အတွင်းခံဘောင်းဘီဝတ်မယ့်အစား သက်တောင့်သက်သာရှိတဲ့ ပွပွချောင်ချောင် ညအိပ်ဘောင်းဘီကိုသာ ဝတ်သင့်ပါတယ်။

ချစ်တင်းနှောပြီးတာနဲ့ အပေါ့သွား (ဆီးသွား)လိုက်ဖို့ဆိုတဲ့ အကြံပေးချက်ကို အကြိမ်ပေါင်းများစွာ ကြားဖူးကြမယ် ထင်ပါတယ်။ အမျိုးသမီးတွေအနေနဲ့ ဆီးလမ်းကြောင်းပိုးဝင်ခြင်း (UTI) မဖြစ်အောင် ချစ်တင်းနှောပြီးတာနဲ့ အပေါ့သွားကြပါလို့ မီးယပ်အထူးကုဆရာဝန်တွေက ဆိုပါတယ်။ နောက်တစ်ချက်ကတော့ အမျိုးသမီးတွေအနေန့ ချစ်တင်းနှောပြီးပြီးချင်းမှာ အတွင်းခံဘောင်းဘီကို ချက်ခြင်း ပြန်မဝတ်သင့်ဘူး ဆိုတာပါပဲ။



 

အပေါ့သွားချင်သည်ဖြစ်စေ မသွားချင်သည်ဖြစ်စေ အပေါ့သွားဖြစ်အောင် ကြိုးစားကြည့်ပါ။ ဒါမှ ဆီးလမ်းကြောင်းထဲက ဘက်တီးရီးယားတွေ ဆီးနဲ့အတူ ထွက်သွားမှာဖြစ်ပါတယ်။ UTI ဟာ ချစ်တင်းနှောနေစဉ်အတွင်း မိန်းမကိုယ်ထဲကို ဘက်တီးရီးယားတွေ ဝင်ရောက်ရှင်သန်ရာကနေ စဖြစ်တတ်လို့ပါပဲ။

see also 

မိန်းမကိုယ်နဲ့ ခန္ဓာကိုယ်တစ်ဝိုက်မှာ ချွေး၊ သုက်ရည်၊ ချောဆီ စတာတွေ စိုစွတ်နေရင်လည်း တစ်ရှုးစက္ကူနဲ့ သုတ်ပစ်ရပါမယ်။ စိုစွတ်နေရင် ဘက်တီးရီးယားတွေ ပိုကပ်နိုင်လို့ပါ။ ခြောက်သွေ့အောင် ထားပေးဖို့ လိုပါတယ်။ ကိစ္စပြီးသွားတဲ့အခါမှာ ရိုးရိုးရေ၊ အနံ့မပါတဲ့ဆပ်ပြာတို့နဲ့သာ ဆေးသင့်ပါတယ်။ ပြီးရင်တော့ ခြောက်သွေ့သွားအောင် ထားပေးရပါတယ်။

 

အတွင်းခံဘောင်းဘီကိုလည်း မဝတ်ဘဲနေလိုက်တာ အကောင်းဆုံးပါလို့ University of Southern California's Keck School of Medicine က မီးယပ်နဲ့သားဖွားဆိုင်ရာ လက်ထောက်ကထိက ဒေါက်တာ ဆာရာ တူးဂွတ်က သတိပေးပါတယ်။ အတွင်းခံဘောင်းဘီဝတ်မယ့်အစား သက်တောင့်သက်သာရှိတဲ့ ပွပွချောင်ချောင် ညအိပ်ဘောင်းဘီကိုသာ ဝတ်သင့်ပါတယ်လို့ အကြံပေးပါတယ်။ မိန်းမကိုယ်ကို လေဝင်လေထွက်ကောင်းပြီး ခြောက်သွေ့သန့်ရှင်းအောင် ထားပေးမှသာ ပိုးဝင်တာတွေ၊ ယားယံတာတွေ မဖြစ်မှာပါလို့ သူမက ဆိုပါတယ်။

 

Source : Health


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က