AD
AD
AD

ကိုယ်ဝန်ဆောင်မိခင်လောင်းတစ်ဦး ဖျားနာခြင်းဟာ ဗိုက်ထဲက သန္ဓေသားကိုပါ အကျိုးသက်ရောက်မှုဖြစ်စေပြီး အထူးသဖြင့် နှလုံးနဲ့ မျက်နှာမှာ ချို့ယွင်းချက်ဖြစ်စေတယ်လို့ လေ့လာမှုအသစ်တစ်ခုက တွေ့ရှိခဲ့ပါတယ်။

play

 

မိခင်လောင်းအနေနဲ့ အသက်ရှုလမ်းကြောင်းဆိုင်ရာ ကျန်းမာရေးချို့ယွင်းမှုဖြစ်ရင် မမွေးသေးတဲ့ ကလေးကို နှလုံးဆိုင်ရာပြဿနာတွေ၊ မျက်နှာပုံပန်းမကျခြင်းတို့ကို ဖြစ်စေတယ်ဆိုတာကို သိနှင့်ကြပြီးဖြစ်ပါတယ်။ ဒါပေမဲ့ မိခင်လောင်းရဲ့ နာမကျန်းဖြစ်မှုဟာ ဗိုင်းရပ်စ် ဒါမှမဟုတ် အခြားရောဂါပိုးကြောင့် ဖြစ်ရင်လား၊ ရိုးရိုးဖျားနာခြင်းကြောင့် ဆိုရင်ပဲ သန္ဓေသားလောင်းကို ထိခိုက်စေသလား ဆိုတာကတော့ ပိုင်းခြားရခက်နေခဲ့ပါတယ်။

play

 

မြောက်ကယ်ရိုလိုင်းနား၊ ဒါဟမ်မြို့က Duke University ရဲ့ လေ့လာမှုမှာတော့ မိခင်လောင်းဖျားနာရုံနဲ့တင် ကလေးကိုထိခိုက်စေနိုင်တာကို အထောက်အထားတွေနဲ့ တွေ့ခဲ့ရပါတယ်။ ဒါက ပထမဆုံးသက်သေအထောက်ထားဖြစ်ပေမဲ့ ရင်းမြစ်တော့မဟုတ်သေးပါဘူး။ သန္ဓေသားလောင်းကိုဖွဲ့စည်းရာမှာ နှလုံး၊ မျက်နှာနဲ့မေးရိုးဆဲလ်တွေဟာ အပူချိန်ကြောင့် ထိခိုက်လွယ်ပါတယ်။

 

ကိုယ်ဝန်ဆောင်ကာလရဲ့ ပထမဆုံး သီတင်းပတ် ၃ ပတ်မှ ၈ ပတ်အတွင်း မိခင်လောင်းက ဖျားနာခဲ့မယ်ဆိုရင် ကလေးရဲ့ အဆိုပါအစိတ်အပိုင်းတွေ ဖွံ့ဖြိုးမှုအပိုင်းကို သက်ရောက်မှုဖြစ်စေတယ်လို့ အဆိုပါ သုတေသနအဖွဲ့က ပြောပါတယ်။ လေ့လာမှုရလဒ်ကိုလည်း Science Signaling မှာ ဖော်ပြခဲ့တယ်လို့ သိရပါတယ်။

Postby

 

Source : Daily Mail

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD