အပူလောင်တဲ့နေရာပေါ်ကို ရေခဲတုံးနဲ့ လုံးဝမကပ်ပါနဲ့။

အရေပြားကို ပူလောင်တဲ့အရာတစ်ခုခုနဲ့ ထိမိတဲ့အခါ ပထမဆုံး တွေးရမှာက အပူလောင်သက်သာအောင် ဘာလုပ်ရမလဲဆိုတာပါပဲ။ ပြီးရင် ဒဏ်ရာနည်းအောင်လည်း လုပ်နိုင်သမျှ လုပ်ထားရပါမယ်။ အပူလောင်တာကြီးရင်တော့ ဆေးရုံ၊ ဆေးခန်းကိုသာ သွားဖြစ်အောင်သွားပါ။ အပူလောင်တာ မများဘူးဆိုရင်တော့ သက်သာစေမယ့် အိမ်သုံးဆေးနည်းလေးတွေကို အသုံးချကြည့်နိုင်ပါတယ်။

 

၁။ ရေခဲတုံးကပ်တာတွေ မလုပ်ရပါဘူး။ အရေပြားကိုသွေးစီးမှုကို ပိတ်ဆို့တားဆီးသလို ဖြစ်သွားစေလို့ အသားတစ်ရှုးတွေကို ပိုထိခိုက်စေတယ်။ ရေအေးအေးလေးကို ဖြည်းဖြည်းချင်းလောင်းချပါ။ မိနစ် ၂၀ လောက် လောင်းပေးနေရပါမယ်။

၂။ ရှားဇောင်းလပ်ပပ်က အရေပြားရောင်ရမ်းမှုကို လျော့ကျစေပြီး မြန်မြန်သက်သာစေပါတယ်။ အပူလောင်တဲ့နေရာကို ရှားဇောင်းလက်ပပ်အနှစ်လေး အုံထားပေးလိုက်ပါ။

၃။ ရှားဇောင်းလပ်ပပ်မရှိရင် သွားတိုက်ဆေး တို့ထားလိုက်ပါ။ ပူရှိန်းပါတဲ့ သွားတိုက်ဆေးဆို ပိုကောင်းပါတယ်။ ရေခြောက်အောင် တစ်ရှုးလေးနဲ့တို့ပြီးမှ သွားတိုက်ဆေးကိုတို့ရပါမယ်။

 

၄။ Black tea မှာ ပါဝင်တဲ့ tannic acid က အပူလောင်နာကနေ အပူတွေကို စုပ်ယူပေးလိုက်နိုင်ပါတယ်။ ဒါကြောင့် နာကျင်တာ သက်သာစေမှာပါ။ Black tra လက်ဖက်ခြောက်အိတ်လေးတွေကို အအေးခံပြီး အပူလောင်တဲ့နေရာပေါ် ကပ်ပေးနိုင်ပါတယ်။

၅။ ရှလကာရည်ကို ရေနဲ့ဆတူရောပြီးရင် ရောထားတဲ့ထဲကို တစ်ရှုးစက္ကူစလေး စိမ်လိုက်ပါ။ ပြီးရင် အဲ့ဒီစက္ကူစလေးနဲ့ အပူလောင်တဲ့နေရာကို ခပ်ဖွဖွ တို့ပေးမယ်ဆို နာတာသက်သာပြီး ယားယံတာ ရောင်ရမ်းတာ လျော့ကျစေပါလိမ့်မယ်။

၆။ ပျားရည်ရဲ့ ကောင်းကျိုးတွေထဲမှာ လည်ချောင်းနာတာ သက်သာစေတာကိုလည်း သိကြတယ်မဟုတ်ပါလား။ သူက အပူလောင်လို့ ပိုးဝင်တာကို သဘာဝနည်းနဲ့ ကာကွယ်ပေးနိုင်တယ်လေ။ ပျားရည်လိမ်းပေးလိုက်ရင် အရေပြားပေါ်မှာကပ်နေတဲ့ ဘက်တီးရီးယားတွေကို ချေမှုန်းလိုက်ရာရောက်ပါတယ်။ ပြီးတော့ အပူလောင်တဲ့နေရာကို အေးသွားစေပြီး အရေပြားကို အနာကျက်မြန်စေတယ်။

 

Source : RD

Share

Loading Next Article...
က္က