AD
AD
AD

ဒါဟာတကယ်တော့ ဖြစ်တတ်တဲ့အရာတစ်ခုပါ။ ကိုယ်အရမ်းကြိုက်တဲ့ အစားအစာတစ်ခုအတွက်နဲ့ diet plan တွေကို ဖျက်မိတတ်တာဟာလည်း သိပ်ထူးဆန်းလှတဲ့ ကိစ္စတော့ မဟုတ်တော့ပါဘူး။ ညအိပ်ခါနီး facebook လေး ပွတ်နေတုံုံး သူငယ်ချင်းတွေ တင်ထားတဲ့ အစားအသောက်ပုံလေးတွေကို ကြည့်ပြီး သရေယိုရတာလည်း အကြိမ်ရေမနည်းပါဘူး။

play

 

နောက်ပြီး အသိမင်္ဂလာဆောင်တက်ရင်း ကျွေးတာက ဘူဖေးလ်ဆိုတော့ လက်ဖွဲ့ဖိုးနဲ့တန်အောင် စားမယ်ဆိုပြီး စွတ်ကြိတ်မိရာက ဗိုက်ကြီးကယ်နေလို့ မထနိုင်ဖြစ်ရတာဟာလည်း ဆန်းမယ်တော့မထင်ပါဘူး။ ဒါပေမယ့် အစားများရင် ဖြစ်တတ်တဲ့ သဘော သဘာဝလေးတွေကို သိထားရင် ရှောင်ကြဉ်နိုင်တာပေါ့။

၁။ အိပ်ငိုက်လာမယ်

play
 

အစားအစာတွေကို အများကြီးစားမယ်ဆိုရင် သေချာပေါက်အိပ်ငိုက်လာစေမှာပါ။ တစ်ခါတလေကျရင် သတိမပြုမိလိုက်ဘဲ အိပ်တောင်ပျော်သွားစေမှာပါ။ အဆိုးဆုံးဖြစ်နိုင်ခြေကတော့ အဝလွန်ရောဂါပါပဲ။ ဘာဖြစ်လို့လဲဆိုတော့ အစားတွေအများကြီးစားပြီး အိပ်ပျော်သွားမယ်ဆိုရင် ခန္ဓာကိုယ်က အစာခြေချိန်မရတဲ့အတွက် ကယ်လိုရီတွေ ခန္ဓာကိုယ်ထဲမှာ စုပြုံလာပြီး အဆီတွေစုလာစေမှာပါ။

၂။ အက်ဆစ်တွေအများကြီး ထွက်လာမယ်

အစာခြေနေချိန်မှာ အစာအိမ်က ဂတ်စ်တွေကိုထုတ်လွှတ်ပေးပါတယ်။ ဒါကြောင့် အစားတွေအများကြီး စားထားမယ်ဆိုရင် အစာအိမ်ထဲက အက်ဆစ်တွေလည်း အများကြီးထွက်လာမှာပါပဲ။ အစားအများကြီး စားပြီဆိုတာနဲ့ ဟင်းခတ်အမွှေးအကြိုင်တွေက အစာပြွန်ကို သက်ရောက်မှုရှိနိုင်ပြီး အောက်က ပြန်ဆန်တက်လာမယ့် အက်ဆစ်တွေနဲ့ ထိတွေ့ပြီး ပျို့အန်တာတို့၊ မူးဝေတာတို့ ဖြစ်လာနိုင်ပါတယ်။

၃။ ဗိုက်ကြီးဖောင်းကားလာမယ်

play
 

ထမင်းစားပွဲပေါ်မှာ ကိုယ့်အကြိုက်ဟင်းတွေချည်း ချက်ထားတဲ့အခါ ထမင်းတွေစွတ်စားမိပြီး အစာအိမ်ကြီးက ယာယီဖောင်းကားလာတတ်ပါတယ်။ အချိန်အကြာကြီးမဟုတ်ပေမယ့် အဲဒီလို အစာအိမ်ဖောင်းကားနေချိန်မှာ လူက မအီမသာကြီးဖြစ်ပြီး နေရထိုင်ရတာ မသက်မသာဖြစ်နေပါလိမ့်မယ်။

၎။ ဗိုက်ပြန်ဆာမယ်

အစားအများကြီး စားထားလို့ဆိုပြီး ဗိုက်ပြန်မဆာဘူးတော့ မထင်လိုက်ပါနဲ့။ သိပ်မကြာခင်မှာပဲ ဗိုက်ပြန်ဆာပါလိမ့်မယ်။ ဒါဟာဘာကြောင့်လဲဆိုတော့ အစားအများကြီး စားပြီးချိန်မှာ အင်ဆူလင်တွေ ဆောင့်တက်လာနိုင်လို့ပါပဲ။ အင်ဆူလင်ဟာ အစားစားနှုန်းနဲ့ပတ်သက်လာရင် အဓိကနေရာကပါဝင်နေတဲ့အတွက် ခန္ဓာကိုယ်ဖောက်လွဲဖောက်ပြန်တွေဖြစ်ပြီး ဗိုက်ပြန်ဆာလာပါလိမ့်မယ်။

၅။ ရင်ပြည့်ရင်ကယ်ဖြစ်မယ်

play
 

ရင်ပြည့်ရင်ကယ်ဖြစ်ခြင်းဟာ ခန္ဓာကိုယ်ထဲမှာ အစားတွေအများကြီးစားတဲ့အချိန်မှာ ဖြစ်တတ်ပြီး အစာခြေစနစ်ဟာ အစာခြေရန်ခက်ခဲလာတဲ့အခါ ရင်ခေါင်းထဲမှာ ပြည့်အင့်လာပြီး ရင်ပြည့်ရင်ကယ် ဖြစ်လာပါလိမ့်မယ်။

Source: youngisthan

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD