ဟောက်တယ်ဆိုတာ အိပ်စက်မှု မူမမှန်ခြင်းရဲ့ လက္ခဏာတစ်ခုဖြစ်ပါတယ်။

ယနေ့ခေတ်ကာလမှာ လူတွေဟာ ညအိပ်ချိန်တွေ ပိုပိုပြီး နောက်ကျနေကြပါတယ်။ အထူးသဖြင့် မြို့ပြက လူတွေဟာ ညဉ့်နက်သန်းခေါင်ကျော်မှ အိပ်ပျော်ကြတာများတယ်။ အိပ်မပျော်ခြင်းကို ဖြစ်စေတဲ့ အကြောင်းရင်းတွေကတော့ အမျိုးမျိုးရှိပါလိမ့်မယ်။ အဓိကအားဖြင့်တော့ အောက်ပါအချက်တွေထဲက တစ်ခုခုကြောင့်ပေါ့။ သင် အိပ်မပျော်နိုင်ရတာလည်း ဒီအချက်တွေထဲက တစ်ခုခုနဲ့ ပတ်သက်နေတာ ဖြစ်မှာပါ။

၁။ နာကျင်မှု

cs-back-pain-nighttime-1440x810.jpg 

ကျောနာ၊ ခါးနာတာတွေ ၊ ခေါင်းကိုက် အဆစ်အမြစ်ကိုက်ခဲတာတွေဟာ အိပ်စက်ဖို့ ခက်ခဲစေပါတယ်။ ညရောက်လို့ အိပ်ရာပေါ်ကျောချလိုက်တာနဲ့ ခါးထဲကနာတာ ကျောက အောင့်နေတာမျိုးတွေဟာ တစ်နေကုန် ထိုင်ပြီး အလုပ်လုပ်ရသူတွေမှာ အဖြစ်များပါတယ်။ ခန္ဓာကိုယ်လှုပ်ရှားမှု များပြားတဲ့အလုပ်ကို လုပ်ကိုင်ရသူတွေအဖို့လည်း ညဆိုရင် တစ်ကိုယ်လုံး ကိုက်ခဲနေတတ်လို့ တော်တော်နဲ့ အိပ်မပျော်ပါဘူး။

၂။ စိတ်ပိုင်းဆိုင်ရာခံစားချက်တွေ

ညအိပ်မပျော်ခြင်းဟာ ပူပန်သောကတွေနဲ့ စိတ်ဓာတ်ကျခြင်းရဲ့ လက္ခဏာတစ်ရပ်ဖြစ်ပါတယ်။ ဦးနှောက်အနေနဲ့ အိပ်စက်ဖို့အတွက်ရော စိတ်ခံစားချက်အတွက်ပါ neurotransmitter တွေကို တူညီစွာအသုံးပြုရတဲ့အတွက် ဘယ်အရာက အရင်စဖြစ်မလဲဆိုတာကိုသိဖို့ မကြာခဏ ခက်ခဲလေ့ရှိပါတယ်။ အမြဲတမ်း ဒီလိုဖြစ်မယ်ဆိုရင်တော့ ကျန်းမာရေးကိုရော လူမှုဘဝကိုပါ ထိခိုက်လာနိုင်တာမို့ အိပ်မပျော်ဘဲ သောကပွားနေရတာကို မြန်မြန်တိုက်ထုတ်ပစ်ပါ။

၃။ ဟောက်ခြင်း

o-SNORE-facebook.jpg 

အမေရိကန် ၃၀ % မှ ၅၀ % ဟာ အိပ်ပျော်နေစဉ် ဟောက်လေ့ရှိကြတယ်လို့ ခန့်မှန်းတွက်ချက်ထားပါတယ်။ အများစုကတော့ အကြောင်းရင်းမရှိဘဲ ဖြစ်နေကြတာပါ။ ဟောက်တယ်ဆိုတာ အိပ်စက်မှု မူမမှန်ခြင်းရဲ့ လက္ခဏာတစ်ခုဖြစ်ပါတယ်။ နှလုံးရောဂါ၊ သွေးတိုး၊ လေသင်တုန်းဖြတ်တာ စတဲ့ရောဂါတွေနဲ့ ဆက်နွှယ်နေတဲ့ မူမမှန်မှုလည်း ဖြစ်ပါတယ်။

၄။ Jet Lag

ခရီးသွားသူ အများစု ကြုံရလေ့ရှိပါတယ်။ Jet Lag ဆိုတာက တစ်နေရာကနေ နောက်တစ်နေရာသွားလို့ အချိန်ကွာဟမှုကြောင့် အိပ်ရေးပျက်ရတာကို ခေါ်တာပါ။ ဥပမာ ကိုယ်ထွက်ခွာတဲ့နေရာမှာ နေ့ဘက်ဖြစ်နေပြီး လေယာဉ်တောက်လျှောက်စီးလာပေမဲ့ ခရီးရောက်တဲ့အချိန်မှာ ညအိပ်ချိန်မဟုတ်ဘဲ နေ့ဘက်ပဲ ဖြစ်နေတာကြောင့် အိပ်မရတာမျိုးပေါ့။

see also 

၅။ အလုပ်ချိန်

နေ့ဆိုင်း-ညဆိုင်း အလုပ်လုပ်ရသူတွေလည်း အိပ်ချိန်တွေက မမှန်တော့ပါဘူး။ ဆရာဝန်တွေ၊ သူနာပြုတွေနဲ့ ညဆိုင်းတစ်လှည့် နေ့ဆိုင်းတစ်လှည့် အလုပ်ဆင်းနေရသူတွေဟာ ညဘက်မှာ ပုံမှန်အိပ်ပျော်ဖို့ ခက်ပါတယ်။

၆။ ဟော်မုန်းအပြောင်းအလဲ

landscape-1495117685-woman-anxious-menopause.jpg 

သွေးဆုံးချိန်၊ ရာသီလာချိန်နဲ့ ကိုယ်ဝန်လွယ်ထားရချိန်တွေမှာ အမျိုးသမီးထုကြားထဲမှာ အိပ်မပျော်မှုကိုဖြစ်စေတဲ့ မူလရင်းမြစ်တွေ ဖြစ်တယ်။ ပူအိုက်သလိုခံစားနေရတာ၊ ရင်သားတွေတောင့်တင်းနေတာ၊ မကြာခဏဆီးသွားတာတွေဟာ ပုံမှန်အိပ်စက်မှုရဖို့ အနှောင့်အယှက်တွေပါပဲ။ National Sleep Foundation ရဲ့ ထုတ်ပြန်ချက်အရဆိုရင် သွေးဆုံးခါနီးအမျိုးသမီး ၄၀% ဟာ အိပ်စက်မှုပြဿနာတွေ ရှိကြတယ်လို့ သိရပါတယ်။

၇။ နာမကျန်းဖြစ်ခြင်း

အိပ်စက်ဖို့ခက်ခဲခြင်းတွေဟာ ဆေးပညာဆိုင်ရာအခြေအနေတွေနဲ့လည်း မကြာခဏဆိုသလို ဆက်နွှယ်ဖြစ်ပေါ်ပါတယ်။ အဆုတ်ရောဂါ သို့မဟုတ် ပန်းနာရင်ကြပ်တို့လိုမျိုး ကြက်ညှာချောင်းဆိုးနဲ့ အသက်ရှုတိုတောင်းခြင်းတွေဟာ အိပ်ဖို့အတွက် ခက်ခဲပါတယ်။ နှလုံးပုံမှန်မဟုတ်ဘဲ ချို့ယွင်းမှုရှိနေရင် အသက်ရှုတာကလည်း မမှန်တော့ပြန်ဘူး။ အဲ့ဒီအတွက်လည်း အိပ်မပျော်နိုင်ဖြစ်ရတယ်။ Parkinson ရောဂါ (အကြောအားနည်း၍ ခြေတုန်လက်တုန်ဖြစ်ခြင်း)ရှိရင်တော့ အိပ်မပျော်တာအပါအဝ် တခြားဆိုးကျိုးတွေလည်း ကြုံရပါသေးတယ်။

 

၈။ ဆေး

ဆေးသောက်ရတယ်မျိုး (ဆရာဝန်ညွှန်ကြားလို့ဖြစ်စေ စပ်ဆေးသောက်လို့ဖြစ်စေ) ရှိတယ်ဆိုရင်လည်း အိပ်စက်မှုကို အနှောင့်အယှက်ပေးတတ်တာမျိုး ရှိပါတယ်။ အိပ်ချိန်နဲ့ကပ်ပြီး သောက်ရတဲ့ဆေးမျိုးမှာ အိပ်မပျော်အောင် တစ်စုံတစ်ရာသက်ရောက်မှု ဖြစ်စေတာမျိုးပါ။ ဆေးသောက်လိုက်တိုင်း ညည အိပ်မပျော်ဘူးဆိုရင် ဆရာဝန်ကိုပြန်ပြောပြပါ။ ဆေးပြောင်းသောက်ဖို့ ညွှန်ကြားပါလိမ့်မယ်။

Source : Health

Share

Loading Next Article...
က္က