အိပ်နေရင်းဟောက်ခြင်းဟာ အမျိုးသားတွေမှာ ပိုအဖြစ်များတတ်ပြီး အသက်ကြီးလာလေလေ၊ ပိုဆိုးလာနိုင်လေလေပါပဲ။

အိပ်နေရင်းဟောက်တယ်ဆိုတာ ဖြစ်လေ့ဖြစ်ထရှိတဲ့ ဖြစ်စဉ်တစ်ခုပါပဲ။ အမေရိကန် နား၊ နှာခေါင်း၊ လည်ချောင်း ရောဂါအကယ်ဒမီ (AAO) ရဲ့အဆိုအရ အရွယ်ရောက်ပြီး အမေရိကန်နိုင်ငံသား (၄၅) ရာခိုင်နှုန်းဟာ အိပ်နေရင်းဟောက်တတ်ပြီး (၂၅) ရာခိုင်နှုန်း ကတော့ ပုံမှန်ဖြစ်တတ်ပါတယ်တဲ့။

အိပ်နေရင်းဟောက်ခြင်းဟာ အမျိုးသားတွေမှာ ပိုအဖြစ်များတတ်ပြီး အသက်ကြီးလာလေလေ၊ ပိုဆိုးလာနိုင်လေလေပါပဲ။ နောက်ပြီး တချို့ နေပုံထိုင်ပုံ ပြောင်းလဲမှုတွေကလည်း အိပ်နေရင်းဟောက်ခြင်းကို ပိုမိုဆိုးဝါးစေပါတယ်။ တကယ်လို့ အိပ်နေရင်း ဟောက်ခြင်းဟာ အိပ်စက်ခြင်းနဲ့ဆိုင်တဲ့ ရောဂါတွေနဲ့ပါ ဆက်နွယ်နေတယ်ဆိုရင်တော့ ဆေးဝါးကုသမှုခံယူဖို့ လိုအပ်ပါလိမ့်မယ်။

အိပ်နေရင်းဟောက်စေနိုင်တဲ့ အကြောင်းရင်းတွေကတော့...

၁။ အဝလွန်ခြင်း

belly-fat_0.jpg 

ကိတ်တယ် ကိတ်တယ်နဲ့ မြောက်မနေကြပါနဲ့။ ကိတ်ရာကနေ ဝတဲ့အဆင့်ဖြစ်လာရင် ကျန်းမာရေးအတွက် မကောင်းပါဘူး။ အဝလွန်တဲ့ လူတွေမှာ Type 2 ဆီးချိုရောဂါ၊ နှလုံးရောဂါနဲ့ ကင်ဆာရောဂါတွေ ဖြစ်လာနိုင်ပါတယ်။ Body Mass Index လို့ ခေါ်တဲ့ ကိုယ်အလေးချိန်တိုင်း စံနှုန်း (BMI) ၃၀ ထက်ကျော်ရင် အဝလွန်တယ်လို့ သတ်မှတ်နိုင်ပါတယ်။

နောက်တစ်ခုကတော့ အဝလွန်ရောဂါရှိသူတွေဟာ အိပ်နေရင်းဟောက်တတ်ပါတယ်။ ဒါဟာ သူတို့ရဲ့ လည်ပင်းကြွက်သားတွေ ကြီးလာပြီး အသက်ရှူလမ်းကြောင်းနဲ့ လေလမ်းကြောင်းကို သွားပိတ်မိလို့ပဲ ဖြစ်ပါတယ်။

၂။ အိပ်နေစဉ် အသက်ရှူလမ်းကြောင်း ပိတ်ဆို့တဲ့ရောဂါရှိခြင်း

အိပ်နေစဉ် အသက်ရှူလမ်းကြောင်း ပိတ်ဆို့တဲ့ရောဂါကတော့ အိပ်နေတုံး အသက်ရှူရပ်သွားတဲ့ ရောဂါတစ်မျိုးဖြစ်ပါတယ်။ အဲဒီဖြစ်စဉ်ဟာ ညဘယ်အချိန်မှာမဆို ဖြစ်နိုင်ပါတယ်။ အဲဒီ အသက်ရှူလုပ်ငန်းမှာ အနှောင့်အယှက်ဖြစ်တာက ဦးနှောက်ကိုပါ သက်ရောက်မှုရှိနိုင်ပြီး ဦးနှောက်ကြွက်သားတွေကို လျော့ရဲစေနိုင်ပါတယ်။ နောက်ပိုင်းမှာ ဦးနှောက်နဲ့ဆိုင်တဲ့ ရောဂါတွေကိုပါ ဖြစ်စေနိုင်ပါတယ်။ ဒီရောဂါနဲ့ ဆက်စပ်နေတဲ့ နောက်ထပ်အရာတစ်ခုကတော့ အိပ်နေရင်းဟောက်ခြင်းပါပဲ။

see also 

၃။ နှာခေါင်းအမြှေးပါး တိမ်းစောင်းနေခြင်း

nintchdbpict000245681201.jpg 

နှာခေါင်းနှစ်ဖက်ကြားက ခြားထားတဲ့ အရိုးနုလေးနဲ့ အလွှားပါးလေး တိမ်းစောင်းနေတဲ့ ရောဂါအခြေအနေတစ်မျိုးဖြစ်ပါတယ်။ ဒီရောဂါရှိသူရဲ့ နှာခေါင်းပေါက်တစ်ဖက်ဟာ ကျန်တစ်ဖက်ထက် ပိုကျယ်နေပါလိမ့်မယ်။ အဲဒီလိုလူတွေဟာလည်း အိပ်နေရင်းဟောက်ခြင်း၊ အိပ်နေရင်း ယောင်ယမ်းပြောဆိုခြင်းနဲ့ အိပ်နေရင်း လမ်းထလျှောက်ခြင်း စတဲ့ လက္ခဏာတွေရှိနိုင်ပါတယ်။

၄။ နှာခေါင်းတွင်း အကျိတ်ပေါက်ခြင်း

ဒီဖြစ်စဉ်ကတော့ နှာခေါင်းအတွင်းနံရံတွေမှာ အကျိတ်လေးတွေပေါက်ရာကနေ အသက်ရှူလမ်းကြောင်း ပိတ်ဆို့မိတဲ့ လက္ခဏာပဲ ဖြစ်ပါတယ်။ ပန်းနာရင်ကြပ်သမားတွေမှာ ရှိနေနိုင်ပြီး ဓာတ်မတည့်တာကို ရှူမိရင်လည်း ဖြစ်ပွားနိုင်ပါတယ်။ နှာခေါင်းတွင်း အကျိတ်လေးတွေဟာ အသက်ရှူလမ်းကြောင်းကို ပိတ်ဆို့သည်အထိ ကြီးထွားလာနိုင်ပြီး ဒီရောဂါရှိသူဟာလည်း အမြဲလိုလို နှာစေး၊ နှာပိတ်နေပါလိမ့်မယ်။ နောက်ဆက်တွဲဆိုးကျိုးတစ်ခုကတော့ အိပ်နေရင်းဟောက်ခြင်းပါပဲ။

၅။ အသက်ရှူလမ်းကြောင်း ပိုးဝင်ခြင်း

snoring.jpg 

ဆေးပညာအခေါ် sinusitis လု့ိခေါ်တဲ့ အသက်ရှူလမ်းကြောင်း ပိုးဝင်ခြင်းကတော့ အမေရိကန်နိုင်ငံမှာဆိုရင် နှစ်စဉ် လူသန်း (၃၀) လောက်မှာ ဖြစ်ပွားနေတဲ့ ရောဂါတစ်ခုဖြစ်ပါသတဲ့။ ဓာတ်မတည့်ခြင်း၊ ဘက်တီးရီးယားပိုးဝင်ရောက်ခြင်းးတို့ကြောင့် နှာခေါင်းပေါက်နဲ့ အသက်ရှူလမ်းကြောင်းမှာ ပိုးမွှားကူးစက်တာဖြစ်ပြီး အသက်ရှူရခက်ခဲစေနိုင်ပါတယ်။ နောက်ဆက်တွဲအနေနဲ့ အိပ်စက်နေချိန် အသက်ရှူလမ်းကြောင်း ပိတ်ဆို့ပြီး အိပ်နေရင်းဟောက်ခြင်းကို ဖြစ်စေနိုင်ပါတယ်။

Source: Healthline

 

Share

Loading Next Article...
က္က