အဆစ်အမြစ်ရောင်ရမ်းခြင်းကို သေသေချာချာကုသပေးဖို့ လိုအပ်ပါတယ်။

အဆစ်အမြစ်ရောင်ရမ်းခြင်းက ခန္ဓာကိုယ်နေရာတိုင်းမှာဖြစ်ပွားနိုင်ပါတယ်။ ဘာလဲလို့ဆိုတော့ ကျွန်တော်တို့ခန္ဓာကိုယ်ကို အရိုးတွေနဲ့ ဖွဲ့စည်းထားတော့ အရိုးအဆစ်တွေကြားမှာ ဆက်ထားတဲ့နေရာလေးတွေ အများကြီးရှိနေလို့ပါပဲ။ ဒါပေမယ့် အဖြစ်အများဆုံး နေရာတွေကတော့ ဒူးနဲ့ပုခုံးပဲ ဖြစ်ပါတယ်။

 

အဲဒီနာကျင်မှုဝေဒနာက ကိုင်တွယ်ဖြေရှင်းရခက်ပါတယ်။ အဆစ်အမြစ်ရောင်ရမ်းခြင်းကို သေသေချာချာကုသပေးဖို့ လိုအပ်ပါတယ်။ အောက်မှာဖော်ပြထားတာကတော့ အဆစ်အမြစ်ရောင်ရမ်းခြင်းဝေဒနာကို သက်သာစေတဲ့ ဆေးမြီးတိုလေးတွေပဲ ဖြစ်ပါတယ်။

၁။ နနွင်းမှုန့်

AN14-Tumeric_Power-Root-1296x728-header.jpg 

နနွင်းမှုန့်မှာပါဝင်တဲ့ "curcumin" လို့ခေါ်တဲ့ ပါဝင်ပစ္စည်းက အဆစ်အမြစ်ရောင်ရမ်းခြင်းကို ဖြစ်စေတဲ့ ကိုယ်တွင်းအဆိပ်အတောက် တွေကို ဖယ်ရှားပေးနိုင်ပါတယ်။ ဒါကြောင့် နနွင်းမှုန့်ကို သောက်သုံးပေးခြင်းက ဒူးနာခြင်း၊ ခါးနာခြင်း၊ လက်ဆစ်ခြေဆစ်တွေ ကိုက်ခဲခြင်း အစရှိတဲ့ ဝေဒနာတွေကို သက်သာပျောက်ကင်းစေပါတယ်။

နနွင်းမှုန့်နဲ့ အဆစ်အမြစ်ရောင်ရောဂါ ကုသနည်းကလည်း လွယ်လွယ်လေးပါ။ နနွင်းမှုန့်နဲ့ပျားရည်ကို နွားနို့နဲ့ရောပြီး သောက်ချလိုက်ရုံပါပဲ။ သောက်ပြီးသွားရင် နာကျင်မှုဝေဒနာတွေ သက်သာလျော့ပါးသွားတာကို တွေ့ရှိရမှာပါ။

၂။ ကြက်သွန်နီ

onions-600x600.jpg 

တချို့လူတွေက ထမင်းစားရင် ကြက်သွန်နီတစ်လုံးကိုလှီးပြီး အစိမ်းစားတတ်ကြပါတယ်။ ဒါဟာကျန်းမာရေးအတွက် အလေ့အကျင့် ကောင်းတစ်မျိုးပါပဲ။ ကြက်သွန်နီထဲမှာ ကိုယ်ခံအားစနစ်ကို ပိုမိုကောင်းမွန်စေတဲ့ ဂုဏ်သတ္တိနဲ့ အာဟာရဓာတ်တွေ ပါဝင်ပါတဲ့အတွက် အဆိပ်အမြစ်ရောင်ရမ်းခြင်းကို ဖြစ်စေတဲ့ သွေးဖြူဥတွေ ဖောက်လွှဲဖောက်ပြန်မဖြစ်အောင် တားဆီးပေးနိုင်ပါတယ်။ ဒူးနာ၊ ခါးနာတတ်တဲ့သူတွေ ကြက်သွန်နီကို ပျားရည်လေးနဲ့အုံပြီး ပုံမှန်စားပေးသင့်ပါတယ်။

ဆွဲဆောင်မှုအားကောင်းတဲ့ လူတစ်ယောက်ဖြစ်လိုတယ်ဆိုရင် 

၃။ ဂျင်းတက်

ginger.jpg 

ဂျင်းတက်မှာ ဒဏ်ရာကုသနိုင်တဲ့ အစွမ်းသတ္တိတွေ ပါဝင်တဲ့အတွက် နာကျင်မှုဝေဒနာတွေကိုသက်သာစေတဲ့ သဘာဝ ဆေးမြီးတိုတစ်မျိုးပါပဲ။ နာကျင်မှုဝေဒနာတွေထဲမှာ အဆစ်အမြစ်ရောင်ရမ်းခြင်းလည်း ပါဝင်တဲ့အတွက် ဂျင်းဟာ အသုံးဝင်နေပါတယ်။

မနက်တိုင်း မနက်တိုင်း ဂျင်း လက်တစ်ဆစ်စာလောက်ကို ဖြတ်တောက်ပြီး ရေနွေးတစ်ခွက်ထဲ ထည့်လိုက်ပါ။ ပြီးရင် အဖုံးအုပ်ပြီး (၁၀) မိနစ်လောက်ထားလိုက်ပါ။ ပြီးရင်တော့ သောက်ချလိုက်ပါ။ ထူးခြားမှုကိုတွေ့ရှိရပါလိမ့်မယ်။ ဒါမှမဟုတ် ဂျင်းတက်ကို ထန်းလျက်နဲ့ရောပြုတ်ပြီး ဂျင်းပြုတ်ရည်အဖြစ် သောက်လို့လည်းရပါတယ်။

၄။ ပန်းသီးရှာလကာရည်

apples-and-vinegar.jpg 

ပန်းသီးရှာလကာရည် (apple cider vinegar) ကတော့ အဆစ်အမြစ်ရောင်ရမ်းခြင်း ဝေဒနာရှိသူတွေအတွက်တော့ အသင့်တော်ဆုံး ဆေးမြီးတိုတစ်မျိုးပါပဲ။ အထူးသဖြင့် ဒူးနာသက်သာစေဖို့အတွက် ပန်းသီးရှာလကာရည်ကိုအသုံးပြုလို့ရပါတယ်။ အရင်ဆုံး ရေနွေးတစ်ခွက်ယူလိုက်ပြီး ပန်းသီးရှာလကာရည် (၂) ဇွန်းလောက်ထည့်လိုက်ပါ။ ပြီးရင် ပျားရည်နည်းနည်းပါရောလိုက်ပါ။ ပြီးရင်တော့သောက်ချလိုက်ပါ။ ဒါဟာသင့်ရဲ့ကျန်းမာရေးကိုပါ ကောင်းမွန်စေလို့ နေ့စဉ်ပုံမှန်သောက်ပေးသင့်ပါတယ်။

Source: Youngisthan

 

Share

Loading Next Article...
က္က