သမ်းဝေတယ်ဆိုတာ အိပ်ငိုက်တိုင်း သမ်းတာလို့ တစ်ထစ်ချ မှတ်ယူလို့ မရပါဘူး။ ခန္ဓာကိုယ်ထဲမှာ လိုအပ်တဲ့ အောက်ဆီဂျင်ပမာဏ လျော့နည်းလာတဲ့အခါမှာလည်း သမ်းဝေပါတယ်။ ပြီးတော့ သမ်းဝေခြင်းဟာ ကူးစက်နိုင်ပါတယ်။ သမ်းနေတဲ့လူကိုကြည့်ပြီး ကိုယ်ပါ လိုက်သမ်းမိတာမျိုး ကြုံဖူးကြမှာပါ။

 

နောက်တစ်ချက်ကတော့ သမ်းဝေခြင်းဟာ ပူတဲ့အချိန်တွေမှာ ပိုဖြစ်ပါတယ်။ ဦးနှောက်အပူမလွန်ရအောင် အလိုအလျောက်  သမ်းဝေတာပါ။ သမ်းဝေလိုက်ခြင်းအားဖြင့် နှလုံးကိုသွေးစီးဆင်းမှု ပိုကောင်းသွားစေတယ်၊ မျက်နှာပေါ်ကကြွက်သားတွေ လှုပ်ရှားမှုကြောင့် ဦးနှောက်အေးသွားစေပါတယ်။

 

သမ်းဝေခြင်းကာ ဘာကြောင့် ကူးစက်ရတာလဲဆိုရင် လူတွေရဲ့ မျှဝေခံစားတတ်တဲ့ စိတ်အခံကြောင့် ဖြစ်ရတယ်လို့ Metro သတင်းတစ်ရပ်က ဖော်ပြထားပါတယ်။

အသက် ၄/၅ နှစ်အရွယ်မှာ ကလေးတွေဟာ မျှဝေခံစားတတ်တဲ့အကျင့်တွေ စတင်ဖွံ့ဖြိုးလာပြီးနောက် သမ်းဝေခြင်းဟာလည်း အဲ့ဒီအရွယ်ကစပြီး ဘဝတစ်လျှောက်လုံးထိ ကူးစက်သွားတယ်လို့ ဆိုပါတယ်။

 

ခွေးတွေတောင်မှ သခင်ဆီက သမ်းဝေခြင်းကို ကူးစက်ကြပါသတဲ့။

Source : Metro

 

Share

Loading Next Article...
က္က