ရို့စ်မေရီရွက်မှာ အကျိုးရှိဗိုက်တာမင်နဲ့ သတ္တုဓာတ်တွေ အများကြီးပါဝင်ပါတယ်။

ရို့စ်မေရီရွက်ဟာ မြေထဲပင်လယ်ဒေသတဝိုက်မှာ ပေါက်ရောက်တဲ့ အပင်တစ်မျိုးဖြစ်ပါတယ်။ သူ့ရဲ့မွှေးကြိုင်တဲ့အနံ့နဲ့ ထူးခြားတဲ့ အရသာကြောင့် ကမ္ဘာတလွှားမှာ ကျော်ကြားပါတယ်။ ဒီဆေးရွက်နဲ့ ပတ်သက်ပြီး ထူးခြားတဲ့အချက်တစ်ချက်ကတော့ သူ့မှာ အကျိုးရှိဗိုက်တာမင်နဲ့ သတ္တုဓာတ်တွေအများကြီးပါဝင်ပါတယ်။ ဒါကြောင့်လည်း လူအများဟာ သူတို့ရဲ့နေ့စဉ်အစားအစာတွေထဲမှာ ရို့စ်မေရီရွက်ကို ထည့်သွင်းကြတာဖြစ်ပါတယ်။ ရို့စ်မေရီရဲ့အကျိုးကျေးဇူးတွေကတော့....



၁။ အစာခြေစနစ်နဲ့ ပတ်သက်ပြီး အကူအညီပေးတယ်

pms-high-blood-pressure.jpg 

ရို့စ်မေရီရွက်ဟာ အစာခြေအင်္ဂါ အဖွဲ့အစည်းကို ကောင်းစွာအလုပ်လုပ်နိုင်အောင် ကူညီပေးခြင်းကြောင့် လူသိများပါတယ်။ အစားစားတာများပြီး ဗိုက်အောင့်တာ၊ ရင်ပြည့်ရင်ကယ်ဖြစ်တာတို့ဖြစ်ပြီး မအီမသာဖြစ်နေရင် ဒီသဘာဝလက်ဖက်ရည်လေးက အူတွင်းကလီစာတွေနဲ့ အစာခြေအင်္ဂါတွေကို ကောင်းမွန်စွာအလုပ်လုပ်အောင် ကူညီပေးနိုင်ပါတယ်။ ဝမ်းချုပ်ခြင်းနဲ့ ဗိုက်နဲ့ဆိုင်တဲ့ အခြားပြဿနာတွေမှာလည်း ဒီလက်ဖက်ရည်လေးကို အသုံးပြုနိုင်ပါတယ်။

၂။ ကိုယ်ခံအားပိုမိုကောင်းမွန်စေတယ်

ရို့စ်မေရီလက်ဖက်ရည်ဟာ ကိုယ်ခံအားကို မြှင့်တင်ပေးရာမှာ အံ့သြဖွယ်လုပ်ဆောင်နိုင်ပါတယ်။ ဒါဟာသူ့မှာပါဝင်တဲ့ antioxidant တွေရယ်၊ ရောင်ရမ်းမှုကိုတိုက်ဖျက်ပေးတဲ့ ဂုဏ်သတ္တိတွေရယ်ကြောင့်ပါပဲ။ သူ့မှာ ရောဂါပျောက်ကင်းစေတဲ့ စွမ်းအင်တွေလည်း အများကြီးပါလို့ တစ်ကိုယ်လုံးကျန်းမာရေးကိုလည်း ကောင်းမွန်လာအောင် ကူညီပေးနိုင်ပါတယ်။

၃။ အရေပြားယားယံခြင်းကို သက်သာစေတယ်

25-Uses-for-Tea-Tree-Oil-Keeper-of-the-Home-feat.jpeg 

ရို့မေရီလက်ဖက်ရည်ကို သောက်လို့ပဲရတာမဟုတ်ပါဘူး။ အရေပြားဓာတ်မတည့်မှုကြောင့် ယားယံတဲ့အခါ ရေချိုးကန်ထဲမှာလည်း ထည့်သွင်းပြီး ချိုးပေးနိုင်ပါသေးတယ်။ သွေးမသန့်ခြင်းနဲ့ သွေးလှည့်ပတ်မှု နှေးကွေးခြင်းကြောင့်ဖြစ်တဲ့ အရေပြားရောဂါတွေကို ကုသပေးနိုင်ပါတယ်။ ဝက်ခြံပေါက်ရင်လည်း ရို့စ်မေရီလက်ဖက်ရည်နဲ့ တို့ပေးနိုင်ပါသေးတယ်။

၄။ ဆံပင်ကိုကျန်းမာစေတယ်

ရို့စ်မေရီလက်ဖက်ရည်ကို ခေါင်းလျှော်ပြီးတိုင်း ပေါင်းဆေးအဖြစ် သုံးပေးနိုင်ပါသေးတယ်။ အဲဒီလိုသုံးပေးခြင်းဖြင့် ဦးရေပြားကို ကျန်းမာစေသလို ဆံသားကျန်းမာရေးကိုလည်း အထောက်အကူပြုပါတယ်။ ဦးရေပြားဗောက်ထနေမယ်ဆိုရင် ရို့မေရီလက်ဖက်ရည်နဲ့ ခေါင်းဆေးပေးခြင်းက ဗောက်တွေကို ရှင်းလင်းပေးပါတယ်။

၅။ အအေးမိတုပ်ကွေးရောဂါကို သက်သာစေတယ်

flu-outbreak-1.jpg 

အခုလို တုပ်ကွေးရာသီမှာ တုပ်ကွေးရောဂါမဖြစ်စေချင်ရင် ရို့စ်မေရီလက်ဖက်ရည်လေးတစ်ခွက်ကို ပုံမှန်သောက်ပေးရုံပါပဲ။ နောက်ပြီး ဒီလိုလုပ်ပေးခြင်းဖြင့် ခေါင်းကိုက်ခေါင်းခဲခြင်းကိုလည်း သက်သာစေပါတယ်။ မနက်ခင်းတိုင်းကို ရို့စ်မေရီလက်ဖက်ရည်လေးတစ်ခွက်နဲ့ စတင်ခြင်းကလည်း စိတ်နဲ့ ခန္ဓာကိုယ်ကို တည်ငြိမ်စေပါတယ်။

Source: Stylecraze

 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က