ကျွမ်းကျင်သူတွေကတော့ မိနစ် (၃၀) ကြာတိုင်းမှာ ခဏလောက်လမ်းထလျှောက်ဖို့ တိုက်တွန်းထားပါတယ်။

ကျွမ်းကျင်သူတွေကတော့ မိနစ် (၃၀) ကြာတိုင်းမှာ ခဏလောက်လမ်းထလျှောက်ဖို့ တိုက်တွန်းထားပါတယ်။ ဘာလို့လဲဆိုတော့ ကျန်တဲ့အချိန်မှာ လေ့ကျင့်ခန်းဘယ်လောက်ပဲလုပ်လုပ်၊ အချိန်အကြာကြီး ထိုင်နေမယ်ဆိုရင် စောစီးစွာသေဆုံးနိုင်ခြေ ရှိနေလို့ပါပဲလို့ မကြာသေးမီက ပြုလုပ်ခဲ့တဲ့ သုတေသနအသစ်တစ်ခုက ဆိုပါတယ်။

သုတေသနအရတော့ ထိုင်ခုံပေါ်မှာထိုင်နေရင်း သုံးစွဲမိတဲ့ကြာချိန်နဲ့ စောလျင်စွာသေဆုံးနိုင်ခြေတို့ကြားမှာ တိုက်ရိုက်ဆက်နွယ်မှု ရှိနေတယ်လို့ ဆိုထားပါတယ်။ သုတေသနမှာ အရွယ်ရောက်ပြီး လူပေါင်း (၈၀၀၀) ကျော်ကို လေ့လာခဲ့တာဖြစ်ပါတယ်။ အချိန်ကြာကြာထိုင်လေလေ၊ စောလျင်စွာသေဆုံးနိုင်ခြေ များလေလေပါပဲ။

"နည်းနည်းပဲထိုင်၊ များများလှုပ်ရှား" ဆိုတာ အမေရိကန် နှလုံးကျန်းမာရေးအဖွဲ့က ကျွန်တော်တို့အားလုံးအတွက် အကြံပြုထားတဲ့ အရာပါပဲ။ ဒါပေမယ့် ဒီထက်ပိုပြီးတိကျတဲ့ guideline တစ်ခုတော့ ရှိသင့်ပါတယ်။

 

အမေရိကန်ရောဂါထိန်းချုပ်ရေးနဲ့ ကာကွယ်ရေးဗဟိုကတော့ တစ်ပတ်ကို အေရိုးဗစ်လေ့ကျင့်ခန်း (၂) နာရီခွဲလောက် လုပ်ပေးသင့်တယ်။ နောက် ကြွက်သားလေ့ကျင့်ခန်းတွေကို တစ်ပတ်ကို (၂) ရက်လောက် လုပ်ပေးသင့်တယ်လို့ အကြံံပြု ထားပါတယ်။ ဒီလိုပဲ အချိန်ကြာမြင့်စွာထိုင်ခြင်းနဲ့ ပတ်သက်ရင်လည်း ကျန်းမာရေး guideline လေးတွေ ထားရှိပေးသင့်တယ်လို့ သုတေသီတစ်ဦးဖြစ်တဲ့ Keith Diaz က ဆိုပါတယ်။

See Also: 

"မိနစ် (၃၀) ဆက်တိုက်ထိုင်ပြီးတိုင်းမှာ (၅) မိနစ်လောက် break ယူပြီး လမ်းလျှောက်ပေးခြင်းက အချိန်ကြာကြာထိုင်ခြင်းကြောင့်် ဖြစ်တတ်တဲ့ ကျန်းမာရေးပြဿနာတွေကို လျော့နည်းစေပါတယ်" လို့ Diaz က ဆိုပါတယ်။

ထိုင်တာများရင် အရွယ်ရင့်လာမယ်

old-man-gives-thumbs-up-with-laptop.jpg 

အထိုင်များခြင်းနဲ့ စောစီးစွာသေဆုံးခြင်းကြားထဲက ဆက်နွယ်မှုကိုနားလည်ဖို့အတွက် Diaz နဲ့ သူ့ရဲ့လုပ်ဖော်ကိုင်ဖက်တွေဟာ လေ့လာမှုတွေပြုလုပ်ခဲ့ကြပါတယ်။ အရွယ်ရောက်သူတွေရဲ့ ထိုင်ချိန်ကို တိုင်းတာဖို့အတွက် သုတေသီတွေဟာ accelerometer ဆိုတဲ့ တိုင်းတာကိရိယာတွေကို အသုံးပြုခဲ့ကြပါတယ်။

လေ့လာလို့ရရှိတဲ့အချက်အလက်တွေကို ခွဲခြမ်းစိတ်ဖြာကြည့်တဲ့အခါ အသက်အရွယ်ကြီးလာတာနဲ့အမျှ အထိုင်ပိုများလာတာကို ရှာဖွေ တွေ့ရှိခဲ့ကြပါတယ်။ နောက်ဆုံးမှာတော့ သုတေသနရလဒ်တွေအရ ထိုင်ချိန်ပိုကြာလေလေ... အကြောင်းတစ်ခုခုကြောင့် စောလျင်စွာ သေဆုံးနိုုင်ခြေ ပိုများလေလေဆိုတာကို အဖြေထုတ်နိုင်ခဲ့ကြပါတယ်။

"တိကျတဲ့ကိန်းဂဏန်းတစ်ခုကို ပြသရမယ်ဆိုရင် တစ်နေ့ကို (၁၃) နာရီထက်ပိုပြီး ထိုင်တဲ့သူတွေဟာ တစ်နေ့ကို (၁၁) နာရီအောင်ထိုင်တဲ့သူတွေနဲ့ နှိုင်းယှဉ်ရင် သေဆုံးနိုင်ခြေ (၂) ဆပိုများနိုင်ပါတယ်" လို့လည်း Diaz က ဆိုပါတယ်။

Source: CNN

 

Share

Loading Next Article...
က္က