မြန်မာနိုင်ငံမှာဆိုရင် ပိဋကတ် (၃) ပုံကို အလွတ်အာဂုံဆောင်နိုင်တဲ့ မင်းကွန်းဆရာတော်ဘုရားကြီးရဲ့ မှတ်ဉာဏ်ကောင်းခြင်းက ထင်ရှားပါတယ်။

မှတ်ဉာဏ်ကောင်းခြင်းဆိုတာ ဦးနှောက်ရဲ့အံ့သြဖွယ်လုပ်ဆောင်မှုတွေထဲမှာ တစ်ခုအပါအဝင်ဖြစ်ပါတယ်။ အထူးသဖြင့် ကျောင်းသားအရွယ်မှာဆိုရင် မှတ်ဉာဏ်ကောင်းခြင်းက ပညာသင်ကြားရာမှာ အထူးကျေးဇူးပြုနိုင်ပါတယ်။ မြန်မာနိုင်ငံမှာဆိုရင် ပိဋကတ် (၃) ပုံကို အလွတ်အာဂုံဆောင်နိုင်တဲ့ မင်းကွန်းဆရာတော်ဘုရားကြီးရဲ့ မှတ်ဉာဏ်ကောင်းခြင်းက ထင်ရှားပါတယ်။

 

မှတ်ဉာဏ်ကောင်းခြင်းကို မွေးရာပါလို့ ဆိုကြပေမယ့် မိမိရဲ့မှတ်ဉာဏ် ပိုမိုကောင်းမွန်လာအောင် လုပ်ဆောင်လို့ရတဲ့ အချက်လေးတွေလည်း ရှိပါသေးတယ်။

၁။ အိပ်ရေးဝပါစေ

Baby-Sleeping-Pose-cu92.jpg 

တကယ်တမ်းကျတော့ အိပ်စက်ခြင်းနဲ့ မှတ်ဉာဏ်ကြားမှာ ကြီးမားတဲ့ ဆက်နွယ်မှုတစ်ခုရှိပါတယ်။ တချို့ကျောင်းသားတွေ စာမေးပွဲနီးမှ တစ်ညလုံး စာကျက်ပေမယ့် စာမေးခွဲခန်းထဲမှာ ကျက်ထားတဲ့စာတွေ မေ့သွားတယ်ဆိုတာ ဒီသဘောကြောင့်ပါပဲ။ အိပ်စက်ချိန်မှာ ဦးနှောက်ဟာ သူ့ရဲ့လုပ်ဆောင်မှုတွေကို ခဏတာလျှော့ချချိန်ရတဲ့အတွက် ဦးနှောက်ရဲ့မှတ်သားနိုင်တဲ့အပိုင်းမှာ အကျိုးကျေးဇူးရရှိနိုင်မှာ ဖြစ်ပါတယ်။

အိပ်ရေးခဏခဏပျက်မယ်ဆိုရင်တော့ ဦးနှောက်ရဲ့လုပ်ဆောင်မှုတွေ နှေးကွေးလာပြီး အရပ်အခေါ် ပလတ်ကျွတ်တယ်ဆိုတာမျိုး ဖြစ်လာပြီး မှတ်ဉာဏ်နဲ့ ဦးနှောက်ရဲ့တုံ့ပြန်နိုင်စွမ်းတွေ ကျဆင်းလာပါလိမ့်မယ်။

၂။ မှတ်စုစာအုပ်ဆောင်တတ်တဲ့ အကျင့်လုပ်ပါ

to-do-list-list-notepad-840x462.jpg 

ခုလို ဒစ်ဂျစ်တယ်ခေတ်ကြီးထဲမှာ ဖုန်းတို့၊ တက်ဘလက်တို့လို ပစ္စည်းတွေမှာလည်း မှတ်စုရေးနိုင်ပါတယ်။ ဒါပေမယ့် မှတ်စုစာအုပ်ပေါ်မှာ မိမိလက်ရေးနဲ့ အကြောင်းအရာတွေကို ချရေးထားတာက ဦးနှောက်ရဲ့ မှတ်သားနိုင်စွမ်းကို ပိုမိုတိုးတက်စေပါတယ်။

အလုပ်နဲ့ဆိုင်တဲ့ အကြောင်းအရာတွေ၊ အတန်းထဲမှာ လက်ချာလိုက်ထားတဲ့ သင်ခန်းစာတွေ၊ နေ့စဉ်လုပ်ဆောင်ဖွယ်တွေကို မှတ်စုစာအုပ်တစ်အုပ်ထဲမှာ လက်ရေးတိုနဲ့ ချရေးထားလိုက်တာက မှတ်ဉာဏ်တိုးတက်စေရေးမှာ အထောက်အကူပြုနိုင်ပါတယ်။

၃။ မှတ်ဉာဏ်ကို အထောက်အကူပေးမယ့် အစားအစာတွေကိုစားပါ

how-to-get-kids-to-eat-vegetables__.jpg 

"ထမင်းအသက် (၇) ရက်၊ ရေအသက် တစ်မနက်" ဆိုသလို လူရယ်လို့ဖြစ်လာရင် အသက်ဇီဝဓာတ် ဆက်လက်တည်မြဲဖို့အတွက် အစားအစာစားသောက်ခြင်းနဲ့ ကင်းကွာလို့မရပါဘူး။ နေ့စဉ်စားတဲ့ အစားအသောက်တွေကို ကျန်းမာရေးနဲ့ ညီညွတ်အောင် စားသုံးပေးဖို့လိုအပ်ပါတယ်။

see also 

နေ့စဉ်လိုအပ်တဲ့ အာဟာရဓာတ်တွေဖြစ်တဲ့ ဗိုက်တာမင်၊ သတ္ထုဓာတ်နဲ့ ကယ်လ်ဆီယမ်တို့ စုံလင်စွာပါဝင်တဲ့ လတ်ဆတ်တဲ့ ဟင်းသီးဟင်းရွက်တွေ၊ အသီးအနှံတွေကို များများစားပေးသင့်ပါတယ်။ အသီးအရွက်များများ စားပေးခြင်းက အသားအရေကိုပဲ စိုပြေလှပစေတာမဟုတ်ပါဘူး။ မှတ်ဉာဏ်ကိုလည်းတိုးတက်စေပါတယ်။

၄။ အာရုံအပြည့်စိုက်ပါ

204141-2121x1414-flirty-tteens.jpg 

ကိုယ့်ပတ်ဝန်းကျင်က အရာတွေကို တကယ်ကော အာရုံစိုက်မိပါသလား။ ဒါမှမဟုတ် သတိမမူ ဂူမမြင်ပဲ နေမိပါသလား။ အသေးစိတ်လေးတွေကအစ သေချာအာရုံစိုက်ဖို့က မှတ်ဉာဏ်အတွက် အလွန်အရေးကြီးတယ်ဆိုတာကို နားလည်ထားရပါမယ်။ ဘာကြောင့်လဲဆိုတော့ အာရုံစူးစိုက်ခြင်းဟာ မှတ်ဉာဏ်ကို နှိုးဆွပေးနိုင်တဲ့အကောင်းဆုံးအရာတစ်ခုဖြစ်နေလို့ပါပဲ။ ဒါကြောင့် မနက် ကျောင်းသွားရင် လမ်းမှာ ဘယ်သူနဲ့ တွေ့ခဲ့တယ်။ ဘာဟင်းနဲ့ ထမင်းစားခဲ့တယ်။ ဆရာမက ဘာအိမ်စာပေးလိုက်တယ် အစရှိတဲ့ အသေးစိတ်အချက်အလက်လေးတွေကအစ မှတ်သားထားနိုင်ဖို့ ကြိုးစားကြည့်ပါ။ ဒီလိုရိုးရှင်းတဲ့ လုပ်ဆောင်မှုလေးက မှတ်ဉာဏ်ကို ပိုမိုတိုးတက်လာစေနိုင်ပါလိမ့်မယ်။

၅။ တရားထိုင်ကြည့်ပါ

Memory-2-768x576.png 

ဗုဒ္ဓဘာသာဝင်တွေသာမက တခြားဘာသာဝင်တွေနဲ့ ဘုရားမဲ့ဝါဒီတွေတောင် စိတ်ရဲ့ငြိမ်းချမ်းမှုနဲ့ သမာဓိကို ရှာဖွေဖို့အတွက် သမထ ထိုင်ခြင်းကို လုပ်ဆောင်တတ်ကြပါတယ်။ တရားထိုင်နေချိန်မှာ ရရှိတဲ့ သမာဓိက ဦးနှောက်ရဲ့ မှတ်သားနိုင်စွမ်းကို တိုးတက်စေပါတယ်။

တစ်နေ့ကို မိနစ် (၂၀) လောက်တရားထိုင်ပေးခြင်းက သမာဓိနဲ့ အာရုံစူးစိုက်မှုကို တိုးတက်လာစေနိုင်တဲ့အတွက် မှတ်ဉာဏ်ပိုကောင်း လာစေနိုင်ပါတယ်။ ဒါပေမယ့် တရားထိုင်နေတဲ့မိနစ် (၂၀) အတွင်းမှာတော့ သေသေချာချာအာရုံစိုက်ဖို့တော့ လိုပါတယ်။ တစ်ခါတလေမှာဆိုရင် တရားထိုင်နေရင်း အရင်တုံးကမေ့နေတဲ့အကြောင်းအရာတွေ၊ မသိစိတ်ထဲမှာပုန်းကွယ်နေတဲ့ အိုင်ဒီယာတွေကိုတောင် ပြန်ထွက်ပေါ်လာစေနိုင်ပါသေးတယ်။

၆။ အလုပ် (၂)မျိုး (၃) မျိုးကိုတပြိုင်တည်းမလုပ်ပါနဲ့

o-MULTI-TASK-facebook.jpg 

Multitasking လို့ခေါ်တဲ့ အလုပ် (၂)မျိုး (၃) မျိုးကိုတပြိုင်တည်းလုပ်ခြင်းက ထူးချွန်တဲ့လူတွေပဲလုပ်နိုင်တာလို့ ထင်ကြပါလိမ့်မယ်။ အမှန်တကယ်လည်း အဲဒီလိုလုပ်နိုင်ဖို့မလွယ်ပါဘူး။ ဒါပေမယ့် အဲဒီလို အလုပ် (၂)မျိုး (၃) မျိုးကိုတပြိုင်တည်းလုပ်ခြင်းက ခင်ဗျားရဲ့မှတ်ဉာဏ်ကိုအလုပ်ပိုပေးပြီး တစ်ခုခုကိုမေ့လျော့နိုင်ခြေ ပိုများပါတယ်။ ဒါကြောင့် တစ်ခုပြီးမှတစ်ခု လုပ်တာ အကောင်းဆုံးပါပဲ။

Source: Powerofpositivity

 

Share

Loading Next Article...
က္က