ချောင်းဆိုးတယ်ဆိုတာ ခန္ဓာကိုယ်မှ အသက်ရှူအင်္ဂါ အဖွဲ့အစည်းရဲ့ ဗဟိုချက်မလမ်းကြောင်းကို ရှင်းလင်းဖို့အတွက် ကြိုးစားချိန်မှာ တုံ့ပြန်လာတဲ့ တုံ့ပြန်မှုပဲ ဖြစ်ပါတယ်။

ချောင်းဆိုးတယ်ဆိုတာ ခန္ဓာကိုယ်မှ အသက်ရှူအင်္ဂါ အဖွဲ့အစည်းရဲ့ ဗဟိုချက်မလမ်းကြောင်းကို ရှင်းလင်းဖို့အတွက် ကြိုးစားချိန်မှာ တုံ့ပြန်လာတဲ့ တုံ့ပြန်မှုပဲ ဖြစ်ပါတယ်။ နောက်တစ်ခုကတော့ ချောင်းဆိုးတယ်ဆိုတာ ခန္ဓာကိုယ်မှာ တစ်ခုခုဖြစ်နေပြီ ဒါမှမဟုတ် တစ်ခုခုဖြစ်တော့မယ်ဆိုတာကို ဖော်ထုတ်ပြသခြင်းပဲ ဖြစ်ပါတယ်။ များသောအားဖြင့် တုပ်ကွေး၊ အအေးမိခြင်းနဲ့ လည်ချောင်းနာခြင်း တို့ကြောင့် ချောင်းဆိုးတတ်ပါတယ်။

 

ဒါ့အပြင် လေပြွန်ရောင်ခြင်းနဲ့ အသက်ရှူလမ်းကြောင်း ပိတ်ဆို့ခြင်းကြောင့်လည်း ချောင်းဆိုးတတ်ပါသေးတယ်။ အဲဒီအခြေအနေ ကလည်း မကုသဘဲ ဒီတိုင်းထားမယ်ဆိုရင် အဆုတ်တစ်ရှူးတွေကိုပါ ထိခိုက်စေနိုင်ပါတယ်။ ဒါကြောင့် ချောင်းဆိုးရောဂါကလည်း ပေါ့ဆလို့တော့ မရပါဘူး။

ချောင်းဆိုးပြီဆိုရင် ဆရာဝန်နဲ့ပြသပြီး ကုသမှုခံယူတာတော့ အကောင်းဆုံးပါ။ ဒါပေမယ့် ညကြီးအချိန်မတော် ချောင်းထဆိုးရင် ဒါမှမဟုတ် ဆေးခန်းသွားဖို့ အခြေအနေမပေးသေးရင် အိမ်မှာနေပြီး ချောင်းဆိုးရောဂါကို ကုသနိုင်မယ့် နည်းလမ်းလေးတွေ ရှိပါသေးတယ်။

ငှက်ပျောသီးနဲ့ ပျားရည်

WhatsApp-Image-2017-03-27-at-14.00.39-810x805.jpg 

အိမ်လုပ်ချောင်းဆိုးပျောက်ဆေးနည်းလေးက ရိုးရှင်းပါတယ်။ သဘာဝပျားရည်စစ်စစ်နဲ့ ငှက်ပျောသီး အရွယ်တော် (၂) လုံးလောက် ရှိရင် ရပါပြီ။ အရင်ဆုံး ရေ (၄၀၀) မီလီလီတာခန့်ကို ရေနွေးတည်လိုက်ပါ။ ပြီးရင် ငှက်ပျောသီးမှည့် အရွယ်တော် (၂) လုံးကို အခွံခွာ၊ ပန်းကန်လုံးကြီးတစ်လုံးထဲထည့်ပြီး ဇွန်းရှည်တစ်ချောင်းနဲ့ ဖိခြေပေးလိုက်ပါ။

နောက်ပြီးရင် ခုနက တည်ထားတဲ့ ရေနွေးကို ငှက်ပျောသီးပန်းကန်ထဲ လောင်းထည့်ပြီး မိနစ်အနည်းငယ်ကြာအောင် အအေးခံ ထားပေးလိုက်ပါ။ ပြီးရင်တော့ အော်ဂဲနစ် ပျားရည်စစ်စစ်ကို လက်ဖက်ရည်ဇွန်းနဲ့ (၂) ဇွန်းခန့်ထည့်ပြီး ရောမွှေပေးလိုက်ပါ။ ဒါဆိုရင် အိမ်လုပ်ချောင်းဆိုးပျောက်ဆေးလေးကို ရရှိပါပြီ။

See also :  

အသုံးပြုနည်း

Depositphotos_6301020_m.jpg 

ချောင်းဆိုးတာမရပ်ဘူးဆိုရင် ဒီဆေးဖျော်ရည်လေးကို တစ်နေ့ (၄) ကြိမ် သောက်သုံးနိုင်ပါတယ်။ မသောက်ခင်မှာ နည်းနည်းနွေးအောင် အပူပြန်ပေးဖို့တော့ ကျွမ်းကျင်သူတွေက အကြံပြုထားပါတယ်နော်။ ဒီဆေးနည်းလေးက ချောင်းဆိုးခြင်းကို သက်သာပျောက်ကင်းအောင် ကူညီပေးနိုင်ပါလိမ့့်မယ်။ ဒါ့အပြင် ငှက်ပျောသီးမှာ ခန္ဓာကိုယ်ထဲက serotonin ပမာဏကို မြင့်တက်စေနိုင်တဲ့ စွမ်းရည်ရှိတာကြောင့် ပိုမိုကောင်းမွန်စွာ အိပ်ပျော်စားဝင်စေနိုင်ပါသေးတယ်။

Source: Dailynews-24

 

Share

Loading Next Article...
က္က