မူးဝေခြင်း၊ မအီမသာဖြစ်ခြင်းဟာ အစာအိမ် (သို့) လည်ချောင်းထဲမှာ ယားယံသလို၊ နေလို့ထိုင်လို့ မကောင်းသလို ခံစားရပြီး ပျို့အန်ချင်သလို ခံစားရစေတဲ့ ခံစားချက်တစ်ခုဖြစ်ပါတယ်။

မူးဝေခြင်း၊ မအီမသာဖြစ်ခြင်းဟာ အစာအိမ် (သို့) လည်ချောင်းထဲမှာ ယားယံသလို၊ နေလို့ထိုင်လို့ မကောင်းသလို ခံစားရပြီး ပျို့အန်ချင်သလို ခံစားရစေတဲ့ ခံစားချက်တစ်ခုဖြစ်ပါတယ်။ ဒီလို မအီမသာခံစားရမှုကို ကြုံတွေ့ဖူးသူတိုင်း ဒီခံစားချက်ကြီးကို အလျင်အမြန်ပျောက်ကွယ်သွားဖို့ နည်းလမ်းတစ်ခုခုကို သိလိုကြမှာပါပဲ။

 

နောက်ပြီး မအီမသာဖြစ်ခြင်းက အော့အန်ခြင်းနဲ့လည်း ဆက်စပ်နေတဲ့အတွက် ဖျားနာချင်သလို ခံစားလာရမှာလည်း အမှန်ပါပဲ။ မူးဝေခြင်း၊ မအီမသာဖြစ်ပြီးရင် သွေးခုန်နှုန်းတွေမြန်လာမယ်။ သွေးတွေတိုးလာမယ်။ ချွေးဇောတွေလည်း မြန်လာမယ်။ ခံရခက်တဲ့ ဝေဒနာတစ်ခုဖြစ်တဲ့အတွက် အမြန်ဆုံးသက်သာပျောက်ကင်းနိုင်လေ၊ အကောင်းဆုံးပါပဲ။ မူးဝေခြင်းကို သက်သာစေနိုင်တဲ့ နည်းလမ်းလေးတွေကတော့...

၁။ ဂျင်းတက် (ချင်းတက်)

ginger.jpg 

ဂျင်းတက်ဟာ မူးဝေခြင်းကို သက်သာပျောက်ကင်းစေတဲ့ အကောင်းဆုံး ဆေးမြီးတိုလေးတစ်လက် ဖြစ်တယ်ဆိုတာဟာ လျှို့ဝှက်ချက်တော့ မဟုတ်ပါဘူး။ ဂျင်းတက်မှာ phenol ဒြပ်ပေါင်းရယ်၊ အစာအိမ်၊ အူလမ်းကြောင်းနဲ့ အာရုံကြောစနစ်ကို သက်ရောက်မှုရှိနိုင်တဲ့ ဆီတွေရယ်ပါဝင်တဲ့အတွက် မူးဝေခြင်း၊ မအီမသာဖြစ်ခြင်းကို သက်သာစေနိုင်ပါတယ်။

၂။ ပူစီနံရွက်

Peppermint (ပူစီနံရွက်) ဟာ ပူရှိန်းရှိန်းအရသာနဲ့ မွှေးမြမှုကြောင့် ဟင်းခတ်တစ်မျိုးအဖြစ်ကော၊ ကော့တေးလ်ဖော်စပ်ရာမှာ ပါဝင်ပစ္စည်းတစ်ခုအဖြစ်ပါ ထည့်သွင်းအသုံးချကြပါတယ်။ ပူစီနံရွက်ရဲ့ နောက်ထပ်ကောင်းကျိုးတစ်ခုကတော့ မူးဝေခြင်းကို အချိန်တိုအတွင်း သက်သာစေနိုင်ပါတယ်။

၃။ သံပုရာသီး

lemon-salt-918x482.jpg 

သံပုရာသီးမှာ အစာအိမ်ထဲက bicarbonate တွေကို ထုတ်လုပ်ပေးနိုင်တဲ့ အက်ဆစ်ဓာတ်တွေ ပါဝင်ပါတယ်။ အဲဒီ bicarbonate တွေဟာ ဗိုက်အောင့်ခြင်း၊ ရင်ဘတ်အောင့်ခြင်း၊ ဗိုက်ကယ်ခြင်းနဲ့ လေထိုးလေအောင့်ဖြစ်ခြင်းတို့နဲ့ ဆက်စပ်နေတဲ့ မအီမသာဖြစ်ခြင်းကို သဘာဝအတိုင်း ကုစားပေးနိုင်ပါတယ်။

၄။ ဇီရာစေ့

ဇီရာစေ့ဟာ အစာအိမ်ထဲက အစာခြေအင်ဇိုင်းတွေကို ထုတ်လွှတ်ပေးနိုင်ပါတယ်။ အဲဒီကမှတဆင့် အစာခြေခြင်းလုပ်ငန်းစဉ်တွေကို ပိုမိုကောင်းမွန်စေပြီး ခန္ဓာကိုယ်ထဲမှာ အာဟာရဓာတ်တွေ အစီအစဉ်တကျဖြစ်အောင်လည်း ကူညီပေးနိုင်ပါတယ်။ ဝမ်းတစ်လုံးကောင်းရင် ခေါင်းမခဲဘူး ဆိုတဲ့အတိုင်း ဗိုက်ထဲမှာအဆင်ပြေနေရင် ခေါင်းမူးတာတို့၊ မအီမသာဖြစ်တာတို့လည်း မရှိတော့ဘူးပေါ့။

၅။ လေးညှင်းပွင့်

Cloves2.jpg 

လေးညှင်းပွင့်ကို မူးမော်ခြင်းကို ကုသဖို့အတွက် အသုံးပြုနိုင်လိမ့်မယ်လို့ တွေးမိဖူးကြလား။ သူ့ရဲ့သင်းပျံ့တဲ့ ရနံ့လေးနဲ့တင် မအီမသာဖြစ်ခြင်းကို ကုသဖို့အတွက် လုံလောက်သလောက် ရှိနေပါပြီ။ လေးညှင်းပွင့်ကို ကိုုယ်ဝန်ဆောင်ချိန်မှာ ဖြစ်တတ်တဲ့ မူးဝေခြင်းကို ကုသရာမှာလည်း အသုံးပြုနိုင်ပါတယ်။

See also 

၆။ ပန်းသီးရှာလကာရည်

ပန်းသီးကို အချဉ်ဖောက်ထားတဲ့ ပန်းသီးရှာလကာရည်ဟာ နေရာတော်တော်များများမှာ အသုံးဝင်ပါတယ်။ မူးမော်ခြင်းကို ကုသရာမှာလည်း ပန်းသီးရှာလကာရည်က အသုံးဝင်နေပြန်ပါတယ်။ အထူးသဖြင့် အစာအဆိပ်သင့်ခြင်း၊ ခေါင်းကိုက်ခြင်းနဲ့ ကားမူးခြင်းတို့လို မအီမသာဖြစ်ခြင်းတွေကို ကုသရာမှာ ပန်းသီးရှာလကာရည်က အကူအညီပေးနိုင်ပါတယ်။

၇။ သစ်ကြံပိုးခေါက်မှုန့်

cinnamon.jpg 

သစ်ကြံပိုးခေါက်မှုန့်ထဲမှာ ပါဝင်တဲ့ catechin တွေက ခေါင်းကိုက်ခြင်းနဲ့ ခေါင်းမူးခြင်းတွေကို ထိရောက်စွာကုသပေးနိုင်ပါတယ်။ ၎င်းက အစာအိမ်ရောင်ရမ်းခြင်းကိုလည်း ကုသပေးနိုင်သလို လေအောင့်ခြင်း၊ အစာအိမ်အချဉ်ထွက်ခြင်းနဲ့ အစာမကြေခြင်းတို့ကြောင့် မအီမသာဖြစ်ခြင်းကိုလည်း သက်သာစေနိုင်ပါတယ်။ အော့အန်ခြင်းကိုလည်း သက်သာပျောက်ကင်းစေနိုင်တဲ့ ဆေးမြီးတိုလေး ဖြစ်ပါတယ်။

၈။ ရက်စ်ဘယ်ရီသီး

မူးဝေပြီး မအီမသာခံစားနေရမှုကို အရသာရှိရှိကျော်ဖြတ်လိုပါသလား။ ဒါဆိုရင်တော့ ရက်စ်ဘယ်ရီသီးလေး စားပေးလိုက်ပါ။ ရက်စ်ဘယ်ရီသီးမှာ ဗိုက်တာမင်စီ အပါအဝင် အာဟာရဓာတ်တွေ အပြည့််အဝပါဝင်ပါတယ်။ ဗိုက်တာမင်စီဟာ မူးဝေခြင်းကို ကုသရာမှာ အံ့အားသင့်ဖွယ် လုပ်ဆောင်မှုတွေကို လုပ်ဆောင်နိုင်ပြီး ကိုယ်ဝန်ဆောင်အမျိုးသမီးတွေအတွက် ပိုမိုထိရောက်ပါတယ်။

၉။ ငှက်ပျောသီး

bananasf.jpg 

ရက်စ်ဘယ်ရီသီးတင်မက ငှက်ပျောသီးကလည်း မူးဝေခြင်းကို ကုသရာမှာ အသုံးဝင်ပါတယ်။ မူးဝေနေချိန်မှာ ငှက်ပျောသီးစားပေးလိုက်မယ်ဆိုရင် မူးဝေခြင်းနဲ့ မအီမသာဖြစ်ခြင်းကို သဘာဝအတိုင်း သက်သာပျောက်ကင်းစေနိုင်ပါတယ်။

၁၀။ ဆန်ဆေးရေ

ဆန်ကိုရေဆေးရာကရရှှိတဲ့ ဆန်ဆေးရေဟာလည်း မူးဝေခြင်းကို ကုသနိုင်တဲ့ ဆေးမြီးတိုတစ်မျိုးအဖြစ် သုံးစွဲကြပါသေးတယ်။

Source: Youngisthan

 

Share

Loading Next Article...
က္က