သိပ္ပံနည်းကျအချက်အလက်တွေအရ လူကို ပိုမိုပျော်ရွှင်စေတဲ့ ရနံ့လေးတွေ ရှိပါတယ်။

ရနံ့ကုထုံး (Aroma Therapy) ဆိုတာ ရနံ့လေးတွေနဲ့ လူ့စိတ်အခြေအနေကို ပိုမိုကောင်းမွန်စေပြီး စိတ်နဲ့ခန္ဓာကျန်းမာရေးကို ကုသပေးတာဖြစ်ပါတယ်။ တချို့ ဆရာဝန်တွေ လက်မြှောက်ထားရတဲ့ ရောဂါတွေကိုတောင် တစ်ခါတလေမှာ ရနံ့ကုထုံးနဲ့ ပျောက်ကင်းစေနိုင်ပါတယ်။ သိပ္ပံနည်းကျအချက်အလက်တွေအရ လူကို ပိုမိုပျော်ရွှင်စေတဲ့ ရနံ့လေးတွေ ရှိပါတယ်။ အဲဒါတွေကတော့...

၁။ ထင်းရှူးရွက်နံ့

pexels-photo-52599.jpg 

လေ့လာမှုတွေအရ ထင်းရှူးရွက်နံ့ဟာ ဆောင်းရာသီအားလပ်ရက်တွေနဲ့ ဆက်စပ်နေတယ်လို့ ခံစားရစေပြီး စိတ်ဖိစီးမှုကို လျော့ကျစေပါတယ်တဲ့။ ထင်းရှူးရွက်နံ့လေး ရလိုက်တာနဲ့ တောင်ပေါ်မြို့လေးတစ်မြို့က ဆောင်းနှင်းမြူတွေကြားမှာ အနွေးထည်လေးဝတ်ရင်း လမ်းလျှောက်နေရတယ်လို့ ခံစားရစေမှာဖြစ်ပြီး စိတ်မှာပျော်ရွှင်မှုကို ရရှိစေနိုင်မှာပါ။

ဂျပန်နိုင်ငံ၊ ကျိုတိုတက္ကသိုလ်က သုတေသီတွေဟာ shinrin-yoku (တောအုပ်လမ်းလျှောက် သန့်စင်ခြင်း) ဆိုတဲ့ လုပ်ဆောင်မှုကို သုတေသနပြုစမ်းသပ်ခဲ့ရာမှာ ပါဝင်သူတွေမှာ တောပိုင်းက ထင်းရှူးတောတွေထဲမှာ လမ်းလျှောက်ရင်း စိတ်ဓာတ်ကျခြင်းနဲ့ သောကဝေဒနာတွေ သိသိသာသာကြီး လျော့ပါးကင်းစင်သွားတာကို တွေ့ရှိခဲ့ရပါတယ်တဲ့။

၂။ သံပုရာသီး/ လိမ္မော်သီးနံ့

Lemon.jpg 

ခေါင်းမူးနေရင် သံပုရာသီးတို့၊ လိမ္မော်သီးတို့လို စစ်ထရက် (citrus) နွယ်ဝင်အသီးတွေကို ရှူကြည့်ပါ။ ခေါင်းမူးခေါင်းကိုက်ခြင်း သိသိသာသာလျော့ပါးသွားတာကို တွေ့ရှိရပါလိမ့်မယ်။ ဒါဟာ ဘာကြောင့်လဲဆိုတော့ ဗိုက်တာမင်စီ ကြွယ်ဝတဲ့ အသီးတွေရဲ့ ရနံ့ဟာ ကိုယ်တွင်းစွမ်းအင်နဲ့ တက်ကြွမှုကို လှုံ့ဆော်ပေးနိုင်လို့ပါပဲ။

နောက်တစ်ခုကတော့ သံပုရာရနံ့ဟာ စိတ်ဖိစီးမှုတွေကို လျော့ကျစေပြီး စိတ်ခံစားမှုကိုလည်း ပိုမိုကောင်းမွန်စေပါတယ်တဲ့။ ဒါကြောင့်လည်း အိမ်သန့်ရှင်းရေးထုတ်ကုန်အများစုမှာ သံပုရာရနံ့ကို အသုံးပြုကြတာဖြစ်ပါတယ်။

See also 

၃။ မြက်ရိတ်ထားတဲ့ ရနံ့

Lawn-Mowing.jpg 

ပန်းခြံထဲမှာ လောလောလတ်လတ် မြက်ရိတ်ထားတယ်ဆိုရင် ဘောင်းဘီအိတ်ကပ်ထဲ လက်နှိုက်ပြီး သက်တောင့်သက်သာလေး လမ်းလျှောက်လိုက်ပါ။ သြစတြေးလျသုတေသီတွေရဲ့ အဆိုအရ လတ်လတ်ဆတ်ဆတ်မြက်ရိတ်ထားတဲ့ အနံ့ဟာ လူတွေကို သက်တောင့်သက်သာရှိစေပြီး ပိုမိုပျော်ရွှင်စေနိုင်ပါတယ်တဲ့။ မြက်ရိတ်နံ့ဟာ ရနံ့ကုထုံးနည်းစနစ်တွေအရ အလွန်အသုံးဝင်လို့ သက်ကြီးရွယ်အိုတွေကို အားလပ်ချိန်မှာ မြက်ရိတ်ကြည့်ဖို့ တိုက်တွန်းအားပေးထားပါတယ်။

၄။ ပန်းရနံ့

rose-water-for-skin-dermatocare-1200-600.jpg 

ဒီတစ်ခုကတော့ အံ့သြဖွယ်မရှိပါဘူး။ ခေတ်အဆက်ဆက် ယောကျ်ားလေးတွေဟာ မိန်းကလေးတွေကို ပန်းပေးခြင်းဖြင့် ပိုမိုပျော်ရွှင်အောင် ပြုလုပ်ခဲ့ကြပြီးပါပြီ။ နှင်းဆီပန်းနံ့လေးပဲဖြစ်ဖြစ်၊ လာဗင်ဒါရနံ့လေးပဲဖြစ်ဖြစ်၊ စံပယ်ပန်းနံ့လေးပဲဖြစ်ဖြစ်ပေါ့။ ဥပမာ... လာဗင်ဒါရနံ့ဟာ စိတ်ကိုတည်ငြိမ်စေပြီး အိပ်မရတဲ့ရောဂါနဲ့ စိတ်ကျရောဂါကို ပျောက်ကင်းစေနိုင်ပါတယ်။ အလားတူပဲ ပန်းမျိုးစုံမှာ သူ့ဟာနဲ့သူ ကျန်းမာရေးအကျိုးကျေးဇူးတွေ ရှိပါသေးတယ်။ တူညီတဲ့အချက်ကတော့ စိတ်ကို ပျော်ရွှင်စေတာပါပဲ။

၅။ ပူစီနံရွက်

Peppermintoil.jpg 

ပူစီနံရွက်ကထုတ်ထားတဲ့ အဆီဟာ စိတ်ခံစားချက်ကို ပိုမိုကောင်းမွန်စေပြီး စိတ်နဲ့ခန္ဓာကို လှုံ့ဆော်ပေးနိုင်တယ်လို့ လူသိများပါတယ်။ လေ့လာမှုတွေအရဆိုရင် ပူစီနံရွက်ကို ရှူပေးတဲ့ အားကစားသမားတွေဟာ သက်လုံပိုမိုကောင်းမွန်လာပြီး အသက်ရှူရတာလည်း ပိုမိုအဆင်ပြေလာစေတယ်လို့ ဆိုပါတယ်။ နောက်တစ်ခုကတော့ ပူစီနံရွက်လေးက စိတ်ကို ပိုမိုပျော်ရွှင်စေပါတယ်။

Source: Reader's Digest

 

Share

Loading Next Article...
က္က