ဒီလက္ခဏာတွေကို ဥပေက္ခာပြုထားရင် အသက်ပါဆုံးရှုံးစေနိုင်တာမို့ မိမိတို့ရဲ့ ချစ်သူ၊ ခင်သူတွေ သိရှိအောင် ခေါ်ပြထားသင့်ပါတယ်။

နှလုံးရောဂါဆိုတာကို အရင်တုံးကတော့ မြန်မာရုပ်ရှင် ဇာတ်လမ်းတွေထဲက မင်းသမီး (သို့) မင်းသားရဲ့အမေ သူတို့သားသမီးကို အကျပ်ကိုင်ဖို့အတွက် သုံးတဲ့ ခပ်ပေါပေါဖိန့်လုံးလို့ ထင်ချင်ထင်ကြပါလိမ့်မယ်။ ဒါပေမယ့် တကယ့်တကယ်တမ်းကျတော့ နှလုံးရောဂါဟာ သိပ်ကြောက်ဖို့ကောင်းတဲ့ အသံတိတ်လူသတ်သမားပါ။

 

အကောင်းကြီးကနေ ခေါက်ခနဲ လဲသေသွားအောင် လုပ်နိုင်တာ နှလုံးရောဂါပါ။ နှလုံးရောဂါဟာ စိတ်ခံစားချက်တွေနဲ့ ဆက်နွယ်နေပြီး နှလုံးထဖောက်ရင် နှလုံးကြွက်သားတစ်ခု လုပ်ဆောင်မှုရပ်သွားပြီး အသက်ပါ ဆုံးရှုံးရတာပါ။ ဒီလိုအခြေအနေဟာ နှလုံးဆီကို အောက်ဆီဂျင ်လုံလောက်စွာပါဝင်တဲ့သွေးတွေ အချိန်မီ မပို့ဆောင်နိုင်တဲ့အခါမျိုးမှာ ဖြစ်တတ်ပါတယ်။

ကြောက်ဖို့ကောင်းတဲ့ ဒီအသံတိတ်လူသတ်သမား သတ်ဖြတ်တာ မခံရစေဖို့ နှလုံးရောဂါနဲ့ ဆက်နွယ်နေတဲ့ လက္ခဏာလေးတွေကို ဖော်ပြပေးလိုက်ပါတယ်။ ဒီလက္ခဏာတွေကို ဥပေက္ခာပြုထားရင် အသက်ပါဆုံးရှုံးစေနိုင်တာမို့ မိမိတို့ရဲ့ ချစ်သူ၊ ခင်သူတွေ သိရှိအောင် ခေါ်ပြထားသင့်ပါတယ်။

၁။ ရင်ဘတ်အောင့်ခြင်း

heart-attack.jpg 

တချို့တွေက ရင်ဘတ်အောင့်တာကို ပေါ့ပေါ့လေး တွေးကြပါတယ်။ လေထိုးလေအောင့်တာပဲ ဖြစ်မှာပါဆိုပြီး ပေါ့ပေါ့တန်တန်ပဲ သဘောထားတတ်ကြပါတယ်။ ဒါပေမယ့် ရင်ခေါင်းအလည် တည့်တည့်မှာ စူးခနဲအောင့်တဲ့ ဝေဒနာမျိုး ခံစားနေရပြီဆိုရင်တော့ နီးစပ်ရာဆရာဝန်ဆီ အမြန်ပြေးပါတော့။

ဒါဟာ နှလုံးရောဂါဖြစ်တော့မယ့် လက္ခဏာပါပဲ။ မကြာခင်မှာ ဒါဟာ ပိုမိုဆိုးဝါးသွားနိုင်သလို နှလုံးဆီကို သွေးတွေပုံမှန်စီးဆင်းသွားပြီး မိနစ်အနည်းငယ်ကြာရင် ပျောက်ကွယ်သွားနိုင်တာလည်း ဖြစ်နိုင်ပါတယ်။ ကိုယ့်အသက်နဲ့ရင်းပြီး လောင်းကစားလုပ်ရဲရင်တော့ ဒီအတိုင်းပဲဆက်ပြီး လျစ်လျူရှုထားနိုင်ပါတယ်။

၂။ မေးရိုးတဝိုက်မှာ နာကျင်ခြင်း

jaw-pain.jpg 

ဒီလက္ခဏာကတော့ အမျိုးသားတွေမှာ အဖြစ်နည်းပြီး အမျိုးသမီးတွေမှာ တွေ့ရတတ်တဲ့ လက္ခဏာမျိုးပါ။ အမျိုးသမီးတွေ မေးရိုးတဝိုက်မှာ နာကျင်သလို ခံစားနေရပြီဆိုရင်တော့ ရေနွေးအိတ်ကပ်တာတို့၊ ဘာတို့လောက်လုပ်ပြီး ဓာတ်ကြမ်းတိုက်မနေပါနဲ့။ နီးစပ်ရာ နှလုံးအထူးကုဆရာဝန်နဲ့ ပြသသင့်ပါတယ်။

၃။ အသက်ရှူမဝခြင်း

shortness-of-breath-pulmonary-hypertension.jpg 

လှုပ်လှုပ်ရှားရှားလည်း မလုပ်မိပါဘဲ ရုတ်တရက်ကြီး အသက်ရှူမဝသလို၊ မောပန်းသလိုလို ခံစားလာရပြီဆိုရင် ဒါဟာလည်း နှလုံးရောဂါရဲ့ ရှေ့ပြေးလက္ခဏာတစ်ခုအဖြစ် သိနိုင်ပါတယ်။ ရေထဲအနှစ်ခံလိုက်ရလို့ အသက်ကိုလုရှူနေရသလိုပဲ အသက်ရှူမဝဖြစ်ပြီး ပုံမှန်အတိုင်းနေနိုင်ဖို့ အလွန်ခက်ခဲမှာပါ။ ဒီလို ခဏခဏ ဖြစ်တတ်ရင်တော့ ဆရာဝန်နဲ့ ပြသတိုင်ပင်သင့်နေပါပြီ။

၄။ ဘယ်ဘက်လက်မောင်းနာကျင်ခြင်း

man-clutching-his-arm-having-a-heart-attack.jpg 

ဘာနဲ့မှလည်း မထိခိုက်မိပါဘဲ ဘယ်ဘက်လက်မောင်းက ပလိန်းကြီး ထနာနေပြီဆိုရင်တော့ နှလုံးထဖောက်ခါနီး လက္ခဏာပြနေတာပါ။ ဒီလိုလက္ခဏာဟာ နှလုံးရောဂါကြောင့် အသက်ဆုံးရှုံးရသူ တော်တော်များများမှာ တွေ့ရတတ်တဲ့ လက္ခဏာတစ်ခု ဖြစ်တဲ့အတွက် ဥပေက္ခာမပြုသင့်ပါဘူး။

၅။ ချွေးထွက်လွန်ခြင်း

how-to-reduce-sweating.jpg 

ချွေးထွက်လွန်တယ်ဆိုတာ အဝလွန်တဲ့သူတွေမှာ အဖြစ်များတဲ့ လက္ခဏာပါ။ ဒါပေမယ့် အဝလွန်ခြင်းနဲ့ နှလုံးရောဂါဟာလည်း ဆက်စပ်နေတဲ့အတွက် ပေါ့လို့တော့မရပါဘူး။ နည်းနည်းလှုပ်လိုက်တာနဲ့ ချွေးထွက်နေပြီဆိုရင်တော့ နှလုံးအထူးကု ဆရာဝန်နဲ့ ပြသပြီး အကြံဉာဏ်တောင်းခံကြည့်သင့်ပါတယ်။

Source: Youngisthan

 

Share

Loading Next Article...
က္က