သစ်သီးတွေပဲစားရုံနဲ့ လူက အာဟာရဓာတ်လုံလုံလောက်လောက်မရပါဘူး။

သစ်သီးဝလံ၊ ဟင်းသီးဟင်းရွက်တွေကို နေ့စဉ်စားသုံးဖို့အတွက် ကျန်းမာရေးနဲ့အာဟာရ ပညာရှင်တွေက အမြဲတမ်း တိုက်တွန်းလေ့ရှိတယ်လေ။ ဝိတ်ချချင်တဲ့ ညီမလေးတို့ကတော့ ထမင်း၊ ခေါက်ဆွဲ၊ ဆီကြော်စာတွေကိုရှောင်ပြီး သစ်သီးတွေကို များများစားဖို့ စဉ်းစားမိကြမှာပါပဲ။ တစ်ချက် ပြန်စဉ်းစားရမှာကတော့ သစ်သီးစားတိုင်း ဝိတ်ကျသလား ဆိုတဲ့ မေးခွန်းဖြစ်ပါတယ်။ သစ်သီးစားတိုင်း ဝိတ်ကျတယ်ဆိုတာ ဟုတ်ပါ့မလား။

see also 

ဝိတ်ချဖို့အတွက် သစ်သီးတွေကိုပဲ စားနေလို့ မဖြစ်ပါဘူး။ ထမင်းလျှော့စားပြီး သစ်သီးများများစားမယ်ဆိုရင် ဝိတ်ကျသွားမယ်ဆိုတာတော့ မှန်ပါတယ်။ ဒါကလည်း သစ်သီးအမျိုးအစားပေါ် မူတည်ပြီးမှ ယတိပြတ် ပြောရမယ့်စကားပါနော်။

 

သစ်သီးတွေမှာ အမျိုးအစားအလိုက် အာဟာရဓာတ်တွေ ပါဝင်နေကြပါတယ်။ ဗီတာမင်နဲ့ သတ္တုဓာတ်တွေ၊ အမျှင်ဓာတ်တွေ ပါဝင်နေတာကြောင့် ကျန်းမာရေးကို အထောက်အကူဖြစ်စေပါတယ်။ ရောဂါကာကွယ်ပေးတဲ့ အုပ်စုဝင် အစားအစာဖြစ်ပါတယ်။ သစ်သီးဝလံနဲ့ ဟင်းသီးဟင်းရွက်တွေကို နေ့စဉ်စားသုံးပေးခြင်းက လူကိုကျန်းမာစေပါလိမ့်မယ်။ ဒါပေမဲ့ ဝိတ်ကျဖို့အတွက် သစ်သီးတွေကိုပဲ ရွေးချယ်မယ်ဆိုရင်တော့ လွဲမှားတဲ့စိတ်ကူးလို့ မဒီက ပြောချင်တယ်။ သစ်သီးတွေချည်း စားရုံနဲ့ လူက အာဟာရဓာတ်လုံလုံလောက်လောက်မရဘူးလေ။

 

တချို့သစ်သီးတွေက ကယ်လိုရီပမာဏ များပြားစွာ ပါဝင်နေတာကြောင့် ဝိတ်ချနေသူတွေအတွက် ထင်သလောက် အကျိုးသက်ရောက်မှု မရှိပါဘူး။ အထူးသဖြင့် သစ်သီးခြောက်တွေဆိုရင် ကယ်လိုရီပါဝင်မှု အရမ်းများပါတယ်။ သစ်သီးအနေနဲ့ဆိုရင်တော့ ထောပတ်သီးက ကယ်လိုရီပါဝင်မှု အများဆုံးဖြစ်ပြီး အုန်းသီး၊ ငှက်ပျောသီး၊ သရက်သီးတို့ဟာ ကယ်လိုရီများတဲ့ သစ်သီးတွေ ဖြစ်ကြပါတယ်။ တကယ်လို့ ဝိတ်တက်ချင်တယ်ဆိုရင် ဒီအသီးတွေကို smoothie အနေနဲ့ လုပ်သောက်ကြည့်ပါလို့ အကြံပေးလိုက်ပါတယ်နော်။

 

Source : Smoothiegains

Share

Loading Next Article...
က္က