှာ အင်ဆူလင်တွေ ဆောင့်တက်လာပြီး ဂလူးကို့စ်ကတော့ ကျသွားပါလိမ့်မယ်။ ဒီလိုနဲ့ ဗိုက်ခဏခဏဆာလာပြီး တစ်ခုခုကိုစားဖို့ လိုအပ်လာပါလိမ့်မယ်။

၅။ အမြဲလိုလို မောပန်းနေပါလိမ့်မယ်

06_eyes_Silent-Diabetes-Symptoms-You-Might-Be-Missing_370347539_g-stockstudio-1024x683 (1).jpg 

အလုပ်တွေများရင်၊ စိတ်ဖိစီးမှုတွေများရင် မကြာခဏလိုလို မောပန်းနွမ်းနယ်တတ်တာက သဘာဝပါပဲ။ ဒါပေမယ့် တောက်လျှောက်ကြီး မောပန်းနွမ်းနယ်နေမယ်ဆိုရင်တော့ အာရုံစိုက်အလေးထားသင့်တဲ့ လက္ခဏာတစ်ခု ဖြစ်နေပါပြီ။ ဒါဟာ သင်စားလိုက်တဲ့ အစားအစာတွေက စွမ်းအင်အဖြစ် ပြိုကွဲပြီး ဆဲလ်တွေရဲ့အသုံးပြုခြင်းကို မခံရဘူးလို့ ဆိုုလိုနေတာပါ။ အတိုချုံးပြောရရင်တော့ ခန္ဓာကိုယ်ဟာ ဆက်လက်လည်ပတ်ဖို့အတွက် လောင်စာကို မရရှိတာပါ။ ဒီလိုနဲ့ အချိန်တိုင်းလိုလို မောပန်းနွမ်းနယ်နေရပါလိမ့်မယ်။

Source: Reader's Digest

 

Share

Loading Next Article...
က္က