ငါးကြီးဆီကို ပုံမှန်စားပေးမယ်ဆိုရင် အောက်ပါ ကျန်းမာရေးအကျိုးကျေးဇူးတွေကို ရရှိစေနိုင်မှာပါနော်။

အဆီများတဲ့ငါးတွေရဲ့ အဆီတစ်ရှူးကနေ ထုတ်ယူထားတဲ့ ငါးကြီးဆီမှာ DHA တို့၊ EPA တို့လိုမျိုး ခန္ဓာကိုယ်အတွက် အကျိုးပြုနိုင်တဲ့ ဓာတုပစ္စည်းတွေ ပါဝင်သလို omega 3 ဖက်တီးအက်ဆစ်လည်း ပါဝင်ပါတယ်။

 

ငါးကြီးတွေဟာ omega-3 ဖက်တီးအက်ဆစ်ကို ထုတ်လုပ်ဖို့အတွက် ငါးသေးသေးလေးတွေ၊ ရေညှိတွေကို စားသောက်ပေးရတဲ့အတွက် ငါးကြီးဆီထဲမှာ ခန္ဓာကိုယ်အတွက် အကျိုးရှိမယ့် omega 3 ဖက်တီးအက်ဆစ်တွေ ပမာဏအများကြီး စုဆောင်းမိစေပါတယ်။ ငါးကြီးဆီ စားပေးခြင်းရဲ့ အကျိုးကျေးဇူးတွေကတော့...

၁။ ဝမ်းချုပ်ခြင်းကို သက်သာစေနိုင်

gettyimages-548301223.jpg 

ကိုယ်ဝန်ဆောင်မိခင်တွေနဲ့ သက်ကြီးရွယ်အိုတွေကို ငါးကြီးဆီစားဖို့ ကျွမ်းကျင်သူတွေက တိုက်တွန်းလေ့ရှိကြပါတယ်။ ဘာလို့လဲဆိုတော့ ငါးကြီးဆီက ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ ခွန်အားတွေကို ပေးစွမ်းနိုင်ရုံသာမက ကိုယ်ဝန်သည်တွေနဲ့ သက်ကြီးရွယ်အိုတွေမှာ အဖြစ်များတတ်တဲ့ ဝမ်းချုပ်ခြင်းဝေဒနာကိုလည်း သက်သာပျောက်ကင်းစေနိုင်လို့ပါပဲ။

ငါးကြီးဆီမှာပါဝင်တဲ့ အဆီဓာတ်က ခန္ဓာကိုယ်ထဲမှာ ချောဆီတစ်မျိုးလို လုပ်ဆောင်ပေးပြီး ဝမ်းချုပ်ခြင်းဝေဒနာကို သက်သာစေနိုင်ပါတယ်။ နောက်ပြီး ကာလရှည်ကြာ ဝမ်းချုပ်ခြင်းကြောင့် ဖြစ်ပွားတတ်တဲ့ အဆစ်အမြစ်နဲ့ အရေပြား ရောင်ရမ်းခြင်းကိုလည်း ငါးကြီးဆီထဲမှာ ပါဝင်တဲ့ Omega 3 ဖက်တီးအက်ဆစ်က ကူညီကုစားပေးနိုင်ပါတယ်။

၂။ ဆီးကြိတ်ကင်ဆာ ကာကွယ်နိုင်

01-signs-of-prostate-cancer-difficulty-peeing.jpg 

ငါးကြီးဆီ ပုံမှန်စားပေးခြင်းက အမျိုးသားတွေမှာ ဖြစ်တတ်တဲ့ ဆီးကြိတ်ကင်ဆာရောဂါကို ကာကွယ်ပေးနိုင်တယ်လို့ သိရပါတယ်။ Omega-3 ဖက်တီးအက်ဆစ် ကြွယ်ဝစွာပါဝင်တဲ့ အစားအစာ တစ်နပ်ဟာ ဆီးကြိတ်ကင်ဆာဖြစ်ဖို့ အလားအလာရှိနေတဲ့ အမျိုးသားတွေအတွက် အလွန်အကျိုးပြုနိုင်တယ်လို့လည်း ဆိုထားပါတယ်။

See Also: 

၃။ ကိုယ်ဝန်ဆောင်မိခင်တွေအတွက် သင့်တော်

11-constipated-hormones.jpg 

ငါးကြီးဆီဟာ ကိုယ်ဝန်ဆောင်မိခင်တွေမှာ ဖြစ်တတ်တဲ့ ဟော်မုန်းပြောင်းလဲမှုကြောင့် ဖြစ်တတ်တဲ့ စိတ်ဓာတ်ကျဆင်းခြင်း ဝေဒနာကိုလည်း သက်သာစေနိုင်ပါတယ်။ ငါးကြီးဆီမှာ DHA ကြွယ်ဝစွာပါဝင်ပြီး ဆရာဝန်တွေကလည်း ကိုယ်ဝန်ဆောင်မိခင်တွေကို DHA ကြွယ်ဝတဲ့ အစားအစာတွေ စားပေးဖို့ တိုက်တွန်းတတ်ကြပါတယ်။

၄။ မှတ်ဉာဏ်ပိုကောင်းစေ

raising-a-smart-kid-2.jpg 

ငါးကြီးဆီမှာ ပါဝင်တဲ့ omega 3 ဖက်တီးအက်ဆစ်ဟာ မှတ်ဉာဏ်ပိုကောင်းစေတယ်လို့ သုတေသနတွေအရ သိရပါတယ်။ အထူးသဖြင့် ငယ်ရွယ်တဲ့ ကလေးငယ်တွေနဲ့ လူငယ်လူရွယ်တွေမှာ အာနိသင်ပိုမို ထိရောက်နိုင်ပါတယ်။

၅။ အမြင်အာရုံ ပိုမိုအားကောင်းစေနိုင်

girl-taking-off-her-glasses-with-one-hand-because-she-does-not-know-this-is-something-she-should-avoid.jpg 

ငယ်ရွယ်တဲ့ ကလေးတွေနဲ့ သက်ကြီးရွယ်အိုတွေကို ငါးကြီးဆီ ပုံမှန်သောက်ပေးဖို့ တိုက်တွန်းမယ်ဆိုရင် သူတို့ရဲ့အမြင်အာရုံကို ကြီးမားစွာ အကျိုးပြုနိုင်မှာပါ။ ငယ်ငယ်ရွယ်ရွယ်နဲ့ ဂိမ်းအရမ်းဆော့ပြီး မျက်မှန်အထူကြီးတွေ တပ်နေရတဲ့ ကလေးငယ်တွေကို ငါးကြီးဆီ တိုက်ပေးမယ်ဆိုရင် သူတို့ရဲ့ အမြင်အာရုံ သိသိသာသာကြီး ပြန်လည်ကောင်းမွန်လာတာကို တွေ့ရှိရမှာပါ။ နောက်ပြီး အသက်အရွယ်ကြီးရင့်မှုကြောင့် မျက်စိမှုန်နေတဲ့ သက်ကြီးရွယ်အိုတွေကိုလည်း ငါးကြီးဆီ တိုက်ကျွေးပေးမယ်ဆိုရင် အမြင်အာရုံပြန်လည်ကြည်လင်လာတာကို တွေ့ရှိရမှာပါ။

Source: Stylecraze

 

Share

Loading Next Article...
က္က