Health: သွားအပေါ်ယံ ကြွေလွှာကို ပျက်ဆီးစေနိုင်တဲ့ အရာ (၄) မျိုး

ကာဘိုဟိုက်ဒရိတ် ပါဝင်မှုများတဲ့အစားအစာတွေကို စားမိပြီဆိုရင် သူတို့ဟာ ပါးစပ်ထဲမှာရှိတဲ့ ဘက်တီးရီးယားပိုးတွေနဲ့ ပေါင်းမိပြီး အက်ဆစ်တစ်မျိုး ဖြစ်လာစေပါတယ်။

သွားကျန်းမာရေး ဂရုစိုက်တယ်ဆိုတာ သွားပုံမှန်တိုက်ပေးရုံ၊ ခံတွင်းသန့်ရှင်းရေး ပုံမှန်လုပ်ပေးရုံနဲ့ မလုံလောက်ပါဘူး။ ကျွန်တော်တို့ နေ့စဉ်စားသုံးနေတဲ့ အစားအစာတွေထဲမှာ သွားကျန်းမာရေးအပေါ် အကျိုးသက်ရောက်မှု ရှိနိုင်တဲ့ ဓာတ်ပစ္စည်းတွေ ပါဝင်နေနိုင်ပါတယ်။

play

 

ဥပမာ... ကာဘိုဟိုက်ဒရိတ် ပါဝင်မှုများတဲ့အစားအစာတွေကို စားမိပြီဆိုရင် သူတို့ဟာ ပါးစပ်ထဲမှာရှိတဲ့ ဘက်တီးရီးယားပိုးတွေနဲ့ ပေါင်းမိပြီး အက်ဆစ်တစ်မျိုး ဖြစ်လာစေပါတယ်။ အဲဒီအက်ဆစ်ရယ်၊ ဘက်တီးရီးယားပိုးတွေရယ်၊ တံထွေးရယ်ပေါင်းပြီး သွားနံရံမှာ ဂျိုး (ချိုး) တွေတက်ရာကနေ သွားပိုးပေါက်တို့၊ သွားရေစီးကမ်းပြိုလိုက်ခြင်းတို့ ဖြစ်လာစေနိုင်ပါတယ်။ ဒါကြောင့် သွားကျန်းမာရေး ထိန်းသိမ်းဖို့အတွက် ရှောင်ကြဉ်သင့်တဲ့ အစားအစာတွေကို ဖော်ပြပေးလိုက်ပါတယ်။

၁။ အရက်

play
 

အရက်ဟာ အပူများတဲ့ သောက်စရာတစ်မျိုးဖြစ်တဲ့အတွက် အရက်သောက်သုံးမယ်ဆိုရင် ခံတွင်းထဲက ထုတ်လုပ်ပေးနိုင်တဲ့ တံထွေးပမာဏကို လျော့နည်းလာစေနိုင်ပါတယ်။ အဲဒီကမှတဆင့် ခံတွင်းခြောက်ခြင်း၊ သွားဖုံးပျက်ဆီးခြင်းတို့ ဖြစ်လာစေနိုင်ပါတယ်။ သုတေသနတွေအရဆိုရင် အရက်အလွန်အကျွံ သောက်သုံးခြင်းက ခံတွင်းကင်ဆာဖြစ်ပွားနိုင်ခြေကလည်း မြှင့်တင်ပေးပါတယ်တဲ့။

၂။ ရေခဲရေ

play
 

အလုပ်ကပြန်လာပြီး ပင်ပန်းနေချိန်မှာ ရေခဲသေတ္တာထဲက ရေခဲရေ အေးအေးလေးတစ်ခွက်ကို သောက်လိုက်ခြင်းက မောပန်းနွမ်းနယ်မှုတွေကို ပိုမိုလျင်မြန်စွာ ပြေပျောက်စေနိုင်ပါလိမ့်မယ်။ ဒါမှမဟုတ် သူငယ်ချင်းတွေနဲ့ အအေးဆိုင်ထိုင်တဲ့အခါ ရေခဲမှုန်လေးတွေပါတဲ့ အအေးမျိုးကိုမှ သောက်ရတာ နှစ်သက်တာ ဖြစ်ချင်ဖြစ်နိုင်ပါလိမ့်မယ်။

 

ဒါပေမယ့် ဒီဆောင်းပါးဖတ်ပြီးရင်တော့ မသောက်ခင် နှစ်ခါပြန်တွေးကြည့်ကြပါဦး။ အသန့်စင်ဆုံးရေနဲ့ ပြုလုပ်ထားပါတယ် ဆိုတဲ့ရေခဲမျိုးကတောင် ကျွန်တော်တို့ရဲ့သွား အပေါ်ယံကြွေလွှာတွေကို ထိခိုက်စေနိုင်ပါတယ်။ နောက်တစ်ခုက အအေးဆိုင်တွေမှာ ရေသန့် ရေခဲကို သုံး/မသုံးဆိုတာ ကျွန်တော်တို့တွေ အလွယ်တကူ သိနိုင်တဲ့ကိစ္စ မဟုတ်ပါဘူး။ ဒါကြောင့် သွားကျန်းမာရေး မကောင်းရင် ရေခဲများများပါတဲ့ သောက်စရာတွေကို တတ်နိုင်သမျှ ရှောင်ရှားသင့်ပါတယ်။

၃။ အချိုများတဲ့ အစားအစာတွေ

play
 

ချိုချဉ်တွေ၊ သကြားလုံးတွေ၊ သစ်သီးခြောက်တွေ၊ ယိုစုံတွေလို အချိုများတဲ့ အစားအစာတွေက သွားကြားနဲ့ သွားနောက်ပိုင်းတွေမှာ တွယ်ကပ်နေနိုင်ပြီး အချိုဓာတ်တွေကို သွားနဲ့ခံတွင်း ဧရိယာတဝိုက်မှာ အချိန်ပိုမို ကြာမြင့်စွာ ထိတွေ့နေအောင် ပြုလုပ်နိုင်ပါတယ်။ ဒါကြောင့် အချိုများတဲ့ အစားအစာတွေကို တတ်နိုင်သမျှ ရှောင်ရှားသင့်ပြီး စားမယ်ဆိုရင်လည်း စားပြီးတာနဲ့ ပါးစပ်ကို သေသေချာချာ ပလုတ်ကျင်းပေးသင့်ပါတယ်။

၎။ ဆိုဒါအချိုရည်တွေ

play
 

ဆိုဒါအချိုရည်တွေဟာ ကာဘွန်နဲ့ ဖိအားပေးထားတဲ့ ဂတ်စ်များတဲ့ သောက်စရာမျိုးတွေပါ။ ဆိုဒါဖျော်ရည်တွေက ကျွန်တော်တို့ရဲ့ သွားပေါ်မှာ အက်ဆစ်တွေ၊ သကြားတွေ ကပ်ညိနေစေနိုင်ပြီး သွားအပေါ်ယံ ကြွေလွှာတွေကို ဒဏ်ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် ကိုကာကိုလာတို့၊ ပက်ဆီတို့လို ကာဘိုဟိုက်ဒရိတ် ပါဝင်မှုများတဲ့ သောက်စရာတွေကို တတ်နိုင်သမျှရှောင်ရှားသင့်ပါတယ်။

Source: DIY

Postby

 

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ