Health: စိတ်ကျရောဂါနဲ့ ဆက်စပ်နေတဲ့ အချက်များ

အတွေးတွေနယ်ကျွံလာတဲ့အခါ တကယ်မရှိတဲ့ပြဿနာတွေကိုတောင် စိတ်ကပုံဖော်ဖန်တီးလာရင်း စိတ်ကျရောဂါ ရလာပါတော့တယ်။

စိတ်ကျရောဂါ (depression) ဟာ အသက်အရွယ်မရွေး၊ ကျားမ မရွေး ကြုံရနိုင်ပါတယ်။ စိတ်ဓာတ်အလွန်အမင်း ကျဆင်းလာပြီးနောက်မှာ အလုပ်လည်းကောင်းကောင်းမလုပ်နိုင်တော့သလို ကျန်းမာရေးလည်း ယိုယွင်းလာပါတယ်။ မိမိကိုယ်ကို အဆုံးစီရင်တာတွေအထိ ဖြစ်သွားတတ်လို့ စိတ်ကျရောဂါမဖြစ်အောင် သတိထားပြီးနေဖို့ အရေးကြီးပါတယ်။

play

 

၁။ မကောင်းတဲ့အတွေးတွေကို မတွေးမိအောင် မထိန်းချုပ်နိုင်ဘူးဆိုရင် စိတ်ကျရောဂါဖြစ်လာနိုင်ပါတယ်။ ဒါဟာ စိတ်ကျရောဂါဖြစ်ဖို့ အစပါပဲ။

၂။ မကောင်းမြင်စိတ်ရှိတဲ့ သူငယ်ချင်းတွေ ရှိနေခြင်းကလည်း စိတ်ကျရောဂါနဲ့ ဆက်စပ်နေပါတယ်။ ကိုယ့်ကိုယ်ကိုယ်တန်ဖိုးထားစိတ်လည်း နည်းလာစေတယ်။ အိပ်မပျော်ခြင်းနဲ့ ပူပန်သောကတွေလည်း ကြုံရနိုင်တယ်။ အကောင်းမြင်စိတ်ရှိတဲ့ သူငယ်ချင်းတွေနဲ့ပေါင်းရင် ကိုယ်ပါ ကျန်းမာရေးကောင်းနေစေတယ်။

 

၃။ အရွယ်ရောက်ပြီးသူတစ်ဦးအနေနဲ့ လိင်ဆက်ဆံမှုကို ပြုလုပ်သင့်သလောက် မပြုလုပ်ဘူးဆိုရင်လည်း ပူပန်သောက၊ စိတ်ကျရောဂါနဲ့ သူများအပေါ် ယုံမှားသံသယလွန်ကဲမှုတွေ ဖြစ်လာစေပါတယ်။

play

 

၎။ ခရီးသွားခြင်းဟာ ဦးနှောက်ရဲ့လုပ်ဆောင်မှုတွေကို ပိုမိုကောင်းမွန်လာစေပြီး စိတ်ကျရောဂါဖြစ်နိုင်ခြေကို လျော့ကျစေပါတယ်။

၅။ ရယ်မောခြင်းဟာ စိတ်ဖိစီးစေတဲ့ ဟော်မုန်းတွေကို နည်းစေပြီး ကျန်းမာရေးအတွက်ကောင်းတဲ့ဟော်မုန်းတွေကို ထွက်ရှိစေခြင်းဖြင့် ကိုယ်ခံစွမ်းအားစနစ်ကို ကြံ့ခိုင်စေပါတယ်။

play

 

၆။ အတွေးလွန်ခြင်းကလည်း စိတ်ကျရောဂါကို ဖြစ်စေနိုင်ပါတယ်။ အတွေးတွေနယ်ကျွံလာတဲ့အခါ တကယ်မရှိတဲ့ပြဿနာတွေကိုတောင် စိတ်ကပုံဖော်ဖန်တီးလာရင်း စိတ်ကျရောဂါ ရလာပါတော့တယ်။

Postby
ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ