ဆီးချိုဖြစ်နိုင်တယ်ဆိုတာ ဟုတ်သလား?

သင်ဟာ နေ့လယ်နေ့ခင်း တစ်မှေးအိပ်တတ်သူ ဖြစ်ပါသလား။ ဒါဟာ သင့်ကို ကောင်းကျိုးဖြစ်စေလား၊ ဆိုးကျိုးသက်ရောက်စေလား ဆိုတာကိုရော တွေးမိဖူးပါသလား။ ‌နေ့ခင်‌းအချိန်‌‌တွေမှာ မကြာခဏ တ‌စ်မှေးအိပ်‌စက်‌ခြင်‌းက သင်‌့ကို ဆီးချို‌ရောဂါနဲ့ နှလုံး‌သွေး‌ကြောနဲ့သက်ဆိုင်တဲ့ရောဂါတွေ ဖြစ်နိုင်ခြေ ရာခိုင်နှုန်း ပိုများလာစေတယ်လို့ အမေရိကန်အ‌ခြေစိုက်‌ ကျန်းမာရေးစာစောင်တစ်ခုက ရေးသားဖော်ပြခဲ့ဖူးပါတယ်။

 

ဒါပေမဲ့ ဒီအချက်တွေဟာ မဟုတ်မှန်ကြောင်း အရီဇိုးနားပြည်‌နယ်‌တက္ကသိုလ်‌က ပါ‌မောက္ခ ‌ဒေါက်‌တာ Michael Gardens က ‌ငြင်းဆိုလိုက်ပါတယ်။ ဒေါက်တာ မိုက်ကယ်ဂါးဒင်းစ်က ‌နေ့ခင်‌းဘက်‌‌တွေမှာ တ‌စ်မှေးအိပ်စက်ခြင်းဟာ သင်‌့အ‌နေနဲ့ ညဘက်‌‌တွေမှာ အိပ်‌‌ရေးမဝခြင်းနဲ့ မကြာခဏ လန့်နိုးခြင်းတို့ ကြုံခဲ့လို့သာ နေ့ဘက်တွေမှာ ခတ္တခဏအိပ်စက်ဖြစ်နေခြင်းလို့ ဆိုပါတယ်။ ညဘက်‌အိပ်‌မ‌ပျော်‌တာက‌တော့ အယ်‌လ်ဇိုင်‌းမားရောဂါနဲ့ အဝလွန်‌‌ခြင်းတို့ ဖြစ်စေခြင်းနဲ့တော့ ဆက်‌စပ်‌‌နေပါတယ်‌။

 

see also 

နေ့လယ်နေ့ခင်း တစ်မှေးအိပ်မယ်ဆိုရင်တော့ တစ်ရက်ကို တစ်နာရီနဲ့အထက် ပိုအိပ်ဖြစ်နေတယ်ဆိုရင်တော့ သင့်ရဲ့အိပ်‌စက်‌မှု ဒါမှမဟုတ်‌ သင်‌့ကျန်‌းမာ‌ရေးမှာ ပြဿနာ‌တွေရှိ‌နေတယ်‌ဆိုတဲ့ လက္ခဏာပါပဲ။ ဒါ‌ပေမဲ့ တစ်ရက်‌ကို မိနစ်‌ ၂၀ က‌နေ ၃၀ အကြား တစ်မှေးအိပ်‌စက်‌ခြင်‌းက‌တော့ သင်‌့ကို ‌ကောင်‌းကျိုး‌တွေ ရရှိ‌စေပါတယ်‌လို့ ‌ဒေါက်‌တာမိုက်ကယ်က ဆက်‌လက်‌‌ပြောကြားထားပါတယ်‌။

 

ထိုကဲ့သို့ အိပ်‌စက်‌ခြင်‌းဖြင်‌့ သင်‌့ရဲ့ ရုပ်‌ပိုင်‌းဆိုင်‌ရာ‌ရော စိတ်‌ပိုင်‌းဆိုင်‌ရာ‌မှာပါ ‌ကောင်‌းကျိုး‌တွေရရှိ‌စေပါတယ်‌။ ‌နေ့ခင်‌းဘက်‌မှာ ခဏတာ အိပ်‌စက်‌အနားယူတာက သင်‌့ကို Expresso ‌ကော်‌ဖီ ၂ခွက်‌ ဒါမှမဟုတ်‌ အားဖြည့်အချိုရည် တစ်ဗူးစာနဲ့ ညီမျှတဲ့ စွမ်းအားကို ရရှိစေပါတယ်လို့လည်း သိရပါတယ်။

 

ပုံမှန်‌ ‌နေ့ခင်‌းဘက်‌ မိနစ်‌အနည်‌းငယ်‌ ‌တ‌စ်မှေးအိပ်အနားယူတတ်‌တဲ့သူ‌တွေကို ‌မေးမြန်‌းကြည်‌့တဲ့အခါမှာလည်‌း ထိုကဲ့သို့ တ‌မှေးအိပ်‌စက်‌ပြီးတဲ့အခါ သူတို့ဟာ ပိုပြီး တက်‌ကြွလန်‌းဆန်‌းကာ စိတ်ကူးအကြံဉာဏ်တွေ ပိုမို ‌ကောင်‌းမွန်‌လာတယ်‌လို့ ခံစားရကြောင်း ဖြေကြားခဲ့ကြပါတယ်။ ဒါ‌ပေမဲ့ သင်‌့အ‌နေနဲ့ ညဘက်‌‌တွေ အိပ်‌‌ရေးပျက်‌လို့ ‌နေ့ခင်‌းဘက်‌မှာ အကြာကြီးအိပ်‌တာမျိုးက‌တော့ သင့်ကို ညဘက်‌‌တွေမှာ ပိုပြီး အိပ်‌‌ရေးပျက်‌တာမျိုး‌တွေ ဖြစ်‌‌စေပါလိမ့်မယ်။ ဒါကြောင့် သင်‌့အ‌နေနဲ့ တကယ်‌လို့ ညဘက်‌မှာ အိပ်‌‌‌ရေးပျက်‌ခဲ့လို့ ‌နေ့ခင်‌းဘက်‌မှာ အိပ်‌ချင်‌လာပီဆိုရင်‌ မအိပ်‌စက်‌ဘဲ ခဏ‌လောက်‌ လမ်‌းထ‌လျှောက်‌လိုက်‌ခြင်‌းက သင်‌့ကို ပုံမှန်‌ အိပ်‌စက်‌‌အောင်‌ ကူညီ‌ပေးမှာ အ‌သေအချာပါပဲ။

Source : Health

Share

Loading Next Article...
က္က