တကယ်တမ်းကျတော့ ဆေးလိပ်သောက်ခြင်းဆိုတာ ခန္ဓာကိုယ်က တောင့်တမှုထက် စိတ်မှာအကျင့်ဖြစ်သွားလို့ ဆက်သောက်မိတာက ပိုများပါတယ်။

ကမ္ဘာတဝှမ်းလုံးက လူသန်းပေါင်းများစွာဟာ မိမိကိုယ်ကိုယ် ဆေးလိပ်ဖြတ်ဖို့လိုပြီလို့ ပြောရင်း ဆေးလိပ်မဖြတ်နိုင် ဖြစ်နေကြပါတယ်။ တချို့ဆိုရင် ဆေးလိပ်လျှော့သောက်သင့်ပြီဆိုတဲ့ အတွေးနဲ့ပဲ ရပ်တန့်ပစ်လိုက်မိကြပါတယ်။ တကယ်တမ်းကျတော့ ဆေးလိပ်သောက်ခြင်းဆိုတာ ခန္ဓာကိုယ်က တောင့်တမှုထက် စိတ်မှာအကျင့်ဖြစ်သွားလို့ ဆက်သောက်မိတာက ပိုများပါတယ်။



 

ဆေးလိပ်ဖြတ်ဖို့အတွက် ပရိုဂရမ်တွေ၊ အထောက်အကူပစ္စည်းတွေကတော့ အများကြီးရှိပါတယ်။ ဒါပေမယ့် လေ့လာမှုအသစ်အရ ဆေးလိပ်ဖြတ်ခြင်းကို အောင်မြင်စွာလုပ်ဆောင်နိုင်ဖို့အတွက် နည်းနည်းပြေးလွှားပေးဖို့တော့ လိုအပ်ပါတယ်။

ဆေးလိပ်ဖြတ်ဖို့ ပြေးကြမယ် အစီအစဉ်

10-Highly-Effective-Unconventional-Methods-To-Quit-Smoking.jpg 

Mental and Physical Activity ဆိုတဲ့ဂျာနယ်ထဲမှာ ဖော်ပြထားတဲ့ သုတေသနတစ်ခုမှာ ကနေဒါနိုင်ငံတဝှမ်းက ဆေးလိပ်သောက်သုံးသူ (၁၆၈) ဦးကို လေ့လာခဲ့ပါတယ်။ သူတို့ဟာ "Run to Quit" (ဆေးလိပ်ဖြတ်ဖို့ ပြေးကြမယ်) ဆိုတဲ့ အစီအစဉ်လေးမှာပါဝင်ဖို့ စာရင်းပေးခဲ့တဲ့လူတွေ ဖြစ်ပါတယ်။ အစီအစဉ်လေးထဲမှာ အပတ်စဉ် အပြင်ထွက် လမ်းလျှောက်တာ၊ ပြေးလွှားတာ အစရှိတဲ့ အစီအစဉ်တွေ ပါဝင်ပါတယ်။

 

ရလဒ်တွေအရတော့ ပါဝင်သူတွေထဲမှာ (၇၂) ယောက်ကတော့ အစီအစဉ်အဆုံးသတ်သည်အထိ ဆက်လက်ပါဝင်ခဲ့ကြပြီး သူတို့ထဲက (၃၇) ယောက်ဟာ ကာဘွန်မိုနောက်ဆိုဒ် စစ်ဆေးမှုကို အောင်မြင်ခဲ့ခြင်းဖြင့် ဆေးလိပ်တကယ်ပြတ်သွားပြီဖြစ်ကြောင်းကို ပြသနိုင်ခဲ့ပါတယ်။ (၆) လလောက်ကြာလို့ ပြန်လည်စစ်ဆေးကြည့်ရာမှာ အစီအစဉ်ပြီးဆုံးသည်အထိ ပါဝင်ယှဉ်ပြိုင်ခဲ့ကြတဲ့ ပုဂ္ဂိုလ် (၉၁) ရာခိုင်နှုန်းဟာ အနည်းဆုံးတော့ ဆေးလိပ်သောက်နှုန်းလျော့ကျသွားခဲ့တယ်လို့ သိရှိရပါတယ်။

 

"တကယ်လို့ လူတစ်ယောက်ဟာ အပြည့်အဝဆေးလိပ်မဖြတ်နိုင်ရင်တောင် ဆေးလိပ်သောက်နှုန်း လျော့သွားတာကတော့ ကောင်းတဲ့အချက်ပါပဲ" လို့ British Columbia တက္ကသိုလ်က သုတေသီ Carly Priebe က ဆိုပါတယ်။ "ဒါပေမယ့် ဒီဆေးလိပ်ဖြတ်ပရိုဂရမ်ရဲ့ ရည်ရွယ်ချက်က သွက်လက်ဖျတ်လတ်စေဖို့လည်း ပါပါတယ်။

See also: 

ပါဝင်သူတော်တော်များများဟာ အပြေးလေ့ကျင့်ခန်းနဲ့ စိမ်းတဲ့သူတွေပါပြီး ဒါဟာ သူတို့ရဲ့ နေ့စဉ်လုပ်ဆောင်မှုတွေထဲမှာ ပါဝင်လာရင် ဆေးလိပ်သောက်ခြင်းကြောင့်ဖြစ်တဲ့ ဘေးထွက်ဆိုးကျိုးတွေကို ကာကွယ်တားဆီးပေးနိုင်တဲ့အတွက် ဘာပဲပြောပြော win-win ပါပဲ" လို့လည်း ပြောကြားသွားပါတယ်။

Source: mensfitness

 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က