သကြားလုံးတွေ၊ ချောကလက်တွေကို ပဲကြီးလှော်လို တဂျွမ်းဂျွမ်းဝါးတတ်သူတွေအတွက်တော့ စိတ်မကောင်းစရာ သတင်းတစ်ခုပါပဲ။ အဲဒါကတော့ အချိုဓာတ်ကို အလွန်အကျွံ စားသုံးခြင်းဟာ ဘောင်းဘီခါးဆိုဒ်ကို ဂဏန်းပိုကြီးလာစေရုံသာမက ဦးနှောက်ကျူမာဆဲလ်နဲ့ ကင်ဆာဆဲလ်တွေကို ပိုမိုပွားများစေနိုင်ပါတယ်တဲ့။ ဒါကို ရှာဖွေတွေ့ရှိခဲ့တာကတော့ ဘယ်လ်ဂျီယမ် သုတေသီတွေပဲ ဖြစ်ပါတယ်။

play

 

ဘယ်လ်ဂျီယမ်သုတေသီတွေဟာ ကင်ဆာလ်ဆဲလ်တွေနဲ့ ပတ်သက်တဲ့ ဆေးဘက်ဆိုင်ရာသုတေသနကို (၉) နှစ်ကြာ ပြုလုပ်ခဲ့ပြီး ဓာတ်ခွဲခန်းထဲမှာ တစေးဆဲလ်တွေကို လေ့လာခဲ့ကြပါတယ်။ ဓာတ်ခွဲခန်းထဲမှာ သူတို့ဟာ တစေးဆဲလ်တွေရဲ့ အချဉ်ဖောက်ခြင်း လုပ်ငန်းစဉ်ကို လေ့လာခဲ့ရာက ဆဲလ်ကွဲပွားပုံတွေနဲ့ ပျံ့ပွားပုံတွေကို တွေ့ရှိခဲ့ကြပါတယ်။

 

ကင်ဆာဆဲလ်မဟုတ်တဲ့ ဆဲလ်တွေကတော့ ဂလူးကို့စ်ကို ခန္ဓာကိုယ်စွမ်းအင်အဖြစ် ပြောင်းလဲဖို့အတွက် အောက်ဆီဂျင်ကို အသုံးချကြပါတယ်။ ကင်ဆာဆဲလ်တွေကတော့ အချဉ်ဖောက်ထားတဲ့ သကြားကနေ စွမ်းအင်ကို ရရှိတဲ့အတွက် (အဲဒီဖြစ်စဉ်ကို ဆေးပညာအခေါ် warburg effect လို့ခေါ်ပါတယ်။)

play

 

အချိုဓာတ်ဟာ ကင်ဆာသမားတွေအတွက်တော့ အန္တရာယ်များတာ ထင်ရှားပါတယ်။ ဘယ်လ်ဂျီယမ် သုတေသနအရတော့ သကြားတွေဟာ ရှိပြီးသား ကင်ဆာဆဲလ်တွေကို နိုးထစေနိုင်ပြီး ပိုမိုတိုးပွားလာအောင်လည်း လှုံ့ဆော်ပေးနိုင်တယ်လို့ ဆိုပါတယ်။

တစ်နည်းအားဖြင့် ကင်ဆာဆဲလ်တွေရဲ့ အချိုဓာတ်ကို အလွန်အကျွံ ဝါးမျိုမှုဟာ ကင်ဆာဆဲလ်တွေ ဆက်တိုက်ပွားများမှုကို ဖြစ်စေပြီး နောက်ဆုံးမှာ အသက်အန္တရာယ်ထိခိုက်မှုကို ပိုမိုလျင်မြန်စွာ ဖြစ်စေနိုင်ပါတယ်" လို့ သုတေသနအဖွဲ့ခေါင်းဆောင် ပရော်ဖက်ဆာ Johan Thevelein က သတင်းစာရှင်းလင်းပွဲတစ်ခုမှာ ပြောကြားခဲ့ပါတယ်။

play

 

တခြားလေ့လာမှုတွေကတော့ ကင်ဆာဆဲလ်တွေနဲ့ အချိုဓာတ်ကြားက ဆက်နွယ်မှုတွေကို လေ့လာပြီး ကုထုံးတွေ ရှာဖွေဖို့ ကြိုးစားခဲ့ကြပါတယ်။ ကင်ဆာဆဲလ်တွေ ဘာလို့ ဒီလိုပြုမူရတာလဲ ဆိုတာကို မသိနိုင်သေးပေမယ့် လက်ရှိရလဒ်တွေအရတော့ ကင်ဆာဝေဒနာရှင်တွေ လိုက်နာသင့်တဲ့ အစားအသောက်ဆိုင်ရာ စည်းမျဉ်းတွေကို ဖော်ထုတ်လာနိုင်မှာပါ။ ဘာပဲပြောပြော ဒါဟာ လက်ရှိအချိန်မှာတော့ အကောင်းဆုံးရလဒ်တစ်ခုပါပဲ။

Source: Reader's Digest

Postby

 

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video