လူတစ်ယောက်ရဲ့ကိုယ်သင်းနံ့က ဆန့်ကျင်ဘက်လိင်ကို ဆွဲဆောင်နိုင်မှုရှိပါသလား။

သုတေသီတွေဟာ လူတစ်ယောက်စားတဲ့အစားအသောက်နဲ့ သူ့ရဲ့ကိုယ်ပိုင်ကိုယ်သင်းနံ့ကြားက ဆက်နွယ်မှုကို ရှာဖွေနေကြပါတယ်။ နောက်ပြီး လူတစ်ယောက်ရဲ့ကိုယ်သင်းနံ့က ဆန့်ကျင်ဘက်လိင်ကို ဆွဲဆောင်နိုင်မှုရှိမရှိဆိုတာကိုပေါ့။

 

သြစတြေးလျနိုင်ငံ၊ Macquarie တက္ကသိုလ်က စိတ်ပညာရှင်တွေရဲ့ လေ့လာမှုအသစ်တစ်ခုအရတော့ လူတစ်ယောက်စားသုံးတဲ့ အစားအစာတွေဟာ ကိုယ်သင်းနံ့ကို လွှမ်းမိုးမှုရှိနေနိုင်ကြောင်း သိရှိရပါတယ်။ နောက်ပြီး အဲဒီကိုယ်သင်းနံ့ကလည်း လူတစ်ယောက်ကို ဆွဲဆောင်မှုရှိစေတာ ဖြစ်နေနိုင်ပါတယ်။

သုတေသီတွေကတော့ သုတေသနရဲ့ရည်ရွယ်ချက်က လူတစ်ယောက်ရဲ့ကိုယ်သင်းနံ့၊ ချွေးနံ့ ပြင်းမပြင်းဟာ သူ့ရဲ့အစားအသောက်ထဲမှာ ဟင်းသီးဟင်းရွက်၊ သစ်သီးဝလံတွေကို ဘယ်လောက်များများ ထည့်သွင်းစားသုံးတယ်ဆိုတာနဲ့ ဆက်စပ်မှုရှိမရှိကို ရှာဖွေတာဖြစ်ပါတယ်။ အထူးသဖြင့် carotenoid (အပင်တွေမှာပါဝင်တဲ့ အနီ၊ အဝါ၊ လိမ္မော်ရောင်ခြယ် အပိုင်းတွေ) ပါဝင်မှုများပြားတဲ့ ဟင်းသီးဟင်းရွက်တွေပေါ့။

 

အဆိုပါအဆိုကြမ်းကို လက်တွေ့သက်သေပြနိုင်ဖို့အတွက် သုုတေသီတွေဟာ အသက် (၁၈) နှစ်ကနေ (၃၀) ကြားမှာရှိတဲ့ အမျိုးသား (၄၅) ဦးနဲ့ အမျိုးသမီး (၉) ဦးတို့ကို ရွေးချယ်ခဲ့ပါတယ်။ ပြီးတော့ အမျိုးသားတွေကို သူတို့ နေ့စဉ်စားသုံးတဲ့ အစားအစာတွေကို (၂) ရက်လောက် မှတ်တမ်းတင်ထားဖို့ ညွှန်ကြားထားပါတယ်။

See also 

အဲဒီအချိန်မှာ သူတို့ကို အဖြူရောင်တီရှပ်ရိုးရိုးတွေကိုပဲ ဝတ်ဆင်စေခဲ့ပါတယ်။  အဲဒီအမျိုးသားတွေကို ချွေးထွက်စေမယ့် ကိုုယ်ကာယလေ့ကျင့်ခန်းတွေကိုလည်း ပြုလုပ်ဖို့ရာ အားပေးခဲ့ပါတယ်။ ဒါပေမယ့် ရေချိုးချိန်မှာတော့ သူတို့ကို ဆပ်ပြာပေးမသုံးထားပါဘူး။ ပြီးတော့ ချိုင်းကြားအနံ့ပျောက်ဆေး (deodorant) ကိုလည်း ပေးမသုံးထားပါဘူး။

 

သုတေသနပြီးစီးတဲ့အချိန်မှာ အမျိုးသားတွေဝတ်ထားတဲ့ တီရှပ်တွေကို သူတို့စားထားတဲ့ အစားအသောက်စာရင်းနဲ့အတူ ဓာတ်ခွဲခန်းကိုပို့ပြီး စစ်ဆေးစေခဲ့ပါတယ်။ နောက်ပြီး အမျိုးသမီးတွေကိုတော့ ကြိုတင်သတ်မှတ်ထားတဲ့ ဘာသာစကားတစ်မျိုးနဲ့ တီရှပ်တစ်ထည်ချင်းစီပေါ်က ကိုယ်သင်းနံ့ကို အမှတ်ပေးဖို့ တောင်းဆိုခဲ့ပါတယ်။ အဲဒီမှာ တွေ့ရှိရတာက အသီးအရွက်များများ စားတဲ့ ယောကျ်ားတွေရဲ့ ချွေးနံ့ဟာ ပိုမိုကောင်းမွန်တယ်ဆိုတာပါပဲ။

အစားအသောက်နဲ့ ကိုယ်သင်းနံ့

Body-Odor.jpg 

သုတေသီအဖွဲ့ဟာ အစားအသောက်၊ ဆွဲဆောင်နိုင်စွမ်းနဲ့ ဆွဲဆောင်မှုရှိခြင်းကြားက ဆက်နွယ်မှုတွေကို နှစ်ပေါင်းများစွာ သုတေသနတွေ ပြုလုပ်ခဲ့ကြပါတယ်။ "လူတစ်ယောက်ရဲ့ ဆွဲဆောင်မှုရှိခြင်းဆိုတာ သူ့ရဲ့ကျန်းမာရေးနဲ့လည်း ဆက်စပ်နေပါတယ်" လို့ Ian Stephen ဆိုတဲ့ သုတေသီတစ်ဦးက Healthline ကို ပြောကြားခဲ့ပါတယ်။

"အသီးအနှံတွေကို ပိုစားတဲ့လူတွေက အသားအရေလှပြီး အသားအရေလှတဲ့လူတွေဟာလည်း ကိုယ်သင်းနံ့ပိုမိုကောင်းမွန်သလို ဆွဲဆောင်မှုလည်းပိုရှိပါတယ်" လို့လည်း ဆိုခဲ့ပါတယ်။ သူမရဲ့အဆိုအရတော့ အသား၊ ကာဘိုဟိုက်ဒရိတ်၊ ဒိန်ခဲ တို့လို အနံ့ပြင်းတဲ့အစားအသောက်တွေက ကိုယ်သင်းနံ့ကိုလည်း ပိုမိုဆိုးရွားစေပါတယ်တဲ့။

Source: Healthline

 

Share

Loading Next Article...
က္က