တကယ်တော့ အစာမကြေခြင်းဆိုတာ အစာလမ်းကြောင်းထဲမှာ အစာတွေပြည့်အင့်နေရင် အစာအိမ်က လက်ခံနိုင်တဲ့ ပမာဏထက် ပိုများနေတဲ့အချိန်မှာ ဖြစ်တတ်ပါတယ်။

ဘော်ဒါတစ်ယောက် စာမေးပွဲအောင်လို့ပဲဖြစ်ဖြစ်၊ ရာထူးတိုးလို့ပဲဖြစ်ဖြစ် ဘူဖေးဟော့ပေါ့လိုက်ကျွေးတာတို့၊ လကုန်ရက်လေးမှာ ကိုယ့်ကိုယ်ကိုယ် ပြုစုမိတာတို့ဆိုရင် တဝတပြဲကြီး စားမိပြီး အစာမကြေဖြစ်နိုင်ပါတယ်။ အစာမကြေ ရင်ပြည့်ရင်ကယ်ဖြစ်တယ်ဆိုတာ ဗိုက်ထဲမှာ မအီမသာကြီးဖြစ်ပြီး အခန့်မသင့်ရင် ဥသြပါပြန်ဆွဲနိုင်ပါတယ်။ (အော့အန်နိုင်ပါတယ်။)

 

တကယ်တော့ အစာမကြေခြင်းဆိုတာ အစာလမ်းကြောင်းထဲမှာ အစာတွေပြည့်အင့်နေရင် အစာအိမ်က လက်ခံနိုင်တဲ့ ပမာဏထက် ပိုများနေတဲ့အချိန်မှာ ဖြစ်တတ်ပါတယ်။ အစာမကြေခြင်းရဲ့နောက်မှာ မူးဝေခြင်း၊ ခေါင်းကိုက်ခြင်းနဲ့ စားချင်သောက်ချင်စိတ် ကုန်ခမ်းခြင်းတို့ပါ လိုက်ပါလာတတ်ပါတယ်။ အစာမကြေခြင်းကို ကုသနိုင်တဲ့နည်းလမ်းလေးတွေကတော့ အိမ်ထဲမှာပဲ ရှိနေပါတယ်။

၁။ မုန့်ဖုတ်ဆိုဒါ

baking-soda-2.jpg 

Sodium Bicarbonate လို့လည်းခေါ်တဲ့ မုန့်ဖုတ်ဆိုဒါမှုန့်ဟာ အစာအိမ်ကို detox လုပ်ပေးနိုင်တဲ့ (အဆိပ်အတောက်ရှင်းလင်းပေးနိုင်) အမှုန့်တစ်မျိုးဖြစ်ပါတယ်။ ရင်ဘတ်အောင့်ခြင်းဝေဒနာကိုလည်း သက်သာစေနိုင်ပြီး အစာစားချင်စိတ်ကင်းမဲ့ခြင်းကိုလည်း လျော့ပါးစေနိုင်ပါတယ်။

မုန့်ဖုတ်ဆိုဒါလေး လက်သည်းတစ်ကော်စာလောက်ကို ရေတစ်ဖန်ခွက်နဲ့ အရင်ရောလိုက်ပါ။ ပြီးရင် အရသာအတွက် ပျားရည်နဲ့ သံပုရာရည်လေးပါ နည်းနည်းထပ်ရောပြီး သောက်ပေးလိုက်မယ်ဆိုရင် ကောင်းမွန်တဲ့ရလဒ်ကို အမြန်ပြန်ရစေနိုင်မှာပါ။

၂။ ပန်းသီးရှာလကာရည်

apples-and-vinegar-1.jpg

ပန်းသီးရှာလကာရည်ဟာ အစာမကြေ၊ ရင်ပြည့်ရင်ကယ်ဖြစ်ခြင်းကို လျင်မြန်စွာသက်သာပျောက်ကင်းစေတဲ့ မဂ္ဂနီစီယမ်၊ ပိုတက်စီယမ်၊ ဖော့စ်ဖရက်စ်နဲ့ တခြားသတ္ထုဓာတ်တွေလည်း စုံလင်စွာပါဝင်တဲ့ အိမ်တွင်းဆေးမြီးတိုလေးတစ်မျိုးပါ။ ပန်းသီး ရှာလကာရည်ကို ရေ (သို့) ပျားရည်နဲ့ရောပြီး သောက်ပေးမယ်ဆိုရင် အယ်လ်ကာလိုင်းအခြေခံတဲ့ အစာခြေတဲ့ ဂုဏ်သတ္တိကြောင့် အစာမကြေခြင်းကို သက်သာစေနိုင်ပါတယ်။

သမီးရည်းစားတွေ လမ်းခွဲပြတ်စဲရတဲ့ အကြောင်းရင်းများ 

၃။ ဂျင်းတက်

ginger (3).jpg 

ဂျင်းတက်မှာ အစာမကြေခြင်းကို သက်သာစေနိုင်တဲ့ anti-oxidant တွေပါဝင်ပါတယ်။ ဒါကြောင့် ဂျင်းတက်ကို ပါးပါးလေးလှီး၊ ရှာလကာရည်နဲ့စိမ်ပြီး ဝါးပေးတာတို့၊ ဂျင်းတက်ကို ထန်းလျက်နဲ့ရောပြုတ်ပြီး ဂျင်းပြုတ်ရည်လေးဖြစ်အောင် လုပ်သောက်ပေးတာတို့ကို ပြုလုပ်ပေးခြင်းဖြင့် အစာမကြေခြင်းကို သက်သာစေနိုင်ပါတယ်။

၄။ စမုန်နက်စေ့

625-fennel_625x350_61458024381.jpg 

စမုန်နက်စေ့ကို ဝါးပေးခြင်းဟာ အစာမကြေခြင်းကို ကုသပေးနိုင်တဲ့ အိန္ဒိယဆေးမြီးတိုလေးတစ်မျိုးပဲ ဖြစ်ပါတယ်။ စမုန်နက်ကထွက်တဲ့ အဆီဟာ အစာမကြေခြင်းကို ကုသပေးနိုင်လို့ ယုံကြည်ကြပါတယ်။ နောက်ပြီး စမုန်နက်စေ့ကို ဝါးလိုက်ရင် ပါးစပ်ထဲမှာ လန်းဆန်းရှင်းလင်းသွားတဲ့ ခံစားချက်တစ်ခုကို ရရှိမှာဖြစ်ပြီး အစာမကြေခြင်းကြောင့်ဖြစ်တဲ့ မူးဝေခြင်းကိုလည်း မေ့လျော့သွားစေနိုင်ပါတယ်။

Source: Youngisthan

 

Share

Loading Next Article...
က္က