စိတ်သောကရောက်ခြင်းဟာ ကျွန်တော်တို့မျိုးဆက်ကို ကိုက်ခဲနေတဲ့ ပိုးမွှားတစ်ကောင်ဆိုလည်း မမှားပါဘူး။

အရွယ်ရောက်ပြီး အမေရိကန်လူဦးရေ သန်း (၄၀) ကျော်ဟာ စိတ်သောကရောက်ခြင်းဝေဒနာကို တွေ့ကြုံခံစားနေရပါတယ်။ ဒီကိန်းဂဏန်းတွေဟာ တစ်ကမ္ဘာလုံးအတိုင်းအတာနဲ့ ကြည့်မယ်ဆိုရင်လည်း မနည်းလှပါဘူး။ စိတ်သောကရောက်ခြင်းဟာ ကျွန်တော်တို့မျိုးဆက်ကို ကိုက်ခဲနေတဲ့ ပိုးမွှားတစ်ကောင်ဆိုလည်း မမှားပါဘူး။

 

စိတ်သောကဝေဒနာဟာ ပုံစံအမျိုးမျိုးနဲ့ လာတတ်ပါတယ်။ ကျွန်တော်တို့ပတ်ဝန်းကျင်မှာ စိတ်သောကဝေဒနာ အနုအရင့်ပေါင်းစုံကို ခံစားနေရတဲ့သူတွေကိုလည်း တွေ့ဖူးကြမှာပါ။ စိတ်သောကရောဂါ ပြင်းထန်လာရင် စိတ်ကျရောဂါအသွင် ပြောင်းလဲသွားတတ်ပြီး အသက်သေဆုံးသည်အထိ ဖြစ်နိုင်ပါတယ်။ စိတ်သောကရောက်ခြင်းကို ထိန်းချုပ်နိုင်ဖို့အတွက် လက်ဖက်ရည်ကောင်းကောင်း တစ်ခွက်ပဲ လိုပါတယ်။

၁။ ဂျင်း (ချင်း) လက်ဖက်ရည်

Honey-Ginger-And-Lemon-Tea.jpg 

ဂျင်းလက်ဖက်ရည်ဟာ စီရိုတိုနင် (serotonin) နဲ့ ဒိုပါမင်း (dopamine) ဆိုတဲ့ ဓာတုပစ္စည်းတွေကို လှုံ့ဆော်ပေးပြီး ကျွန်တော်တို့ရဲ့အာရုံစူးစိုက်မှုတွေ၊ မှတ်ဉာဏ်တွေ၊ စိတ်ခံစားမှုတွေနဲ့ အိပ်စက်ခြင်းတွေကို ပိုမိုကောင်းမွန်လာစေပါတယ်။ နောက်ပြီး သူ့မှာပါဝင်တဲ့ antioxidant တွေကလည်း ဦးနှောက်ကို ကင်ဆာဆဲလ်တွေ မပျံ့ြ့ပားနိုင်အောင် ကူညီကာကွယ်ပေးနိုင်ပါတယ်။ သူ့ရဲ့ အဓိက အကျိုးကျေးဇူးကတော့ မောပန်းနွမ်းနယ်မှုတွေ၊ စိတ်ဖိစီးမှုကိုဖြစ်စေတဲ့ ဟော်မုန်းတွေကို ထိန်းချုပ်ပေးခြင်းဖြင့် စိတ်သောကတွေကို ကိုင်တွယ်ဖြေရှင်းပေးနိုင်တာပါပဲ။

ပြုလုပ်နည်းကလည်း အထူးလွယ်ကူပါတယ်။ ဂျင်းမှုန့် လက်ဖက်ရည်ဇွန်း (၁) ဇွန်း (သို့) (၂) လက်မအရွယ်ခန့် ဂျင်း (ချင်း) တက်တစ်တောင့်ကို ရေနွေးထဲမှာစိမ်ပြီး ပြုလုပ်ရုံပါပဲ။ (၅) မိနစ်နဲ့ (၁၀) မိနစ်ကြား ပြုတ်ပေးမယ်ဆိုရင် အအေးခံပြီး သောက်သုံးနိုင်ပါပြီ။ အရသာပိုမိုကောင်းမွန်အောင် ပျားရည်နည်းနည်းထည့်ပြီး သောက်သုံးနိုင်ပါတယ်။

ကမ္ဘာတလွှား ထူးထူးခြားခြားကော်ဖီများ 

၂။ လက်ဖက်စိမ်းရေနွေးကြမ်း (Green Tea)

 Green-Tea-and-Bowels.jpg

လက်ဖက်စိမ်းရေနွေးကြမ်းထဲမှာတော့ ကဖင်း (caffeine)၊ L-theanine နဲ့ ခွန်အားတိုးစေတဲ့ ဂုဏ်သတ္တိတွေပါဝင်တဲ့အတွက် စိတ်ကိုတည်ငြိမ်စေပြီး စိတ်ခံစားမှုကိုလည်း ကောင်းမွန်စေပါတယ်။ သူ့မှာပါဝင်တဲ့ အမိုင်နိုအက်ဆစ်တစ်မျိုးဖြစ်တဲ့ theanine ဟာ စိတ်သောကရောက်ခြင်းကို ချေမှုန်းတိုက်ဖျက်နိုင်တဲ့ serotonin နဲ့ dopamine ဓာတ်တွေထွက်လာအောင် ကူညီပေးနိုင်ပါတယ်။

လက်ဖက်စိမ်းရေနွေးကြမ်းပြုလုပ်နည်းကတော့ Green tea တစ်ထုပ်ကို ရေနွေးထဲမှာစိမ်ပြီး (၃) မိနစ်လောက် စိမ်ထားပေးလိုက်ရုံပါပဲ။ ပြီးရင် လက်ဖက်ခြောက်ထုပ်ကို ဖယ်ထုတ်လိုက်ပြီး သံပုရာရည်နဲ့ ပျားရည်နည်းနည်းရောပေးလိုက်ရုံပါပဲ။ နေ့စဉ် မနက်စာစားတိုင်း သောက်ပေးမယ်ဆိုရင် စိတ်သောကကင်းဝေးစေနိုင်မှာပါ။

၃။ စမုန်နက်လက်ဖက်ရည်

Fennel-Seed-Tea-For-Digestion-And-Weight-Loss.jpg 

စမုန်နက်လက်ဖက်ရည်ကတော့ အာရုံကြောတွေကိုတည်ငြိမ်စေပြီး သောကကင်းဝေးစေပါတယ်။ နောက်ပြီး သူ့မှာပါဝင်တဲ့ အငွေ့ပြန်လွယ်တဲ့အဆီတွေမှာ anxiolytic လို့ခေါ်တဲ့ သောကကင်းဝေးစေတဲ့ အာနိသင်တွေ ပါဝင်ပါတယ်။ နောက်ပြီး ၎င်းဟာ စိတ်သောကရောက်ခြင်းကို ဖြစ်စေတဲ့ အူတွင်းကလီစာ လက္ခဏာတွေကိုလည်း လျော့ပါးစေပါတယ်။

အရင်ဆုံး လှော်ပြီးသား စမုန်နက်စေ့ လက်ဖက်ရည်ဇွန်း (၂) ဇွန်းစာခန့်ကို ရေနွေးပူပူတစ်ခွက်ထဲ ထည့်စိမ်လိုက်ပါ။ (၅) မိနစ်၊ ဆယ်မိနစ်လောက် စိမ်ပြီးရင် မီးပိတ်ပြီး အအေးခံထားနိုင်ပါပြီ။ အခန်းအပူချိန်လောက်ပဲ ကျန်တော့တယ်ဆိုရင် သောက်လို့ရပါတယ်။ စမုန်နက်လက်ဖက်ရည်ကိုတော့ အစာစားပြီးတိုင်း ပုံမှန်သောက်သုံးပေးသင့်ပါတယ်။

၄။ ရို့စ်မေရီလက်ဖက်ရည်

5518_10-Amazing-Health-Benefits-Of-Rosemary-Tea.jpg 

ရို့စ်မေရီမှာ သွေးလည်ပတ်မှုကိုလှုံ့ဆော်ပေးခြင်း၊ အသက်ရှူလမ်းကြောင်းကြွက်သားတွေကို တင်းမာမှုပြေလျော့စေခြင်းတို့ဖြင့် စိတ်ကိုတည်ငြိမ်စေနိုင်ပြီး စိတ်ဖိစီးမှုနဲ့ သောကတွေကင်းဝေးအောင်လည်း ပြုလုပ်ပေးနိုင်ပါတယ်။

ရို့စ်မေရီအခြောက် (၂) ပွင့်ခန့်ကို ရေနွေးခွက်တစ်ခွက်ထဲထည့်စိမ်ထားလိုက်ပါ။ ခွက်ကိုအဖုံးအုပ်ပြီး (၁၀) မိနစ်ခန့် နှပ်ထားပေးလိုက်ပါ။ ပြီးရင်တော့ ရေပြန်စစ်ပြီး ပျားရည်နည်းနည်းရောပေးလိုက်ပါဦး။ ပုံမှန်သောက်သုံးပေးမယ်ဆိုရင် စိတ်ကျေနပ်ဖွယ်အကျိုးကျေးဇူးတွေကို ရရှိစေနိုင်မှာပါ။

Source: diyremedies

 

Share

Loading Next Article...
က္က