ကျောက်ကပ်တွေဆိုတာ ကျွန်တော်တို့ခန္ဓာကိုယ်မှာ အမြဲလိုလိုအလုပ်လုပ်နေရတဲ့ ကိုယ်တွင်းကလီစာတွေဖြစ်ပါတယ်။

ဆီးနဲ့ကျောက်ကပ်ရောဂါဟာ အမေရိကန်ပြည်ထောင်စုမှာ လူသေမှုအများပြားဆုံး ရောဂါတစ်မျိုးဖြစ်ပါတယ်။ ဆင်းရဲတဲ့နိုင်ငံလေးတွေ၊ ဖွံ့ဖြိုးဆဲနိုင်ငံလေးတွေမှာဆိုရင် ပိုအဖြစ်များပါတယ်။ ကျောက်ကပ်တွေဆိုတာ ကျွန်တော်တို့ခန္ဓာကိုယ်မှာ အမြဲလိုလိုအလုပ်လုပ်နေရတဲ့ ကိုယ်တွင်းကလီစာတွေဖြစ်ပါတယ်။

သူတို့ဟာ ခန္ဓာကိုယ်ထဲက အဆိပ်အတောက်တွေ၊ အညစ်အကြေးတွေကို စွန့်ထုတ်ဖို့ နေ့ရောညပါ အလုပ်လုပ်ကြရပါတယ်။ ဒါကြောင့် ကျောက်ကပ်ကျန်းမာရေးဟာ အထူးဂရုပြုသင့်တဲ့ အခြေအနေတစ်ခုပါပဲ။

မိမိရဲ့ကျောက်ကပ်အခြေအနေကောင်းမကောင်း သိနိုင်ဖို့အတွက် ကျောက်ကပ်ပြဿနာတစ်ခုခုဖြစ်ရင် ခန္ဓာကိုယ်မှာပြသတတ်တဲ့ လက္ခဏာတွေကို သိထားရမှာဖြစ်ပါတယ်။ အဲဒါတွေကတော့...

၁။ ဆီးနံ့ပြောင်းလဲခြင်း

maxresdefault.jpg 

ဆီးနံ့ဆိုတာ လူတစ်ယောက်နဲ့တစ်ယောက် မတူညီနိုင်ပါဘူး။ လူတစ်ဦးချင်းစီရဲ့အစားအသောက်၊ အနေအထိုင်၊ ရေဓာတ်ပြည့်ဝမှု၊ ကိုယ်လက်လှုပ်ရှားမှု စတာတွေကိုလိုက်ပြီး ဆီးနံ့နဲ့ ဆီးအရောင် ပြောင်းလဲနိုင်ပါတယ်။ ဆီးထဲမှာ urea ဓာတ်ပါဝင်မှုကြောင့် လူအများစုရဲ့ဆီးနံ့က အောက်သိုးသိုးအမိုးနီးယားနံ့ထွက်ပါတယ်။

တကယ်လို့ ကျောက်ကပ်ထဲမှာ ချို့ယွင်းမှုတစ်ခုခု ရှိနေပြီဆိုရင် ဆီးနံ့ဟာ ငါးပုပ်စော် (သို့) ထူးခြားတဲ့ အနံ့တစ်မျိုးအဖြစ် ပြောင်းလဲသွားပါလိမ့်မယ်။ နောက်ပြီး ဆီးနံ့ပြောင်းလဲမှုဟာ ဆီးချိုရောဂါ၊ အသည်းရောဂါနဲ့ တချို့အစားအသောက်တွေကြောင့် ဖြစ်ပွားနိုင်ပါတယ်။

၂။ ဆီးအရောင်ပြောင်းလဲခြင်း

05-pee-health-liver-disease.jpg

ပုံမှန်ကျန်းမာတဲ့လူတစ်ယောက်ရဲ့ ဆီးအရောင်က အဝါဖျော့ရောင်ရှိပါတယ်။ ရေအများကြီးသောက်သူဆိုရင် ဒီထက်ဖျော့တော့တဲ့အရောင် (သို့) ရေလိုကြည်လင်တဲ့အရောင် ရှိပါလိမ့်မယ်။ ရေဓာတ်ခမ်းခြောက် နေတဲ့သူဆိုရင်တော့ အဝါရင့်ရောင်ဆီးကို သွားမှာဖြစ်ပြီး ဆီးရောင်အဲလိုရင့်နေပြီဆိုရင် ရေများများသောက်ဖို့ လိုအပ်နေပြီဆိုတာကို ခန္ဓာကိုယ်က အချက်ပေးတာပါ။

ဒါပေမယ့် တကယ်လို့ ဆီးရောင်ဟာ အညိုရောင်၊ လိမ္မော်ရောင်၊ ပန်းရောင်၊ အနီရောင်နဲ့ အနက်ရောင်တွေ ဖြစ်နေပြီဆိုရင်တော့ ဒါဟာ ပုံမှန်မဟုတ်တော့ဘဲ ကျောက်ကပ်နဲ့ ဆီးလမ်းကြောင်းဆိုင်ရာ ရောဂါတစ်ခုခုရှိနေပြီလို့ အသိပေးနေတာပါ။ ဆီးထဲမှာသွေးပါတယ်ဆိုရင် အနီရောင် (သို့) ပန်းရောင်ဖြစ်နေနိုင်ပြီး ဆရာဝန်နဲ့ သေချာပြသသင့်ပါပြီ။

၃။ ဆီးထဲမှာ သိသာတဲ့ ပြောင်းလဲမှုတွေ

Pyuria2011.JPG 

ဆီးကို ခန့်မှန်းခြေ ရေ (၉၅) ရာခိုင်နှုန်းနဲ့ ဖွဲ့စည်းထားပါတယ်။ ကျန်တဲ့ (၅) ရာခိုင်နှုန်းကတော့ သတ္ထုဓာတ်တွေ၊ ဆေးဝါးတွေ၊ အခြားအရာဝတ္ထုတွေပဲ ဖြစ်ပါတယ်။ ဆီးထဲမှာ ရေဓာတ်သိပ်ဆည်းဆ ဘယ်လောက်ရှိလဲဆိုတာကိုတော့ ဆီးအရောင်ကိုကြည့်ပြီး သိနိုင်ပါတယ်။

ဒါပေမယ့် ဆီးထဲမှာ သိသာထင်ရှားတဲ့ပြောင်းလဲမှုတွေဖြစ်တဲ့ ပြည်တို့၊ အမြှုပ်တို့ပါနေပြီဆိုရင်တော့ ကျန်းမာရေး စစ်ဆေးမှုတစ်ခုကို အမြန်ဆုံးပြုလုပ်သင့်ပါပြီ။ ဆီးထဲမှာ ပရိုတိန်းဓာတ်ပါဝင်မှု များပြားလွန်းခြင်းကလည်း ပြဿနာတစ်ခု ဖြစ်စေနိုင်ပေမယ့် အဲဒါကိုတော့ မျက်စိနဲ့ သိသာထင်ရှားစွာ မမြင်ရပါဘူး။ ဆီးထဲမှာ ပြည်ပါခြင်းကလည်း ဆီးလမ်းကြောင်းပိုးဝင်မှုရဲ့ရလဒ်ပဲ ဖြစ်ပါတယ်။

ဆွဲဆောင်မှုအားကောင်းတဲ့ လူတစ်ယောက်ဖြစ်လိုတယ်ဆိုရင် 

၄။ ဝမ်းဗိုက်အောင့်ခြင်း

stomach-ache-stock-today-150730-tease_18b72c4cbc06a1d8776576e1cbf3ac6f.jpg 

ကျောက်ကပ်တွေဟာ ဝမ်းဗိုက်အောက်ဘက်နားမှာ တည်ရှိတဲ့အတွက် ဗိုက်အောင့်ပြီဆိုရင် ကျောက်ကပ်ပြဿနာ တစ်ခုခုရှိနေနိုင်တယ်လို့ ယေဘုယျအားဖြင့် ယူဆနိုင်ပါတယ်။ အထူးသဖြင့် ဝမ်းဗိုက်အောက်ပိုင်း ဆီးစပ်နားနဲ့ ခါးနောက်ပိုင်းတွေမှာ အောင့်နေပြီဆိုရင် အထူးသတိထားသင့်ပါတယ်။ ဒါပေမယ့် ဆီးသွားနေစဉ် ဗိုက်ထဲမှာ ပူလောင်နေသလို ခံစားရတာကတော့ အများထင်ထားသလို ကျောက်ကပ်ပြဿနာမဟုတ်ပါဘူး။ အဲဒါက ဆီးလမ်းကြောင်းပိုးဝင်တာဖြစ်ဖို့ ပိုများပါတယ်။

၅။ ဆီးသွားနှုန်း

ယေဘုယျအားဖြင့်တော့ လူတစ်ယောက်ဟာ သူသောက်ထားတဲ့ ရေပမာဏကိုလိုက်ပြီး (၁၆) အောင်စကနေ (၁၀၀) အောင်စကြား ဆီးအဖြစ် ပြန်စွန့်ပေးရမှာဖြစ်ပါတယ်။ ကျောက်ကပ်ပြဿနာ တစ်ခုခုရှိပြီဆိုရင်တော့ ဆီးသွားနည်းတာတို့၊ ဆီးသွားများတာတို့ ဖြစ်နိုင်ပါတယ်။ ပုံမှန်ထက်ဆီးသွားနည်းတဲ့ ရောဂါအခြေအနေကို Oliguria လို့ခေါ်ပြီး ပုံမှန်ထက်ဆီးသွားများတဲ့ အခြေအနေကိုတော့ polyuria လို့ခေါ်ပါတယ်။ ရေလည်းပုံမှန်သောက်ပါရက်နဲ့ ဆီးအသွားနည်းတာ၊ များတာဖြစ်နေပြီဆိုရင်တော့ ကျောက်ကပ်ပြဿနာတစ်ခုခု ဖြစ်နေနိုင်ပါပြီ။

၆။ ဖောရောင်ခြင်း၊ မူးဝေခြင်းနဲ့ အသက်ရှူမဝခြင်း

LifeChiro-Richmond-Melbourne-Headache-3.jpg 

ခြေတွေ၊ လက်တွေ၊ မျက်နှာတွေ ဖောရောင်တာဟာ ကျောက်ကပ်ထဲက ပုံမှန်ဆီးပမာဏကို စွန့်ထုတ်မပေးနိုင်တဲ့ အခါမှာ ဖြစ်ပွားပါတယ်။ အသက်ရှူမဝခြင်းကတော့ သွေးထဲက pH လယ်ဗယ် တသမတ်တည်းမဟုတ်တော့တဲ့ အချိန်မှာ ဖြစ်ပွားပါတယ်။ ဘာကြောင့်လဲဆိုတော့ အဲဒါက အသက်ရှူစနစ်ပေါ်မှာ ဝန်သွားပိစေနိုင်လို့ပါပဲ။ မူးဝေခြင်းကတော့ သွေးထဲမှာ အဆိပ်အတောက်တွေ စုပြုံလာလို့ ဖြစ်ပေါ်လာတဲ့ လက္ခဏာပါ။ အဲဒီလက္ခဏာ အားလုံးဟာ ကျောက်ကပ်ကျန်းမာရေးမကောင်းခြင်းရဲ့ လက္ခဏာတွေပါပဲ။

Source: powerofpositivity

 

Share

Loading Next Article...
က္က